What's new



ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍ ပြည်ပတင်ပို့မှု ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၄၇.၃၈ ဘီလီယံ စံချိန်တင်ရရှိခဲ့

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍ ပြည်ပတင်ပို့မှု  ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၄၇.၃၈ ဘီလီယံ စံချိန်တင်ရရှိခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ချုပ်ထည်များ တင်ပို့မှုသည်  ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၄၇ ဘီလီယံကျော်အထိ အမြင့်မားဆုံး ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်က တင်ခဲ့သော စံချိန်ထက် ကျော်လွန်သွားခဲ့သည်ဟု  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပို့ကုန်မြှင့်တင်ရေးဗျူရို Export Promotion Bureau(EPB) က ပြောကြားသည်။ 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ပြည်ပပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၈၄.၅၈ ရာခိုင်နှုန်းသည် အထည်ချုပ်ကဏ္ဍ ပြည်ပတင်ပို့မှု ရရှိခြင်း ဖြစ်သဖြင့် အထည်ချုပ်ကဏ္ဍ ပြည်ပတင်ပို့မှု  စံချိန်သစ်တင် မြင့်တက်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ပပို့ကုန်ဝင်ငွေ စုစုပေါင်းလည်း မြင့်တက်သွားခဲ့ပြီး စံချိန်သစ်တင် ကန်ဒေါ်လာ ၅၅,၅၆ ဘီလီယံ ရရှိခဲ့သည်။ 

 

၂၀၂၃ ခုနှစ်တွင် တင်ပို့ခဲ့သည့် ချုပ်ထည်များတွင် ဇာထိုးထည် ကန်ဒေါ်လာ ၂၅.၇၃ ဘီလီယံ ပါဝင်ပြီး ရက်ထည် ကန်ဒေါ်လာ ၂၁.၂၅ ဘီလီယံဖိုး ပါဝင်သည်။ ဇာထိုးထည် ပို့ကုန်တန်ဖိုးသည် ၂၀၂၂ ခုနှစ်ထက် ၁၀.၈၇ ရာခိုင်နှုန်း ပိုများခဲ့ပြီး ရက်ထည်သည် ၉.၅၆ ရာခိုင်နှုန်း ပိုများခဲ့ပါသည်။ 

 

အကယ်၍ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့် အထည်သားများ၊ အထူးပြု ထုတ်လုပ်သည့် အထည်သားများ ပြည်ပတင်ပို့မှုကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုပါက အထည်ချုပ်ကဏ္ဍမှ ပြည်ပပို့ကုန် တန်ဖိုး စုစုပေါင်းသည် ကန်ဒေါ်လာ ၄၉.၂၄ ဘီလီယံ ရှိမည် ဖြစ်သည်။ 

 

အထည်ချုပ်ကဏ္ဍသည် ထုတ်ကုန်အစုစုတွင် အရည်အသွေး မြင့်မားသော ထုတ်ကုန်များဆီသို့ ကူးပြောင်းခဲ့ပြီး အခြေခံအဝတ်အစားများထက်  အဆင့်မြင့်ထုတ်ကုန်များ ချုပ်လုပ်ပေးသည့်အဆင့်သို့ မြင့်တက်လာခဲ့သဖြင့် ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပါသည်။ 

 

Source dailystar


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 291 times
Rate this item
(0 votes)