What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခြေတံသွယ်လျလှပတယ်ထင်ရစေဖို့ ဘယ်လိုပုံစံဝတ်စားပြင်ဆင်ရမလဲ။

ခြေတံသွယ်လျလှပတယ်ထင်ရစေဖို့ ဘယ်လိုပုံစံဝတ်စားပြင်ဆင်ရမလဲ။ Google

     မိန်းကလေးတွေက သူတို့ရဲ့ ခြေတံလေးတွေသွယ်လျပြီးလှပနေတာကိုပဲ လိုချင်ကြပါတယ်။ ခြေတံလေးတွေ သွယ်စင်းနေတာက ပိုပြီးတော့စမတ်ကျကျနဲ့အဆင့်မြင့်မြင့်လှစေပါတယ်။သင့်ရဲ့ ခြေတံကရော သေးသေးသွယ်သွယ်လေးပဲလား။ဒါမှမဟုတ် ခြေတံလေးက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေလို့ စိတ်ညစ်နေတာလား။ အခုပြောပြမယ့် နည်းလမ်းလေးတွေကတော့ သင့်ရဲ့ ခြေတံကိုအရင်ကထက်ပိုပြီး သွယ်လျတယ်ထင်ရစေမှာပါ။ဘာတွေလဲကြည့်ရအောင်။

၁။စကတ်နဲ့ဂါဝန်တိုလေးတွေဝတ်ပါ

        အမြဲတမ်းဘောင်းဘီရှည်ပဲဝတ်နေတဲ့အခါ သင့်ရဲ့ ခြေတံကိုမမြင်ရလို့ သေးသွယ်မှန်း မသိသာစေပါဘူး။အဲ့ဒါကြောင့်တစ်ခါတစ်လေ စကတ်တိုလေးတွေ၊ဂါဝန်တိုလေးတွေ ၀တ်ကြည့်ပါ။စကတ်အရှည်က သင့်ရဲ့ ခြေထောက်ကိုပိုပြီးတိုစေလို့ ၀တ်မယ်ဆိုရင် ဒူးအထက်စကတ်လေးတွေဝတ်သင့်ပါတယ်။

short

 

၂။ခါးစည်းကြိုးပါတဲ့ စကတ်၊ဘောင်းဘီတွေဝတ်ပါ

        ခါးစည်းကြိုးပါတဲ့စကတ်၊ဘောင်းဘီတွေက ခါးကိုပိုပြီးသေးသွယ်စေတဲ့အတွက် သင့်ရဲ့ ခြေတံကိုလည်း ပိုပြီးသွယ်လျစေပါတယ်တဲ့။ဖက်ရှင်ကွင်းဖြစ်တဲ့ဗစ်တိုးရီးယားဘက်ခမ်း အများဆုံးဝတ်တဲ့ပုံစံကလည်း ခါးစည်းပါတဲ့စကတ်၊ဘောင်းဘီတွေပါ။ ခါးသေးသွားတဲ့အတွက်ခန္ဓာကိုယ်အောက်ပိုင်းကိုပိုပြီးရှည်တယ်ထင်ရစေပါတယ်။

skat

 

၃။အစင်းကြောင်းပါတာတွေဝတ်ပါ

        အရောင်စုံတဲ့စကတ်တွေ၊ဘောင်းဘီတွေဝတ်မယ့်အစား ခြေတံပိုပြီးသွယ်လျစေဖို့ ဒေါင်လိုက်အစင်းကြောင်းပါတဲ့စကတ်တွေ၊ဘောင်းဘီတွေဝတ်ပါ။အစင်းကြောင်းတွေက အမြင်အာရုံကိုပြောင်းလဲစေပါတယ်။

vertical

 

၎။အသားရောင်ဒေါက်ဖိနပ်၊ရှူးဖိနပ်စီးပါ

        ဒေါက်ဖိနပ်ဝယ်မယ်ဆိုရင်အသားရောင်ဒေါက်တစ်ရံ၊ရှူးဖိနပ်တစ်ရံတော့ဝယ်ထားသင့်ပါတယ်။ အသားရောင်ဖိနပ်က သင့်ရဲ့ခြေထောက်အသားအရောင်နဲ့တူညီတဲ့အတွက် ခြေတံရှည်တယ်လို့ မျက်စိကိုလှည့်စားနိုင်ပါတယ်။ခြေကျင်းတွေမ၀တ်မိပါစေနဲ့။အဲ့ဒါကသင့်ရဲ့ ခြေထောက်ကို ပိုပြီးတိုသွားစေပါတယ်။

high

 

၅။ခြေတံတွေကိုဖုံးမထားပါနဲ့

        နောက်ဆုံးတစ်ချက်ကတော့ ခြေတံပိုပြီးသွယ်လျချင်တယ်ဆိုရင် အောက်ရှူးဂျင်းဘောင်းဘီတွေ ၀တ်တာထက်  စကတ်အတို၊ဘောင်းဘီအတိုဝတ်သင့်ပါတယ်။အဲ့ဒါမှ ခြေတံပေါ်လွင်ပြီးသေးသွယ် သယောင်ထင်ရစေမှာပါ။

jean

 

Source: Trend Myanmar

Read 1990 times
Rate this item
(0 votes)
Tagged under