What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ခုခေတ်စားနေတဲ့ Bra ဒီဇိုင်းအလှလေးတွေကို အထာကျအောင် ဘယ်လိုတွေဆင်မြန်းနိုင်သလဲ"

အတွင်းခံတွေဆို ခရေစီဖြစ်တာ၊ ခေတ်စားနေတာလေးတွေ အမြဲ update၀ယ်ဖြစ်တဲ့သူတွေ ရှိပါသလား။

ဒီလိုမေးရတာက ပျိုမေတွေဟာ သူတို့ခရေစီဖြစ်တဲ့ ၀ယ်စုရတာ သဘောကျတဲ့အရာလေးတွေ ကိုယ်စီရှိတတ်ကြလို့ပါ။ တစ်ချို့က ရေမွှေး၊ တစ်ချို့ကျတော့လည်း ဖိနပ်၊ တစ်ချို့ကျတော့ အတွင်းခံတွေ၊ တစ်ချိုကျတော့ ဂါဝန်လေးတွေ စသဖြင့် အမျိုးမျိုးရှိကြတယ်လေ။ ဒီနေ့တော့ အတွင်းခံလေးတွေဆို ချစ်စရာကောင်းရင်လည်း ၀ယ်၊ ခေတ်စားရင်လည်း ၀ယ်၊ အသစ်တစ်ခုခုထွက်တာနဲ့ ၀ယ်တတ်တဲ့ပျိုမေတွေအတွက်ရော၊ နောက် ခုခေတ်စားနေတဲ့ bralette ဘရာဒီဇိုင်းဆန်းလေးတွေကို အပေါ်က ဘယ်လိုအကျီလေးနဲ့ ၀တ်ရမလဲမသိဘူးဆိုပြီး ခေါင်းစားနေတဲ့ပျိုမေတွေအတွက် ဒီစတိုရီလေး ရေးပေးလိုက်ရပါတယ်။

ခုဆိုအားလုံးသိတဲ့အတိုင်း ဘရာဒီဇိုင်းတွေက ကာလာစုံ၊ ဒီဇိုင်းစုံနဲ့ ဈေးကွက်ထဲဝင်လာကြပါပြီ။ ဖဲသား၊ ပိုးသားလို ပြောင်ပြောင်လေးတွေရွေးမလား၊ ဆက်စီကျကျလေး ဇာလေးတွေပဲ ရွေးမလား၊ ကာလာကို အဆန်းလေး ၀တ်မလား စသဖြင့်ပေါ့လေ။ ဒီတော့ ချစ်တို့ဝယ်ထား တဲ့ နောက်ဆုံးပေါ်ဘရာအဆန်းလေးကို ခုခေတ်စာေးနတဲ့ ဖက်ရှင်ဒီဇိုင်းတွေထဲက ဘယ်လိုဒီဇိုင်းမျိုးနဲ့ တွဲဖက်ဝတ်ဆင်ရင် အဆင်အပြေဆုံးဖြစ်မလဲကြည့်ကြရအောင်။

 ၁။ ခုနောက်ဆုံးခေတ်စားနေတဲ့ Sheer အပါးစအကျီလေးတွေနဲ့တွဲဝတ်ပါ။
ဒီနှစ်တစ်နှစ်လုံး ခေတ်စားသွားဦးမယ့် Sheer အပါးစအကျီလေးတွေနဲ့ဆို ချစ်တို့အမိုက်စားဘရာက သိသာပြီး ထင်းနေပါလိမ့်မယ်။ အရမ်းပါးတာ မ၀တ်ရဲရင်တောင် သိပ်လည်းမထူ၊ သိပ်လည်းမပါးတဲ့ အကျီမျိုးလေးရှာပါ။ ဒီလိုအကျီမျိုးက ချစ်တို့သိတဲ့အတိုင်း ဘရာအမိုက်စားနဲ့ဝတ်ဝတ်၊ ဒါမှမဟုတ် သူတို့အပေါ်ကပဲ ကြိုးတစ်ချောင်းလို slip dress ဒီဇိုင်းတွေနဲ့ ထပ်ဝတ်ဝတ် နှစ်မျိုးဝတ် လို့ရတယ်လေ။

