What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငန္းျဖဴဖက္ရွင္

(Zawgyi+Unicode)
ငန္းျဖဴဖက္ရွင္သည္ အေ၀ဖန္ခံရဆုံးဖက္ရွင္ ျဖစ္ခဲ့သည္။

သုိ႔ေသာ္ ဖက္ရွင္ေလာကတြင္လည္းေကာင္း၊ ေဟာလီ၀ုဒ္မွ ေအာ္စကာဆုေပးပြဲ၏ မေမ့ႏုိင္စရာ ၀တ္စုံျဖစ္ခဲ့သည္။ ယခုအခါ အေမရိကမွ MOMA (Museum of Modern Art) တြင္ သမုိင္းတြင္သည့္ သမုိင္း၀င္၀တ္စုံတစ္ခုအျဖစ္ ျပသထားသည္။

အုိင္စလန္သူ အဆုိေတာ္ ဘီေရာ့ Bjork သည္ ၂၀၀၁ ခုႏွစ္ ေအာ္စကာပြဲသုိ႔ တက္ေရာက္ခဲ့ရာ၌ ငန္းျဖဴ၀တ္စုံ ဆင္ျမန္းၿပီး တက္ေရာက္ခဲ့သည္။ ေကာေဇာနီေပၚတြင္ ဘီေရာ့က ငန္းျဖဴႀကီးတစ္ေကာင္ သူမ၏ သြယ္လ်လ်ခႏၶာကုိယ္ကုိ ပတ္ထားသည့္ႏွယ္ ျမင္ၾကရသည့္ ၀တ္စုံျဖင့္ ေလွ်ာက္လွမ္းသည္။ ငန္းဦးေခါင္းက သူမ၏ ယာဘက္ရင္သားအေပၚတည့္တည့္မွာ တြဲေလာင္းက်ေနသည္။
ကမ႓ာေပၚတြင္ ၀တ္ဆင္မႈ အဆုိး၀ါးဆုံး worst-dressed အႏုပညာရွင္မ်ား စာရင္းတြင္ ပါသြားေတာ့သည္။

swan

တစ္ဆယ္ႏွစ္ၾကာၿပီးခ်ိန္တြင္ MOMA က ေလးစားထုိက္ေသာ ၀တ္စုံဒီဇုိင္းတစ္ခုအျဖစ္ ျပတုိက္တြင္ ျပသထားရန္ ဆုံးျဖတ္ၿပီး ေတာင္းယူကာ ျပသထားသည္။

ထုိ၀တ္စုံျဖင့္ ေအာ္စကာပြဲ တက္ရာ၌ ေ၀ဖန္စကားမ်ား၊ ေလွာင္သည့္စကားမ်ား ၾကြက္ၾကြက္ညံသြားသည္။ Fashion Police မွ ေ၀ဖန္သူ Joan Rivers က ‘‘ဒီကေလးမကုိ အ႐ူးေထာင္ ပုိ႔ရမယ္’’ ဟု မွတ္ခ်က္ျပဳသည္။ တီဗီ ဖက္ရွင္ေ၀ဖန္သူ Steven Cojocaru က ‘‘ေတြ႕ဖူးသမွ်ထဲ အတုံးဆုံးတစ္ခုပဲ’’ ဟု မွတ္ခ်က္ျပဳသည္။

ထုိသုိ႔ ပက္ပက္စက္စက္ ေ၀ဖန္ခံရေသာ္လည္း ငန္းျဖဴ၀တ္စုံကုိ ဒီဇုိင္းထုတ္သည့္ မာစီဒုိးနီးယားသား မာဂ်ံ ပီဂ်ဳိစကီးက အားရေက်နပ္ ျဖစ္သည္။ အေၾကာင္းမွာ သူ႔၀တ္စုံသည္ ေအာ္စကာတြင္ သမုိင္း၀င္ ၀တ္စုံျဖစ္သြားေသာေၾကာင့္ ျဖစ္သည္။
သူသည္ လန္ဒန္မွ KTZ ဖက္ရွင္လုပ္ငန္းတြင္ ဒီဇုိင္းသမားအျဖစ္လုပ္ကုိင္ေနၿပီး တစ္မူထူးျခားသည့္ အမ်ဳိးသား၀တ္စုံမ်ားေၾကာင့္ နာမည္ႀကီးသူ ျဖစ္သည္။

