What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရေလျှော်လျှင် ကျုံ့သွားတတ်သည့် အထည်တွေကို မူလအတိုင်း ပြန်ရအောင်လုပ်နည်း

ကိုယ်ကြိုက်လို့ဝယ်ထားတဲ့ အဝတ်အစားတစ်ထည် ရေလျှော်ရင်း ကျုံ့သွားတာဟာ တော်တော်နှမြောဖို့ကောင်းပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာကြံမိကြမှာပါ။ တကယ်တော့ ရေလျှော်ရင်း ကျုံ့သွားတဲ့ အထည်တွေကို မူလပုံစံအတိုင်း ပြန်ဖြစ်သွားစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဝတ်တွေရဲ့ အထည်အသားကိုလိုက်ပြီး အလွယ်တကူ ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ချည်ထည် (cotton)
ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတစ်ထည်ကို မူလပုံစံအတိုင်း ပြန်ဖြစ်စေချင်ရင် ကလေးခေါင်းလျှော်ရည် (baby shampoo) (သို့) ပျော့ဆေး (hair conditioner) အပျော့စားတစ်မျိုးနဲ့ ပြန်လျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကလေးခေါင်းလျှော်ရည် အနည်းငယ်၊ ကြက်သီးနွေးရုံလောက် ရေနွေးနည်းနည်းနဲ့ ဇလုံတစ်လုံးတို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ရေကျုံ့သွားတဲ့အထည်ကို ထည့်လိုက်ပါ။ ပြီးရင် အဲဒီဇလုံကို ကြက်သီးနွေးရုံလောက် ရေနွေးတွေနဲ့ ဖြည့်လိုက်ပါ။ ကလေးခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာလောက်ကိုလည်း ထည့်ဖြည့်လိုက်ပါ။ မိနစ် (၃၀) လောက် အဲဒီအတိုင်း ထားပေးလိုက်ပါ။ ပြီးတာနဲ့ ရေစင်အောင်ညှစ်ပြီး လှန်းထားပေးလိုက်ပါ။ အခြောက်လှန်းချိန်မှာ နေ‌ရောင်ထဲမှာ ချိတ်နဲ့ထုတ်လှန်းထားတာမျိုးထက် ပြင်ညီတစ်နေရာမှာ ဖြန့်လှန်းပေးပါ။ အဝတ်ရဲ့အနားစတွေကို အလေးချိန်စီးတဲ့အရာဝတ္ထုတစ်ခုနဲ့ ဖိထားပေးတာမျိုး လုပ်ပေးပါ။ ခြောက်သွားပြီဆိုရင်တော့ သင့်ရဲ့အထည်ဟာ အရင်လိုပြန်ဖြစ်သွားပါပြီ။

၂။ လူလုပ်ချည်မျှင် (synthetic fibers)
ပေါ်လီအက်စတာ (Polyester) တို့၊ ပိုးတု (rayon) တို့လိုမျိုး လူလုပ်ချည်မျှင်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်အစားတွေ ရေကျုံ့ကုန်ရင် ဖြေရှင်းရမယ့် နည်းလမ်းမှာ ချည်ထည်တုန်းကနဲ့ တူတူပါပဲ။ အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ကလေးခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို ထည့်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေး နည်းနည်းရောလိုက်ပါ။

လူလုပ်ချည်မျှင်တွေကတော့ ချည်ထည်တွေလောက် အချိန်ယူဖို့တော့မလိုအပ်ပါဘူး။ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်စိမ်ပေးရင် ရပါပြီ။ ပြီးတာနဲ့ ရေစင်အောင်ညှစ်ပြီး ပြင်ညီလိုနေရာမျိုးမှာ ဖြန့်လှန်းပေးပါ။ အထည်ရဲ့အနားစတွေကို လေးလံတဲ့အရာတွေနဲ့ ဖိထားပေးပါ။ ခြောက်သွားပြီဆိုရင်တော့ အထည်ဟာ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ။

၃။ ဂျင်းထည် (Jeans)
ဂျင်းထည်တွေကတော့ ရှေ့(၂)နည်းနဲ့ လုံးဝမတူညီပါဘူး။ ဂျင်းထည်တွေက ပုံမှန်အားဖြင့်တော့ ရေမကျုံ့တတ်ပါဘူး။ ဒါပေမယ့် တခြားအထည်တွေ၊ တချို့ပစ္စည်းတွေနဲ့ ရောထားမိရင်တော့ ရေကျုံ့သွားတတ်ပါတယ်။ Denim Jeans အထည်တွေ ရေကျုံ့ခြင်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပါတယ်။
အဲဒါကတော့ ရေချိုးကြွေဇလုံ (bathtub) တစ်လုံးထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးတွေဖြည့်ပြီး ရေကျုံ့သွားလို့ မတော်ချင်တော့တဲ့ ဂျင်းဘောင်းဘီကို ဝတ်လျက်သားနဲ့ပဲ (၁၅) မိနစ်လောက် ဝင်စိမ်ပေးလိုက်ပါ။ ပြီးရင် အဲဒီဂျင်းဘောင်းဘီ ဝတ်လျက်နဲ့ပဲ လမ်းလျှောက်တာ၊ ထိုင်လိုက်၊ ထလိုက် လုပ်တာမျိုး တစ်နာရီလောက်လုပ်ပေးပါ။ ဒါဆိုရင်တော့ ရေကျုံ့နေတဲ့ ဂျင်းဘောင်းဘီ ပြန်ကျယ်လာနိုင်ပါတယ်။

 

Read 608 times
Rate this item
(0 votes)