လက်ကိုင်အိတ် အသစ်တစ်လုံး ပိုင်ဆိုင်လိုက်ရတာက မိန်းကလေးတွေ အတွက်တော့ အရမ်းကောင်းတဲ့ခံစားချက်တစ်ခုပါပဲ။ အိတ်လှလှလေးတွေလွယ်ပြီး အပြင်သွားတာတို့၊ ပါတီပွဲ သွားတာမျိုးတွေရှိပါတယ်။
ဒါတွေနဲ့အတူ အိတ်တစ်လုံးဝယ်ရာမှာလဲ မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုပါတယ်။ အိတ်အသစ်တစ်လုံး ဝယ်တော့မယ်ဆို ဘာတွေကိုကြည့်ပြီး ရွေးချယ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ ခန္ဓာကိုယ်အချိုးအစားနဲ့ အိတ်ရဲ့ဆိုဒ်
ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ကိုယ်တိုင်အသိဆုံးမို့လား။ ပြည့်ပြည့်ဝ၀ အကိတ်လေးဆိုရင်တော့ အိတ်ကြီးကြီးသာ လွယ်လိုက်ပါ။ အရပ်ရှည်တဲ့မိန်းကလေးတွေဆိုရင်လည်း အိတ်ကြီးကြီးနဲ့လိုက်ပါတယ်။ ခန္ဓာကိုယ်က ကြီးရင် အိတ်သေးသေးနဲ့ မလိုက်သလို၊ အရပ်ပုရင်လည်း အိတ်ကြီးကြီးလွယ်လို့ မလှဘူးနော်။
၂။ လက်တွေ့
အိတ်ကို လွယ်ကြည့်၊ လက်မှာချိတ်ကြည့်ပါ။ စိတ်ထဲမှာ ဘယ်လိုနေလဲ? လိုက်တယ်၊ ကြိုက်တယ်လို့ ခံစားရတယ်ဆို မှန်ထဲမှာပါ ထပ်ကြည့်ပါဦး။ တကယ်ကို လိုက်တယ်လို့ ခံစားရမှ ရွေးချယ်ပါ။
၃။ ဘာအတွက်လဲ?
ပွဲသွားပွဲလာအတွက် ဝယ်မှာလား၊ နေ့တိုင်း အသုံးပြုဖို့အတွက် ဝယ်မှာလား? ဒါကတော့ ကိုယ်တိုင်အသိဆုံးဖြစ်မှာနော်။ ပွဲသွားပွဲလာအတွက်ဆိုရင် တောက်တောက်ပပနဲ့ လူကြားထဲပေါ်လွင်မယ့်အရောင်ဖြစ်ရမယ်။ ပြီးတော့ ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့အရောင် ဖြစ်ဖို့လိုတယ်။ ရုံးတက်ဖို့ နေ့တိုင်းအသုံးပြုမယ့်အိတ် ဆိုရင်တော့ အကြမ်းခံပြီး အပေအတေခံမယ့် အညို၊ အနက်၊ မီးခိုးရင့် စတာတွေကို ရွေးသင့်ပါတယ်။ အိတ်အသားကလည်း နုလွန်းရင် နေ့တိုင်းကိုင်တဲ့အခါ လွယ်လွယ်ပျက်စီးသွားရော။
၎။ မတူတာလေးကိုရွေး
ကိုယ့်မှာ ရှိပြီးသားအိတ်တွေနဲ့ ပုံစံကွဲထွက်နေတာလေးကို စဉ်းစားသင့်တယ်။ ကိုယ်က ဒီလိုဒီဇိုင်းမျိုးပဲ ကြိုက်တာမို့လို့ ဒါကိုပဲ ဝယ်နေမိတယ်။ အနီရောင်ကြိုက်လို့ အနီရောင်အိတ်တွေပဲ ဝယ်ဖြစ်နေတယ်ဆိုရင်တော့ ရိုးတာပေါ့။ မတူညီတဲ့ဒီဇိုင်း၊ အရောင်၊ အိတ်အသားတွေကမှ ဖက်ရှင်ကျကျ ပြောင်းလဲလို့ရမယ်ဆိုတာ မမေ့ပါနဲ့။
၅။ စစ်ဆေးဦး
အိတ်ရဲ့ ချုပ်ရိုးချုပ်သားတွေ မိရဲ့လား၊ သပ်ရပ်ရဲ့လား စတဲ့ အိတ်ရဲ့ကွာလတီကို အတွင်းရောအပြင်ပါ နှံ့နှံ့စပ်စပ် စစ်ဆေးပြီးမှ ငွေချေပါလို့ အကြံပေးပါရစေ။ ဝယ်ပြီးသွားမှ ပြန်လဲဖို့ဆိုတာ ခက်ခဲပါတယ်။
Source:mingalarbar