What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရခိုင်ပြည်နယ်ပြဿနာကြောင့် အီးယူ GSP လတ်တလော စိုးရိမ်စရာမရှိ

ရခိုင်ပြည်နယ်ပြဿနာကြောင့် ဥရောပ သမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံများမှ ကုန်သွယ်မှု အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP)သည်လတ်တလော စိုးရိမ်စရာမရှိ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။


အရေးယူမှုများရှိလာမည်ဆို ပါက နိုင်ငံသားအများစုနစ်နာမှု များမဖြစ်အောင်ရွေးချယ်ပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု အီးယူ တာဝန်ရှိသူအချို့က နိုင်ငံတကာမီဒီယာများကို တရားဝင် ထုတ်ဖော်ပြောထားသည်ဟု ဦး မြင့်စိုးက ရှင်းပြသည်။

ကုန်သွယ်နှင့် သက်ဆိုင် သည့် အခွန်သက်သာခွင့် အထူး အခွင့်အရေးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် အီးယူနိုင်ငံများမှ အပ်ထည်အမှာ ပေးမှု ၆၀ ရာခိုင်နှုန်းအထိရှိနေ သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွက် အပ် ထည်အမှာရရှိမှုက အီးယူအဖွဲ့ဝင် နိုင်ငံများပြီးလျှင် ဂျပန်နှင့်တောင် ကိုရီးယားနိုင်ငံတို့က အများဆုံး ဖြစ်သည်။ ဂျပန်မှအပ်ထည်အမှာ များလည်း ယခုနှစ်တွင် ထပ်မံတိုးမြှင့်နေသည်ဟု လှိုင်သာယာစက်မှုဇုန်(၄)ရှိ အထည်ချုပ်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပမှ အပ်ထည်အမှာရှိမှု တိုးတက်လာပြီး တစ်လလျှင် စက်ရုံအသစ် သုံးရုံခန့် တိုးတက်နေ ခြင်းကြောင့် ၂၀၁၈ တွင် ပြည်ပ သို့ချုပ်ထည်တင်ပို့နိုင်မှုမှ ၀င်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ရရှိနိုင်မည်ဟု မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။

၂၀၁၇ က ပြည်ပချုပ်ထည် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃ဒသမ ၂ ဘီလီယံ ၀င်ငွေရရှိခြင်းကြောင့် ယခုနှစ်အတွက် ၁၀ ရာခိုင်နှုန်းခန့် တိုးမြှင့်မျှော်မှန်းထားသည်ဟု ဦး မြင့်စိုးက ပြောသည်။

အီးယူနိုင်ငံများသို့ ချုပ်ထည် တင်ပို့မှုအပြင် မြန်မာနိုင်ငံမှ ဆန် နှင့် ဆန်ကွဲအပါအ၀င် လယ်ယာ ထွက်ကုန်များနှင့် ရေထွက်ကုန် ပစ္စည်းအချို့ တင်ပို့နေသည်။ ဥရောပသမဂ္ဂ နိုင်ငံများသို့ ဆန် တင်ပို့မှုသည် ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၃ ဒသမ ၅ သိန်းရှိနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြား သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဥရောပသမဂ္ဂနိုင်ငံများသို့ ဆန် နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း ၎င်းကပြော သည်။

မြန်မာနိုင်ငံကဲ့သို့ပင် အီးယူ နိုင်ငံများမှ ကုန်သွယ်မှု အခွန်သက် သာခွင့် အထူးအခွင့်အရေး ရရှိ ထားသော ကမ္ဘောဒီးယားနိုင်ငံက ဆန်ဈေးမြှင့်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာ နိုင်ငံမှ ၀ယ်လိုအားကို ချဲ့ထွင်လာ ကြသည်။

မြန်မာ့ဒီမိုကရေစီပြောင်းလဲ မှုဖြစ်စဉ် နှေးကွေးခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန် လည်သုံးသပ်မည်ဖြစ်ပြီး ကဏ္ဍ တိုင်းတွင် တွန်းအားပေးမှုနှင့်တား ဆီးကန့်ကွက်မှုများသာမက အခြေအနေများအပေါ်မူတည်ပြီး မူ ၀ါဒအသစ်များ ချမှတ်ဖော်ဆောင် မည်ဟု ဖေဖော်ဝါရီ ၁၆ ရက် အီးယူသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ကြောင့် အီးယူကခွင့်ပြု ထားသည့် ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့် အထူးအခွင့် အရေးပေးမှု စနစ်(GSP) ပြန်လည် ရုပ်သိမ်းမည်ကို စီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေသည်။ ၂၀၁၃ဇူလိုင်တွင် လက်နက်ခဲယမ်းတင် သွင်းခြင်းမှအပ အခြားကုန်ပစ္စည်း များ တင်ပို့မှုအပေါ်၌အကောက် အခွန်အကန့်အသတ်ဖြင့် ကင်းလွတ်ခွင့်ပြုသော ကုန်သွယ်မှုအ ထူးအခွင့်အရေး(GSP)ကို မြန်မာနိုင်ငံသို့ ပြန်လည်ခွင့်ပြုပေးပြီးနောက်ကုန်သွယ်ရေးတွင် အကျိုးရှိခဲ့သည်ဟု ၎င်းတို့ကပြောသည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှု နောက်ကျပြီး ပို့ကုန်ကဏ္ဍတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် ရုန်းကန်နေရချိန်၌ ၁၃ ရာခိုင်နှုန်း သော အခွန်သက်သာခွင့် အခွင့်အရေးဆုံးရှုံးပါက ပို့ကုန်ပမာဏ ကျဆင်းမည်ကို စီးပွားရေးလုပ် ငန်းရှင်များက စိုးရိမ်နေသည်။

အီးယူက ပေးထားသော အ ခွန်သက်သာခွင့်သည် မြန်မာပို့ ကုန်လုပ်ငန်းရှင်များသာမက အီး ယူသွင်းကုန်လုပ်ငန်းရှင်များ အ ပေါ်တွင်ပါ အကျိုးသက်ရောက် ကြောင်း စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခုနစ်လအတွင်း အီးယူသို့ မြန်မာ နိုင်ငံမှ ပို့ကုန်ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်ပို့ထားသဖြင့် ယင်းနိုင်ငံများသည် စီးပွားရေး ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

အာဆီယံ အဖွဲ့အတွင်း ကမ္ဘောဒီးယားနှင့်အပြိုင် ကုန် ပစ္စည်းအမည် ငါးထောင်ကျော် အခွန်ကင်းလွတ်ခွင့် ရခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်တင် ပို့မှု နှစ်စဉ်တိုးတက်လာကြောင်း ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံ၏ လယ်ယာပို့ ကုန်တွင်စံချိန်တင်နိုင်ခဲ့ပြီး နိုင်ငံ တော် ဒုသမ္မတဦးမြင့်ဆွေက အ စည်းအဝေးအချို့၌ ထုတ်ဖော်ချီးကျူးသည့် ဆန်စပါးကဏ္ဍ၌ အီး ယူနိုင်ငံများ ဈေးကွက်ဝေစုရယူ ထားမှု ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

 

7Day News

Read 1085 times
Rate this item
(0 votes)