What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စလင်းမြို့နယ်အတွင်းရှိ ကြာချည်လုပ်ငန်းရှင်များ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရန် နည်းပညာများ လိုအပ်နေ

စလင်းမြို့နယ်အတွင်းရှိ ကြာချည်လုပ်ငန်းရှင်များ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရန် နည်းပညာများ လိုအပ်နေ Google

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကြာချည်လုပ်ငန်းရှင်များ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရန် နည်းပညာများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

          စလင်းမြို့နယ်အတွင်းရှိ ကန်တော်မင်္ဂလာအတွင်း၌ ကြာရိုးမှကြာချည်ထုတ်လုပ်ရရှိသည့် ပဒုမ္မာကြာတောကြီးများနေရာအနှံ့ရှိသည့်အပြင် ကြာမျိုးစုံနှင့် ဗေဒါပင်များလည်း ရှိသည်။ ယခင်က ပဒုမ္မာကြာရိုးမှ ကြာချည်ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ရာတွင် ကြာချည်များမှာ အရည်အသွေးမပြည့်မီသည့်အတွက် ကြာချည်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့သော်လည်း ယခုအခါ တောင်ကြီး၊ အင်းလေးဒေသမှ ကြာချည်ထုတ်လုပ်သည့် နည်းပညာများရရှိလာပြီး ကြာချည်များထုတ်လုပ်ရာ အရည်အသွေးမီသည့် ကြာချည်များ ရရှိသဖြင့် ဈေးကောင်းရရှိသည်။

          ကြာချည်ထုတ်လုပ်သည့်လုပ်ငန်းကို ဒေသခံကျေးရွာခုနှစ်ရွာတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကြာချည်လုပ်သားများနှင့် ကြာချည်လုပ်ငန်းရှင်များ တွက်ခြေကိုက်လျက်ရှိကြောင်း၊ ထွက်ရှိသည့် ကြာချည်ကုန်ကြမ်းကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Source: Myawady News

Read 1183 times
Rate this item
(0 votes)
Tagged under