What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နောက်ဆုံးပေါ် ဇာထိုးစက်

နောက်ဆုံးပေါ် ဇာထိုးစက်ဖြစ်တဲ့ 3D knitting machine ကို ဂျပန်မှ Shima Seiki မှ တီထွင်ထုတ်လုပ်ထားပါတယ်။

ချည်လုံးတွေကနေ ချုပ်ပြီးသား ဇာထိုးထည် အ၀တ်အစားအဖြစ် တစ်ထည်ကို တစ်နာရီအတွင်းမှာ အပြီးအစီး လုပ်ကိုင်ပေးနိုင်တယ်။

သမားရိုးကျ ဇာထိုးစက်တွေက ဇာထိုးအထည်သားကိုသာ ထိုးပေးပြီး အဲဒီအထည်သားကို လိုအပ်တဲ့အတိုင်းအတာ ပုံစံအတိုင်း ဖြတ်တောက်ပြီး ရလာတဲ့ အပိုင်းတွေကို ချုပ်တွဲပေးရပါတယ်။

အဲဒီအဆင့်မှာ ဇာထိုးအထည်သား ၈ ကနေ ၁၀ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးပါတယ်။


ယခု 3D knitting machine က လေလွင့်ဆုံးရှုံးမှု လုံးဝ မရှိပါဘူး။ အချိန်ကုန်တာမှာလည်း ဇာထိုးတာနဲ့ ချုပ်တွဲတာ အဆင့်နှစ်ခုကို တစ်ဆက်တည်း လုပ်ပေးတာမို့ သမားရိုးကျနည်းလမ်းထက် ပိုမြန်ဆန်ပါတယ်။
လုပ်သားလိုအပ်မှုလည်း ပိုနည်းပါးပါတယ်။
စက်က ထုတ်ပေးလိုက်တဲ့ အ၀တ်အစားကို ချည်စချည်န သုတ်သင်ရှင်းလင်းခြင်း ပြုရပါတယ်။

ပြီးတဲ့အခါမှာ တံဆိပ်တပ်တယ်။ မီးပူဖိတယ်။

ပြီးရင် တင်ပို့ဖို့ အသင့် ဖြစ်ပါပြီ။

3d machine cloth

 

စက်မှ ဇာထိုးထည် အ၀တ်အစား ထုတ်ပေးပုံ ဗီဒီယိုကို facebook မှာ  အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်

https://goo.gl/HzszZX

 

Read 1266 times
Rate this item
(0 votes)