 ၂။ လည်ပင်းဗီရှိတ်ဒီဇိုင်းတွေကလည်း bralette တွေနဲ့ အဆင်ပြေတာပါပဲ။
ချစ်တို့ဘရာအလှကို နည်းနည်းလေး ဖော်ပြီးဝတ်ချင်တယ်ဟုတ်။ ဒါဆို လည်ပင်းဗီရှိတ်ဒီဇိုင်းတွေနဲ့ တွဲဝတ်လိုက်ပါ။ ဒီနွေရာသီမှာ မော်ဒယ်တွေ၊ ဖက်ရှင်ဂုရုတွေ ဒီလိုဖက်ရှင်မျိုး ရွေးချယ် ၀တ်ဆင်ကြတာ တော်တော်လေး တွေ့ရပါတယ်။

 ၃။ ကျောပြောင်အကျီ၊ ဘလောက်စ် စတာတွေလည်း ရွေးနိုင်ပါတယ်။
ကျောဘက် ခပ်ဟိုက်ဟိုက် ဒါမှမဟုတ် ကျောပြောင် အကျီတွေ၊ ဆွယ်တာမျိုးတွေ၊ ဘလောက်စ်စတာတွေနဲ့လည်း ချစ်တို့ရဲ့ အမိုက်စားဘရာအလှကို သိသာအောင် ၀တ်ဆင်ပြနိုင်ပါသေးတယ်။

 ၄။ ရှေ့ကြယ်သီးတပ်အကျီ၊ ရှပ်အကျီတွေနဲ့လည်း ဆင်မြန်းနိုင်သေးတယ်နော်။
ဗီရှိတ်အကျီလေးတွေအကြောင်းနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ချစ်တို့ဆီမှာ ရှေ့ကြယ်သီးတပ် ရှပ်အကျီ အမိုက်စားရှိရင် ကြယ်သီးကို အပေါ်နှစ်လုံးလောက်ထိဖြုတ်ပြီး သူနဲ့အတူ bralette ကိုပွဲထုတ်လိုက်ပါ။

 ၅။ နိုင်ငံတကာကမော်ဒယ်တွေလို ဘလေဇာကိုကြယ်သီးဖြုတ်ပြီးလည်း ၀တ်နိုင်ပါတယ်။
ဒီလိုဖက်ရှင်မျိုးကတော့ ဒီမှာဝတ်ဖို့ သိပ်မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ဘလေဇာကို အောက်ကဘာအကျီမှမခံပဲ ဘရာနဲ့သာခံပြီး ၀တ်တဲ့ ဖက်ရှင်မျိုး မို့လို့ပါ။ နိုင်ငံတကာက အနုပညာရှင်တွေကတော့ ဒီဖက်ရှင်နဲ့တော်တော်လေး ပွဲတက်ခဲ့ကြပါတယ်။

ကဲ ချစ်တို့ရေ ဒင်နာ၊ ပါတီ၊ ညပွဲတွေအတွက် ချစ်တို့ဝယ်ထားတဲ့ bralette ကို ပွဲထုတ်ဖို့အိုင်ဒီယာလေးတွေတော့ ပေးလိုက်ပြီနော်။ သင်္ကြန်မတိုင်ခင်တော့ ဒီစတိုရီလေးက နောက်ဆုံးဖြစ်မယ်ထင်ပါတယ်။ သင်္ကြန်ပြီးမှ ပြန်တွေ့ကြမယ်နော်၊ ချစ်တို့အားလုံး အတာသင်္ကြန်ကို စိတ်အေးချမ်းသာပျော်ရွှင်စွာ ဖြတ်သန်းရင်း မင်္ဂလာရှိတဲ့နှစ်သစ်ကို အပြုံးတွေနဲ့ ကြိုနိုင်ကြပါစေရှင်။

Read 1550 times
Rate this item
(0 votes)