What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာအင်္ကျီလေးတွေကို ဒီလိုလည်ပင်းပုံစံလေး နဲ့ချုပ်ကြမယ်

မိန်းကလေးတွေအားလုံး အကျီင်္လှလှလေးတွေဝတ်ရတာ ကြိုက်ကြတယ်။ ဒါပေမယ့် အကျီင်္လှလှလေးချုပ်ဖို့ ဒီဇိုင်းစဉ်းစားခိုင်းလိုက်ရင် မစဉ်းစားတတ်ကြတော့ဘူး။

သွားစရာလာစရာ ပွဲကလည်း နီးနေပြီ၊ ချုပ်ဖို့ အကျီင်္ဒီဇိုင်းကိုလည်း စဉ်းစားလို့က မထွက်တော့ ဖြစ်သလိုချုပ်ကြတဲ့ အဖြစ်မျိုးတွေ မိန်းကလေးတိုင်းကြုံနေရပါတယ်။ အရေးတကြီး သွားစရာရှိတော့မှမဟုတ်ပဲ နေ့စဉ်အဲလိုတွေမဖြစ်ရအောင် အကျီင်္တစ်ထည်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လည်ပင်းဒီဇိုင်းလေးတွေ ပြနဲ့ တကွ Idea လေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ V Neck လည်ပင်းပုံစံ
V Neck လည်ပင်းပုံစံလေးတွေက အရင်ခေတ်တုန်းက အရမ်းကို ခေတ်စားခဲ့တဲ့ လည်ပင်းပုံစံမျိုးလေးတွေဖြစ်ပါတယ်။ အခြား Accessories လေးတွေတောင် ထည့်စရာမလိုတော့ဘူး။ လည်ပင်းကိုလည်း ပိုရှည်စေပါတယ်။

၂။ လည်ဝိုင်း လည်ပင်း ပုံစံ
လည်ဝိုင်းပုံကတော့ လူတိုင်းချုပ်လေ့ချုပ်ထရှိတဲ့ လည်ပင်းပုံစံလေးပါ။ မြန်မာရင်ဖုံးကိုချုပ်မယ်ဆိုရင်တော့ လည်အဝိုက်လည်ပင်းပုံစံလေးက အလိုက်ဖက်ဆုံးနဲ့ အသင့်တော်ဆုံးပါ။ လည်အဝိုက်ကို သေးချင်လည်းရသလို လည်ပင်းအဝိုက်ကိုကြီးချင်လည်းရပါတယ်။ လည်အဝိုက် ကြီးလိုက်မယ်ဆိုရင်တော့ ကိုယ့်ရင်ညွှန့်် ရိုးလေးလည်းပေါ်နေတော့ဆွဲဆောင်မှုရှိပါတယ်။

၃။ ပခုံးလျှော လည်ပင်းပုံစံ
ပခုံးအလျှော ဒီဇိုင်းလေးကလည်း ကိုယ့်ရင်ညွှန့်ရိုးနဲ့ ပခုံးလေးကို အရှင်းသားပေါ်နေစေတဲ့အတွက် မြင်သူတိုင်းလည်ပြန်မငေးဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိစေပါတယ်။ ဒါပေမယ့် ပခုံးအလျှောပုံစံမှာ ပခုံးအတင်ပုံစံနဲ့ ပခုံးအကျ ပုံစံဆိုပြီး ၂မျိုးရှိပါတယ်။ ပခုံးအတင်လေးကတော့ ရင်ဘတ်မဟိုက်စေပါဘူး။ ပခုံးအကျပုံစံလေးကတော့ ရင်ဘတ်အနည်းငယ်ဟိုက်စေပါတယ်။ ပခုံးအလျှောပုံစံကိုချုပ်တဲ့အခါမှာ တည့်ပုံစံမျိုးချုပ်လို့ရသလို၊ Heart Shape ပုံစံမျိုးချုပ်လို့လည်းရပါတယ်။

၎။ လေးထောင့်ကျ လည်ပင်းပုံစံ
လေးထောင့်ကျလည်ပင်းပုံစံလေးတွေကတော့ လူကြိုက်နည်းပါတယ်။ ပုံမှန်လည်ပင်းထက် အောက်နည်းနည်းလေးပိုကျလို့ပါ။ ဒါပေမယ့် သူလည်းလှပါတယ်နော်။ မြန်မာအင်္ကျီကိုမှ ရေကူးထောက်လေးတွေနဲ့ချုပ်တဲ့အခါ ခန္ဓာကိုယ်ကိုပိုပြီး ပေါ်စေပါတယ်။

၅။ Heart Shape လည်ပင်းပုံစံ
Heart Shape ပုံစံကတော့ ပုံစံအဆန်းလေးပါ။ Heart Shape ကို ချုပ်တဲ့အခါမှာ လည်ချပုံစံမျိုး ချုပ်လို့ရသလို၊ လည်ထောင်ပုံစံမျိုးလည်းချုပ်လို့ရပါသေးတယ်။ မိန်းကလေးလည်းဆန်ချင်တယ်၊ သူများတွေနဲ့လည်း ကွဲထွက်နေချင်တယ်ဆိုရင် Heart Shape ပုံစံလေးချုပ်ကြည့်ပါနော်။

၆။ Colar လည်ပင်းပုံစံ
Colar လည်ပင်းပုံစံလေးတွေက British Style မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ မှာ တဖြည်းဖြည်း ခေတ်စားလို့လာတာကိုတွေ့ရနိုင်ပါတယ်။ Colar ဒီဇိုင်းပုံစံက ဝတ်ထားတဲ့သူကို စမတ်လည်းကျ စတိုင်လ်လည်းမိစေပါတယ်။

လည်ပင်းပုံစံ Ideaလေးတွေကတော့ ဒီလောက်ပါပဲ။ လက်ပုံစံလေးတွေကိုလည်းထပ်ပြီး Share ပေးဦးမှာဖြစ်လို့ စောင့်မျှော်အားပေး ကြပါဦးနော်။

 

မြန်မာအကျီ င်္လေးတွေကို လည်ပင်းပုံစံလေးတွေကို ဘယ်လိုချုပ်ရမလဲဆိုတာ အကြံပေးပြီးပြီဆိုတော့ လက်ပုံစံလေးတွေကို ပြောပြပေးထားတာ အောက်ပါပုံကို တို့ထိပြီး သွားရောက် ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
လူတိုင်းနဲ့လည်းလိုက်မယ်၊ ပွဲလည်းတိုးပြီး နေ့စဉ်သွားလာတဲ့အခါမှာလည်း လိုက်ဖက်နိုင်မယ့်ပုံစံလေးတွေ မျှဝေပေးထားတာ ဖြစ်ပါတယ်။

lat

Read 9661 times
Rate this item
(0 votes)