What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ZAWGYI+UNICODE
၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ လယ်သာရှူး ပြည်ပတင်ပို့မှု ကြီးထွားနှုန်း အမြန်ဆုံး ရခဲ့တဲ့ နိုင်ငံတွေမှာ ကမ္ဘောဒီးယား(၂၈၇.၃% တက်) ဗီယက်နမ်(၈၂.၉% တက်)၊ အိန္ဒိယ(၂၆.၄% တက်) တို့ ပါဝင်တာ တွေ့ရပါတယ်။
desx 3
UNICODE
လယ်သာရှူး မြန်မာ နံပါတ်(၃ဂ)
==================
CMP တွေကို ထုတ်လုပ်မှုစရိတ် သက်သာတဲ့ နိုင်ငံတွေမှာ လုပ်ကိုင်လာကြတာမှာ အာရှရဲ့ အထည်ချုပ်၊ ဖိနပ်ချုပ် လုပ်ငန်းတွေထံမှာ အလုပ်အပ်လာကြတယ်။ ကမ္ဘာ့စီးပွားရေး နှစ်ကြာကြာ ထိုင်းမှိုင်းနေတာကြောင့် ဝယ်လိုအား ကျဆင်းတာမို့ လယ်သာရှူး ပြည်ပတင်ပို့မှုလည်း တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေတာကို တွေ့ကြရတယ်။
၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှ သားရေရှူး ပြည်ပတင်ပို့တဲ့ တန်ဖိုးပမာဏစုစုပေါင်းဟာ ကန်ဒေါ်လာ ၅၀ဘီလျံခွဲ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ လယ်သာရှူးတင်ပို့မှု တစ်နှစ်ထက်တစ်နှစ် ကျဆင်းခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် တစ်နှစ်ထက် တစ်နှစ် ၁.၁% ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက ပြည်ပတင်ပို့တဲ့ ရှူးဖိနပ်တန်ဖိုး ပမာဏစုစုပေါင်းဟာ ကန်ဒေါ်လာ ၅၁ ဘီလျံ ရှိခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ရှူးဖိနပ်တွေ အများဆုံး ထုတ်လုပ်ပေးနေတာ အာရှ ဖြစ်တာကို တွေ့ရတယ်။ တစ်ကမ္ဘာလုံးမှာ တင်ပို့တဲ့တန်ဖိုး ပမာဏ စုစုပေါင်းရဲ့ ၂၄.၅%ဟာ အာရှနိုင်ငံတွေမှ တင်ပို့နေတာ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄.၅ ဘီလျံ ရှိပါတယ်။ ဒုတိယနေရာမှာ ဥရောပရှိနပြေီး ကန်ဒေါ်လာ ၂၃.၅ ဘီလျံဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့တင်ပို့မှု စုစုပေါင်းရဲ့ ၄၆.၄% ရှိပါတယ်။
သာရေးထည်ခြေစီးတွေအတွက် Harmonized Tariff System ဂဏန်းလေးလုံး ကုတ်က ၆၄၀၃ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ လယ်သာရှူး ပြည်ပတင်ပို့မှု ကြီးထွားနှုန်း အမြန်ဆုံး ရခဲ့တဲ့ နိုင်ငံတွေမှာ ကမ္ဘောဒီးယား(၂၈၇.၃% တက်) ဗီယက်နမ်(၈၂.၉% တက်)၊ အိနိ္ဒယ(၂၆.၄% တက်) တို့ ပါဝင်တာ တွေ့ရပါတယ်။
လယ်သာရှူးတင်ပို့မှု ကျသွားတဲ့ အာရှနိုင်ငံတွေမှာ ဟောင်ကောင် (၇၄.၄% ကျ)၊ တရုတ် (၁၆.၂% ကျ) တို့ ပါဝင်ပါတယ်။ တရုတ်နိုင်ငံဟာ လယ်သာရှူး တင်ပို့မှု ကျဆင်းပေမဲ့ ကမ္ဘာပေါ်မှာ လယ်သာရှူးတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ လယ်သာရှူး ပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၆၁၆ သန်း ရှိခဲ့ပြီး နံပါတ်(၁၆) နေရာမှာ ရှိပါတယ်။
ထိုင်းနိုင်ငံက ကန်ဒေါ်လာ ၂၇၃.၅ သန်း ရှိပြီး နံပါတ်(၂၇) နေရမှာ ရှိပါတယ်။
စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၁၃၆.၂ ရှိပြီး နံပါတ်(၃၅) နေရာမှာ ရှိပါတယ်။
မြန်မာနိုင်ငံက ကန်ဒေါ်လာ ၁၁၅.၇ သန်းရှိပြီး နံပါတ်(၃၈) နေရာမှာ ရှိပါတယ်။ ၂၀၁၆ ခုနှစ် ပြည်ပပို့ကုန် အမျိုးအမည်တွေမှာ ထိပ်တန်း အများဆုံး ၁၀ မျိုး စာရင်းမှာ လယ်ယာရှူးအပါအဝင်ဖြစ်တဲ့ ခြေစီး တင်ပို့မှုဟာ နံပါတ်(၁၀) နေရာမှာ ရှိပြီး ကန်ဒေါ်လာ ၂၃၉ သန်းဖိုး ရှိခဲ့ပါတယ်။
လာအိုနိုင်ငံက ကန်ဒေါ်လာ ၂၀.၁ သန်းရှိပြီး နံပါတ်(၆၀) နေရာမှာ ရှိပါတယ်။
ကိုးကား worldstopexports.com
Read 1215 times
Rate this item
(0 votes)