What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒုတိယ COVID-19 လှိုင်းနှင့်ရင်ဆိုင်ရန်အသင့်ဖြစ်နေသည့် ဗီယက်နမ်ကုမ္ပဏီများ

ဒုတိယ COVID-19 လှိုင်းနှင့်ရင်ဆိုင်ရန်အသင့်ဖြစ်နေသည့် ဗီယက်နမ်ကုမ္ပဏီများ Fibre2Fashion

ဗီယက်နမ် အထည်အလိပ်နှင့် ဖိနပ်ကုမ္ပဏီများသည် COVID-19 ကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်ရန်နှင့် စျေးကွက်အသစ်တွေကို ရှာဖွေဖို့အတွက် ကာလအခြေအနေပေါ် မူတည်၍ လိုအပ်ချက်အစီအစဉ်များကို ပြောင်းလဲ လုပ်ဆောင်နိုင်လိမ့်မည်လို့ ယုံကြည်နေကြကြောင်း သိရပါတယ်။

 

ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာသည်နှင့်အမျှ ကဏ္ဍနှစ်ခုဖြစ်တဲ့ အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်းတွေမှာ အခြေအနေများ ပိုမိုဆိုးရွားလာတယ်လို့ ကုမ္ပဏီတွေက ယူဆကြပါတယ်။

 

"face maskများနှင့် PPEများ ထုတ်လုပ်ရန်ဆုံးဖြတ်ချက်ကြောင့် ယခုနှစ်ပထမခြောက်လအတွင်း လုပ်ငန်းလည်ပတ်မှုနှင့် ငွေသားစီးဆင်းမှုကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း"

 

"သို့သော် ထုတ်လုပ်သူတွေက PPEကုန်ထုတ်လုပ်မှုဘက်ကို အလွန်အကျွံ ကူးပြောင်းလာကြကြောင်း" ဗီယက်နမ်အမျိုးသား အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းအဖွဲ့ (Vinatex)က အထွေထွေညွှန်ကြားရေးမှူး Le Tien Truongက ပြောကြားခဲ့ပါတယ်။

 

သို့သော် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းကိရိယာများ (PPE)ဝတ်စုံများ ၀ယ်လိုအားကျဆင်းလာသဖြင့် လက်ရှိအခြေအနေတွေက ကွဲပြားနေပါတယ်။

 

"ပြည်တွင်းစျေးကွက်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းက ကပ်ရောဂါကာလအတွင်း စီးပွားရေးကို ဆက်လက်ရှင်သန်စေဖို့ အဖြစ်နိုင်ဆုံး နည်းလမ်းဖြစ်ပါတယ်"

 

"စက်မှုလုပ်ငန်းစွမ်းရည်ရဲ့ ၁၀ ရာခိုင်နှုန်းက ပြည်တွင်းစျေးကွက်ဖြစ်ပေမယ့် ပြည်တွင်းလုပ်သားတွေရဲ့ အလုပ်လက်မဲ့ပြဿနာကို အပြည့်အဝလျှော့ချနိုင်ခြင်းမရှိသော်လည်း ၎င်းနည်းလမ်းက အဖြေတစ်ခုဖြစ်ကြောင်း" Truongက ပြောကြားခဲ့ပါတယ်။

 

"အစိုးရဘက်က အတိုးနှုန်းနဲသော ချေးငွေများထုတ်ပေးခြင်းနှင့် ရက်ရွှေ့ဆိုင်း အခွန်ပေးဆောင်နိုင်ခြင်း စတဲ့ အစီအစဉ်တွေကို ထောက်ပံ့ပေးဖို့ အလွန်အရေးကြီးကြောင်း" ဗီယင်နီးယန်းသတင်းစာကို Le Tien Truongက ပြောကြားခဲ့ပါတယ်။

 

"ပြည်တွင်းဈေးကွက်က အရမ်းမကျယ်ပြန့်ပေမယ့် ပြည်တွင်းဈေးကွက်ကိုဖွံ့ဖြိုးအောင် ဦးတည်တာက ပို့ကုန်တင်ပို့ခြင်းအခက်အခဲတွေကြားမှာ အဓိကကျတဲ့ဖြေရှင်းချက် ဖြစ်လာနိုင်ကြောင်း" ဗီယက်နမ်သားရေ၊ ဖိနပ်နှင့် လက်ကိုင်အိတ်အသင်း (LEFASO) ၏ အထွေထွေအတွင်းရေးမှူး Phan Thi Thanh Xuanက ပြောကြားခဲ့ပါတယ်။

 

By Myanmar Textile & Garment Guide

 

Ref:Fibre2Fashion

Read 747 times
Rate this item
(0 votes)