What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်သမားများအား ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ သွေးဖောက် စစ်ခဲ့တဲ့ စက်ရုံတာဝန်ရှိသူကို ကျန်းမာရေးဌာနမှ ခံဝန်ထိုး အရေးယူမှုဆောင်ရွက်ထား

စိုက်ဖုံအင်တာနေရှင်နယ်(လ်)ဂါးမင့်(န်)(မြန်မာ)အထည်ချုပ်စက်ရုံ စာရေးမများမှ သွေးဖောက်၍ ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းနှင့် ပတ်သက်၍ ခံဝန်ထိုးအရေးယူမှုများဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်။

 

လှိုင်သာယာမြို့နယ်ရှိ ရွှေသံလွင်စက်မှုဇုန် ၊ မေခလမ်းရှိ အလုပ်သမားတစ်ထောင်ကျော်ရှိသော စိုက်ဖုံအင်တာနေရှင်နယ်(လ်)ဂါးမင့်(န်)(မြန်မာ)အထည်ချုပ်စက်ရုံတွင် အလုပ်သမားများအား အလုပ်စ ပြန်ဖွင့်တဲ့ရက်တွင် အလုပ်လာဆင်းတဲ့ အလုပ်သမားတွေကို သွေးဖောက်ကာ ကိုဗစ်ရောဂါပိုး စစ်နေခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်မှ ခံဝန်ရေးထိုး အရေးယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားပါတယ်။

 

"သူတို့စစ်တဲ့ စနစ်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ တရားဝင်စစ်နေတဲ့ စနစ်ထဲမှာတော့ မပါသေးဘူး၊ မပါသေးတဲ့ အတွက် ထွက်လာတဲ့ ရလဒ်ကို သူ့တို့ဘာသာ ထုတ်ပြန်တာကိုး၊ ကျန်းမာရေးဌာနက အသိအမှတ်မပြုသေးဘူးပေါ့ သို့သော်လည်း လျစ်လျူရှု့တာတော့ မဟုတ်ဘူးပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သိသိချင်း ကျွန်တော်တို့ သွားတားတယ်၊ ခွင့်ပြုချက်မရှိဘဲနဲ့ ဒီဥစ္စာကို မလုပ်ပါနဲ့ ဆိုပြီးတော့ တားတယ်။ ပြီးတော့ လှိုင်သာယာဆေးရုံကြီးကို ခေါ် တယ် ၊ ကျန်းမာရေးက ဒေါက်တာတွေကလည်း ရှင်းပြတယ်၊ နောက်ဒါမျိုးမလုပ်ပါနဲ့ ဆိုပြီး ခံဝန်ကတိ ထိုးခိုင်းလိုက်တယ်၊ အဲ့ဒီ ဥစ္စာက တရားဝင်တဲ့ စစ်ဆေးချက်မဟုတ်တော့ အသိအမှတ်ပြုလို့တော့မရသေးဘူး။ သို့သော်လည်း ဒါကို လျစ်လျူရှု့တယ်တော့မဟုတ်ဘူးပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာတော့ ကျန်းမာရေး ဌာနရဲ့ အစီအစဉ်ဘဲဖြစ်ပါတယ်" လို့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

 

အဆိုပါစက်ရုံတွင် တစ်ခါသုံးစက်များဖြင့် ကိုဗစ်ရောဂါပိုး စစ်ပြီးနောက် နှစ်ကြောင်းပေါ်၍ ပိုးတွေ့ရှိသည်ဟုဆိုသော အလုပ်သမားအချို့အားလည်းအိမ်ပြန်လွှတ်ခြင်းများလည်း ပြုလုပ်ခဲ့ပြီး သွေးဖောက်သည့်အခါတွင် လည်း စာရေးမများမှ လက်အိတ်များကို လဲလှယ်ခြင်းခြင်းမပြုဘဲ သွေးစွန်းနေသည့်လက်အိတ်များဖြင့်သာ တစ်ယောက်ပြီးတစ်ယောက်သွေးဖောက်ခြင်းများလည်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။

 

"ဒါကတော့ စစ်တယ်ဆိုတာ ကောင်းတဲ့ အလုပ်ပေါ့ဗျာ၊ စက်ရုံအနေနဲ့ ကျတော့ သူ့စက်ရုံဝန်းအတွက်ဘဲ စဉ်းစားတာပေါ့၊ ကျွန်တော်တို့ကျတော့ ကိုယ့်ပြည်သူလူထု ရပ်ရွာအတွင်းမှာ အထိတ်တလန့်မဖြစ်ဖို့ လိုတယ်လေ၊ နောက်တစ်ခုကရောဂါတကယ်လို့ ရှိခဲ့တယ်ဆိုရင်လည်း မပျံ့နှံ့ဖို့ အတွက် ကုသရေး စင်တာတွေကို ပို့ဖို့လိုတယ်လေ၊ ရောဂါပိုးရှိမရှိ အဖြေထွက်လာပြီဆိုရင်လည်း ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို စီစဉ်ထားခြင်းမရှိဘဲ၊ စစ်လိုက်တဲ့ အတွက် ဒီလိုမျိုးပြဿနာတွေဖြစ်တာပေါ့၊ ဒါတွေက တော့ ကျန်းမာရေးဌာနတွေ အုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ကြိုတင်ပြီးတော့ ကြိုတင်ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် သားရွှေအိုးထမ်းတဲ့ ကိန်းဖြစ်မှာပေါ့" လို့ ဦးနေမင်းထွန်းက ပြောပါတယ်။

 

#MyanmarLabourNews

Read 690 times
Rate this item
(0 votes)