What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာကောင်းဖြစ်ဖို့အရည်အချင်းနဲ့ စိတ်ကောင်းစေတနာ ရှိဖို့ကတော့ အဓိက ပါလို့ဆိုသူ ဒီဇီုင်နာမိုးသူဇာအောင်

ဒီဇိုင်နာကောင်းဖြစ်ဖို့အရည်အချင်းနဲ့ စိတ်ကောင်းစေတနာ ရှိဖို့ကတော့ အဓိက ပါလို့ဆိုသူ ဒီဇီုင်နာမိုးသူဇာအောင် facebook

ဒီဇိုင်နာမိုးသူဇာအောင်ကို သူမဘယ်အချိန်ထဲက လေံလာဖြစ်ပုံ ဒီဇိုင်းအကြောင်းများမေးမြန်းထားပါတယ်။

-ဒီဇိုင်းပညာကို ဘယ်အချိန်ကစတင်လေ့လာဖြစ်တာပါလဲ။

ဒီဇိုင်းပညာကို 2010 လောက်ထဲက စလေ့လာဖြစ်တာပါ။

-ဒီဇိုင်းပညာကိုဘယ်ကနေသင်ယူခဲ့ပါလဲ။

ဆရာတွေကတော့ အများကြီးပဲ ပထမဆုံးနဲ့ အဓိက သင်ခဲ့တာတော့ D fashion ဆိုတဲ့ သင်တန်းကျောင်းကပါ

-အခက်အခဲတွေရှိရင်။

အခက်ခဲတွေကတော့ရှိတယ် ရှင့် အများကြီးပဲ။

 ဒါပေမယ့် အခက်အခဲဆိုတာကို ပိတ်နေတဲ့ တံခါးပေါက်လို့သဘောထားပြီး သော့ရှာ ဖွင့်ခဲ့ရတာပဲ။

-ဒီဇီုင်းနဲ့ ပတ်သတ်ပြီးဘယ်လိုလေ့လာဖြစ်လဲ။

နေရာစုံကလေ့လာဖြစ်ပါတယ်။ကိုယ့် idea နဲ့ကိုယ်ပြန် ဆန်းသစ်ပါတယ်

-သင်တန်းကျောင်းဖွင့်ထားတာရှိရင်ပြောပြပေးပါဦး။

ဟုတ် Enchant Fashion Design School ဆိုပြီးသင်တန်းလေး ဖွင့်ထားပါတယ်။

ပညာဒါန သင်တန်းတွေရောပေါ့။ဖုန်းနံပါတ်ကတော့ 09964305136ပါ။

-အခုခေတ်ဒီဇီုင်နာတွေရော ချုပ်ဆိုင်တွေရောပေါများလာတဲ့ အပေါ်အမြင်နဲ့ ။ကိုယ်တိုင်ရော ဘယ်လိုထိုးဖောက်ပီးဒီဇိုင်းတွေလုပ်ဖြစ်လဲ။

 သူများထက် ထိုးဖေါက်အေရင်မြင်ဖို့ထက် ကိုယ့်လုပ် ပေးထားတာလေးQuality ကောင်းကောင်းနဲ့ customer ဆီရောက်သွားဖို့ကို ပို အာရုံစိုက်ဖြစ်ပါတယ်ရှင့်

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ်ထင်လဲ။

အရည်အချင်းနဲ့ စိတ်ကောင်းစေတနာ ရှိဖို့ကတော့ အဓိက လိုမယ်ထင်ပါတယ်ရှင့်။အောင်မြင်ကြော်ကြားတဲ့ ဒီဇိုင်နာ တစ်ယောက်ရဲ့နေရာဆိုတာ လူတိုင်းရောက်နိုင်လို့  တူတူ ကြိုးစားကြမယ်လို့။

-မျိုးဆက်သစ်ဒီဇိုင်လေးတွေကို အကြံပေးစကားပြောပေးပါဦး။

မျိုးဆက်သစ်ဒီဇီုင်နာလေးတွေလဲတကယ်ဒီဇိုင်နာလုပ်ချင်မှ ဒီလောကထဲဝင်ရောက်လာစေချင်တယ်။ ဒီပညာက ခက်ခဲတယ်။သိမ်မွေ့တယ်။ စိတ်ရှည်ရတယ်။ ဆန်းသစ်နေအောင် အမြဲစဉ်းစားနေရတယ်။ အဲ့ အတွက် တကယ်ဝါသနာပါရင် လုပ်ပါ။ ကိုယ်ချုပ်လိုက်လို့ လှနေရင် အဲ့ ပီတိက ဘာနဲ့ မှ လဲလို့ မရပါဘူး။

-အချုပ်အလုပ်ကို အမျိုးသမီးတွေတက်ထားသင့်ပါသလားဘာကြောင့်ပါလဲ။

အမျိုးသမီးတစ်ယောက်အတွက် perfect ဖြစ်တဲ့ အလုပ်လို့ မြင်ပါတယ်။ဒါကြောင့် ရွေးချယ်သင့်တဲ့ အသက်မွေးဝမ်းကျောင်းပညာထဲမှာ ပါတယ်လို့လဲ ထင်ပါတယ်ရှင့်။

20707829 1961944234087677 816738034 n20668192 1961944237421010 1549282105 n

Read 1762 times
Rate this item
(1 Vote)