အနီရောင်ဟာ အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုအရှိဆုံး အရောင်တစ်ရောင် ဖြစ်ပါတယ်။
သင့်ကို ပေါ်လွင်လှပစေပြီး လူအများအကြားမှာ ထင်ပေါ်နေမှာ အမှန်ပါပဲ။ ပျိုမေတို့အနေနဲ့ အနီရောင်တစ်မျိုးတည်းကိုပဲ ဝတ်ရတာ ငြီးငွေ့ဖွယ်ကောင်းလှပါတယ်။ အနီရောင်ကို တခြားအရောင်တွေနဲ့ တွဲဖက်မယ်ဆိုရင် အမြင်ဆန်းပြီး ဖက်ရှင်ကျနေမှာပါနော်။ ဒါကြောင့် ဘယ်လို အရောင်တွေက အနီရောင်နဲ့လိုက်ဖက်မလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
၁။ပန်းရောင်
အနီရောင်ကိုမှ အရောင်ဖျော့ဖျော့ပန်းရောင်လေးနဲ့ တွဲဝတ်မယ်ဆိုရင် ချစ်စရာကောင်းပြီး သင့်ကိုလှပစေမှာပါ။
၂။ အဝါရောင်
ဒီအရောင်နှစ်ခုကို တွဲဆက်လိုက်ရင် သီးခြားကွဲထက်တယ်လို့ ထင်လိမ့်မယ်။ ဒါပင်မဲ့ ဒီနှစ်ခုကို တွဲဆက်ဖို့ ကြိုးစားပါ။ အမြင်အသစ်တွေလည်း ရစေပြီး စတိုင်ကျစေမှာပါ။
၃။ အပြာနုရောင်
အပြာရောင်က ကြည့်လိုက်ရင် အေးချမ်းစေတဲ့ အရောင်ဖြစ်တယ်။ ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့အနီရောင်နှင့်ပေါင်းစပ်လိုက်ပါ။
၎။ ခရမ်းရောင်
ခရမ်းရောင်နဲ့ အနီရောင်နှစ်ခုလုံးဟာ အရောင်လင်းပြီး ပေါ်လွင်စေတဲ့ အရောင်ပါ။ သင့်ကို တမူထူးခြားပြီး လှပစေမှာပါနော်။
၅။ ရွှေရောင်
ပွဲအမ်းအနားတွေအတွက် ရွှေရောင်နဲ့ အနီရောင်က သင့်တော်ပြီး အလိုက်ဖက်ဆုံး အရောင်ပါပဲ။ လူအများကြားထင်ပေါ်စေပါလိမ့်မယ်။
၆။ မီးခိုးရောင်
မီးခိုးရောင်ဟာ ငြိမ်တယ်။ အဲ့ဒါကြောင့် အနီရောင်နဲ့ ပေါင်းစပ်လိုက်ရင် ပိုပေါ်လွင်သွားလိမ့်မယ်။ ဒီလို အတွဲအစပ်လေးကို ဝတ်ဖို့ မမေ့ပါနဲ့။
၇။ အစိမ်းရောင်
အစိမ်းရောင်နဲ့ အနီရောင်ကို တွဲဆက်ဖို့တာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်လွန်းပါတယ်။ နှစ်ခုလုံးက အရောင်တောက်တဲ့ ဘက်ကို သွားတာကြောင့် သင်ဝတ်ဆင်ဖို့ မဝံ့မရဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမတူညီတဲ့ အရာတွေကို ပေါင်းစပ်မှသာ ဖက်ရှင်ဆိုတာဖြစ်လာမှာပါ။ ဒါကြောင့် ပေါင်းစပ်ဖို့ ကြိုးစားကြည့်ပါ။
အခုပြောပြပေးခဲ့တဲ့ အရောင်တွေက အနီရောင်နဲ့ လိုက်ဖက်မှုရှိတဲ့ အရောင်တွေပါ။ အဲ့ဒီအရောင်တွေနဲ့ တွဲဆက် ဝတ်ဆင်ကြည့်ဖို့ မမေ့နဲ့နော်။ ပျိုမေတို့ ဖက်ရှင်ကျပြီး လှပနိုင်ကြပါစေ။
Author:TDA