What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာမပုံ့ (My favourite)

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင်ဒီဇိုင်နာမပုံ့ (My favourite)က ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

အမဒီနှစ် အကယ်ဒမီအတွက် သက်မွန်မြင့်ရယ်၊ခိုင်သင်းကြည်၊ဖွေးဖွေး၊ခင်လေးနွယ်တို့ကို ချုပ်ပေးမှာပါ။

အရောင်ကတော့သက်မွန်ကို အဖြူရောင်လေးစီစဉ်ပေးထားတယ်။ဖွေးကိုက ငွေရောင်လေး စီစဉ်ပေးထား တယ်။ခိုင်သင်းကြည်ကို rose gold ရောင်လေးလုပ်ပေးထားတယ်။ခင်လေးနွယ်ကိုတော့ အပြာရောင်လေး စီစဉ်ပေးထားပါတယ်။အစတွေကိုတော့ Kay fashion& fabric houserမှ ကူညီပေးပါတယ်။

ဒီနှစ်တော့ခေတ်နှောင်းဘက်ကိုသွားတဲ့ပုံစံမျိုးလေး ကိုကြိုက်နေတယ်။အဲ့ တော့ ခေတ်နှောင်းဘက်သွားတဲ့ ဖက်ရှင်လေးကိုစိတ်ကူးလေးနဲ့ သေချာစဉ်းစားပြီးဖန်တီးပေးမှာပါ။

ပွဲတက်ဖက်ရှင်နဲ့အကယ်ဒမီအတွက်ဖက်ရှင်ကွာခြားချက်ကတော့ထူးပြီးမရှိပေမယ့်အကယ်ဒမီကတနိုင်ငံလုံးကကြည့်တဲ့ ဖက်ရှင်လည်းဖြစ်နေတော့အကယ်ဒမီတွက် အမသေချာလေးဂရုစိုက်ပြီးစဉ်းစားဖြစ်ပါတယ်။

အမအကယ်ဒမီဖက်ရှင်တွေကိုချုပ်လာတာ၁၀နှစ်ကျော်ပြီပေါ့။တနှစ်နဲ့ တနှစ် ၀တ်ဆင်မယ့် မင်းသမီးလေးတွေပို လှအောင် ပိုပြီးတော့ ဆွဲဆောင်မှုရှိအောင်စဉ်းစားပြီင်္းချုပ်တယ်။ ခံစားချက်ကတနှစ်တဲ့တနှစ်မတူဘူးပေါ့။ကိုယ်ခံစားရတဲ့ ခံစားချက်ပေါ်မူတည်ပြီးတော့ပုံစံလေးတွေပြောင်း ချုပ်လေ့ရှိတယ်။

ယခုလက်ရှိမှာတော့ ဒီဇိုင်နာမပုံ့ (My favourite)ဟာ မြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာ များထဲတွင် နာမည်ကြီးနေသူတယောက်ဖြစ်ပြီးသူဖန်တီးတဲ့ ၀တ်စုံတွေကလဲ ဒီဇိုင်းဆန်းပြီး လှပလွန်းလှပါတယ်။သူဟာ သင်တန်းသူသင်တန်းများကို လဲ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။

Read 1982 times
Rate this item
(0 votes)