What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ပုံစံကို ပြောင်းလဲစေနိုင်မယ့် ဖက်ရှင်စတိုင် အကြံပြုချက်များ

အဝတ်အစားဆိုတာ ကိုယ်နဲ့မကွာတမ်း အမြဲရှိနေရတဲ့ အသုံးအဆောင်ဖြစ်ပါတယ်။ ဖက်ရှင်ဟာ အရှက်လုံရုံအပြင် လူရဲ့ ရုပ်ဆင်းဥပဓိကိုပါ ပြောင်းလဲစေနိုင်တဲ့အစွမ်း ရှိပါတယ်။ နောက်ထပ် အရေးကြီးတာက အဝတ်အစားကြောင့် လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးစိတ်ချယုံကြည်မှုပေးနိုင်သလို အများရဲ့ ယုံကြည်လေးစားမှုပါ ရရှိနိုင်ခြင်း ဖြစ်ပါတယ်။

အဝတ်အစားဝတ်ရာမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဝတ်ဝတ် ကိုယ်ဝတ်တဲ့ အဝတ်အစားဟာ ကိုယ့်ရဲ့တန်ဖိုးနဲ့ ရပ်တည်ချက်ကို ပံ့ပိုးပေးနိုင်စွမ်းရှိဖို့ လိုပါတယ်။ အခုတစ်ခေါက်မှာတော့ အဝတ်အစားရွေးချယ် ဝတ်ဆင်ရာမှာ အခြေခံကျပြီး အသုံးတည့်တဲ့ ဖက်ရှင်အကြံပြုချက်တချို့ မျှဝေပေးချင်ပါတယ်။

 

(၁) အပေါ်အောက် ဟန်ချက်ညီပါစေ

Men's Fashion Trends For 2019 To Wear Right Now | GENTLEMAN WITHIN | Mens  casual outfits, Mens fashion casual outfits, Mens fashion suits

 

ဖက်ရှင်ရဲ့ အခြေခံအချက်တစ်ခုက ဘာပဲဝတ်ဝတ် လိုက်ဖက်အောင်ဝတ်ဖို့ ဖြစ်ပါတယ်။ ကိုယ်ဝတ်လိုက်တဲ့ အင်္ကျီက အောက်က ဘောင်းဘီနဲ့ လိုက်ဖက်ဖို့ လိုပါတယ်။ အပေါ်နဲ့ အောက် ကာလာဟန်ချက် ညီသင့်သလို အဝတ်အစားပုံမှန်ဆိုဒ်နဲ့ Fit ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။

 

(၂) ကိုယ့်ဘော်ဒီနဲ့ လိုက်အောင် ဝတ်ပါ

Saturday gent | Mens outfits, Mens fashion, Brown suede chelsea boots

နောက်တစ်ခုက အဝတ်အစားဝတ်ရာမှာ Body Shape နဲ့ လိုက်ဖက်အောင် ဝတ်တတ်ဖို့ လိုပါတယ်။ အဝတ်အစားရွေးရာမှာ ကိုယ့် Shape နဲ့ လိုက်အောင် ဘယ်လိုဝတ်ရမလဲမသိရင် ပုံမှန် Slim Fit ဖြစ်တဲ့ Jeans ဘောင်းဘီဝတ်ပါ။ တီရှပ်ဆိုရင် ပုံမှန် Crew Neck ဒီဇိုင်းရွေးသင့်သလို ပုခုံးနဲ့ ခါးအကျတွေ မှန်သလား ကြည့်သင့်ပါတယ်။ အရပ်ပုတဲ့သူတစ်ယောက်အဖို့ အပေါ်အောက် အရောင်သိပ်မကွဲတဲ့ ကာလာမျိုးရွေးတာ ၊ တီရှပ်ဆို V-Shape လည်ပင်းပေါက်မျိုး ရွေးပြီး Fit ကျတဲ့ ဖက်ရှင်စတိုင်ကို ပုံမှန်ဝတ်ပါ။ အရောင်အနေနဲ့ အမြင်ပသာဒဖြစ်စေဖို့ တစ်ရောင်တည်း ကာလာထက် Contrast ကာလာကွဲတွေလည်း ဝတ်ပေးသင့်ပါတယ်။ အရပ်ရှည်ပြီး အသားအရည်လှတဲ့သူကတော့ အဝတ်အစားကို သိပ်စဉ်းစားစရာမလိုပါဘူး။ အရောင်ကိုပဲ သိပ်ဆန်းဆန်းပြားပြား ရှုပ်ရှုပ်ထွေးထွေးကြီး မဝတ်ဖို့ လိုပါတယ်။

 

(၃) အသေးစိတ်လေးတွေ သတိထားပါ

 

အဝတ်အစားကို အသေးစိတ်စဉ်းစားပြီးမှ ဝတ်ဖို့ဆိုတာ ယောက်ျားတစ်ယောက်အတွက် အတော်လေး ခက်ပါတယ်။ အခုပြောတဲ့ အသေးစိတ်အချက်ဆိုရာမှာ ဘယ်လို ချည်သားနဲ့ ချုပ်ထားတယ်/အိတ်ကတ် ဘယ်နှစ်ခုပါတယ်ဆိုတာထက် Business Casual Look လို Formal Suit လိုမျိုး ဝတ်ရာမှာ စည်းကမ်းကျဖို့အရေး ပိုဦးစားပေးဖို့ပါပဲ။

ပုံမှန် Casual စတိုင်တွေအတွက် ခေါင်းစားစရာ မလိုပေမယ့် ပွဲတက်ဝတ်စုံတွေ ဝတ်တော့မယ်ဆိုရင် အဝတ်အစားဒီဇိုင်းနဲ့ ကာလာအပြင် တွဲဖက်ဝတ်ရမယ့် အဝတ်အစားအသုံးအဆောင်တွေကအစ နည်းနည်းလေး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ရိုးရိုး ရုံးတက်အတွက် Polo Shirt နဲ့ Chinos လိုမျိုး အဝတ်အစားဝတ်မယ်ဆိုရင်တော့ အရမ်းကြီးစဉ်းစားစရာ လိုမှာ မဟုတ်ပါဘူး။

 

Source: kwee.co

Read 792 times
Rate this item
(0 votes)