ငန္းျဖဴ၀တ္စုံကုိ ပီဂ်ဳိစကီးက Autumn/Winter 2001 ဖက္ရွင္ပြဲေတာ္တို႔၏ catwalk တြင္ ထည့္သြင္းျပသၿပီး ပြဲထုတ္ခဲ့ေသာ္လည္း မထင္မရွားျဖစ္ေနခဲ့သည္။ ဘီေရာ့က ေအာ္စကာပြဲမွာ ဆင္ျမန္းလုိက္သည့္အခါက်မွ ဟုိးေလးတေက်ာ္ ျဖစ္သြားရေတာ့သည္။

ပီဂ်ဳိစကီးက ငန္းျဖဴ၀တ္စုံအေၾကာင္းကုိ ရွင္းျပခဲ့သည္။ ‘‘ငန္းက ဆန္းတယ္။ ႐ုပ္လုံးၾကြ ၀တ္စုံအျဖစ္ ဖန္တီးထားတယ္။ တျခား၀တ္စုံေတြလုိ ျပားခ်ပ္ခ်ပ္မ်ဳိး မဟုတ္ဘူး။ ပစၥည္းေတြလည္း အမ်ဳိးမ်ဳိး ေရာဖက္ၿပီး သုံးထားတယ္။ မ်က္ႏွာျပင္ၾကမ္းတဲ့ သားေရ ပါတယ္။ သုိးေမြးကတီၱပါလည္း ပါတယ္။ ဘဲငန္းအေမြး၊ ငန္းအေမြးေတြလည္း ပါတယ္။ ၀တ္စုံတစ္ခုလုံးကုိ ၿခံဳငုံၿပီး ၾကည့္လုိက္ရင္ ပန္းပုထုထားတဲ့ ႐ုပ္တုတစ္ခုလုိ ျဖစ္ေနပါတယ္’’
ထုိသုိ႔ ေရာဖက္သည့္ပစၥည္းမ်ားျဖင့္ ႐ုပ္တုသဖြယ္လုပ္ထားသျဖင့္ ေလွ်ာ္ဖြပ္ဖုိ႔ မျဖစ္ႏုိင္ေခ်။ အေျခာက္ေလွ်ာ္၍လည္း မရႏုိင္ေခ်။ သုိ႔ျဖစ္ရာ ပီဂ်ဳိစကီးက တစ္ေထရာတည္းတူေသာ ၀တ္စုံႏွစ္စုံကုိ ဆင္တူ ဖန္တီးေပးခဲ့သည္။

swan2

အမ်ဳိးမ်ဳိး မေကာင္းေျပာခံရေသာ္လည္း ပီဂ်ဳိစကီးက အမႈမထားသည့္နည္းတူ ဘီေရာ့ကလည္း အေရးမလုပ္ေခ်။ သူမ၏ ေတးအယ္လ္ဘမ္ Vespertine ကုိ ၂၀၀၁ ခုႏွစ္တြင္ ထုတ္သည့္အခါ အဖုံးပုံအတြက္ ငန္းျဖဴ၀တ္စုံကုိ ၀တ္ဆင္ၿပီး ဓာတ္ပုံ႐ုိက္ခံကာ သုံးစြဲခဲ့သည္။

ငန္းျဖဴကုိ ၀တ္စုံအျဖစ္ ဒီဇုိင္းထုတ္ျခင္းကုိ Valentino မွ ဒီဇုိင္းသမားမ်ား ျဖစ္ၾကသည့္ Pierpaolo Piccioli ႏွင့္ Maria Grazia Chiuri တုိ႔က ျပန္လည္ဆန္းသစ္ခဲ့ၾကၿပီး Spring 2014 collection အျဖစ္ ပါရီဖက္ရွင္သီတင္းပတ္တြင္ ျပသခဲ့ရာ၌ ခ်ီးက်ဴးခံရသည္။

ဘီေရာ့ကုိ ငန္းျဖဴ၀တ္စုံကုိ မည္သုိ႔ထင္ျမင္ယူဆသနည္းဟု မီဒီယာသမားတစ္ဦးက ေမးျမန္းခဲ့ရာ သူမက ခ်က္ခ်င္း အေျဖေပးခဲ့သည္။
‘‘အဲဒါက ၀တ္စုံေတြထဲက ၀တ္စုံတစ္ခုပါပဲ’’

 

Unicode
ငန်းဖြူဖက်ရှင်
==================
ငန်းဖြူဖက်ရှင်သည် အေဝဖန်ခံရဆုံးဖက်ရှင် ဖြစ်ခဲ့သည်။

သို့သော် ဖက်ရှင်လောကတွင်လည်းကောင်း၊ ဟောလီဝုဒ်မှ အော်စကာဆုပေးပွဲ၏ မမေ့နိုင်စရာ ဝတ်စုံဖြစ်ခဲ့သည်။ ယခုအခါ အမေရိကမှ MOMA (Museum of Modern Art) တွင် သမိုင်းတွင်သည့် သမိုင်းဝင်ဝတ်စုံတစ်ခုအဖြစ် ပြသထားသည်။

အိုင်စလန်သူ အဆိုတော် ဘီရော့ Bjork သည် ၂၀၀၁ ခုနှစ် အော်စကာပွဲသို့ တက်ရောက်ခဲ့ရာ၌ ငန်းဖြူဝတ်စုံ ဆင်မြန်းပြီး တက်ရောက်ခဲ့သည်။ ကောဇောနီပေါ်တွင် ဘီရော့က ငန်းဖြူကြီးတစ်ကောင် သူမ၏ သွယ်လျလျခန္ဓာကိုယ်ကို ပတ်ထားသည့်နှယ် မြင်ကြရသည့် ဝတ်စုံဖြင့် လျှောက်လှမ်းသည်။ ငန်းဦးခေါင်းက သူမ၏ ယာဘက်ရင်သားအပေါ်တည့်တည့်မှာ တွဲလောင်းကျနေသည်။
ကမ္ဘာပေါ်တွင် ဝတ်ဆင်မှု အဆိုးဝါးဆုံး worst-dressed အနုပညာရှင်များ စာရင်းတွင် ပါသွားတော့သည်။

တစ်ဆယ်နှစ်ကြာပြီးချိန်တွင် MOMA က လေးစားထိုက်သော ဝတ်စုံဒီဇိုင်းတစ်ခုအဖြစ် ပြတိုက်တွင် ပြသထားရန် ဆုံးဖြတ်ပြီး တောင်းယူကာ ပြသထားသည်။

ထိုဝတ်စုံဖြင့် အော်စကာပွဲ တက်ရာ၌ေဝဖန်စကားများ၊ လှောင်သည့်စကားများ ကြွက်ကြွက်ညံသွားသည်။ Fashion Police မှေဝဖန်သူ Joan Rivers က ‘‘ဒီကလေးမကို အရူးထောင် ပို့ရမယ်’’ ဟု မှတ်ချက်ပြုသည်။ တီဗီ ဖက်ရှငေ်ဝဖန်သူ Steven Cojocaru က ‘‘တွေ့ဖူးသမျှထဲ အတုံးဆုံးတစ်ခုပဲ’’ ဟု မှတ်ချက်ပြုသည်။

ထိုသို့ ပက်ပက်စက်စက်ေဝဖန်ခံရသော်လည်း ငန်းဖြူဝတ်စုံကို ဒီဇိုင်းထုတ်သည့် မာစီဒိုးနီးယားသား မာဂျံ ပီဂျိုစကီးက အားရကျေနပ် ဖြစ်သည်။ အကြောင်းမှာ သူ့ဝတ်စုံသည် အော်စကာတွင် သမိုင်းဝင် ဝတ်စုံဖြစ်သွားသောကြောင့် ဖြစ်သည်။
သူသည် လန်ဒန်မှ KTZ ဖက်ရှင်လုပ်ငန်းတွင် ဒီဇိုင်းသမားအဖြစ်လုပ်ကိုင်နပြေီး တစ်မူထူးခြားသည့် အမျိုးသားဝတ်စုံများကြောင့် နာမည်ကြီးသူ ဖြစ်သည်။

ငန်းဖြူဝတ်စုံကို ပီဂျိုစကီးက Autumn/Winter 2001 ဖက်ရှင်ပွဲတော်တို့၏ catwalk တွင် ထည့်သွင်းပြသပြီး ပွဲထုတ်ခဲ့သော်လည်း မထင်မရှားဖြစ်နေခဲ့သည်။ ဘီရော့က အော်စကာပွဲမှာ ဆင်မြန်းလိုက်သည့်အခါကျမှ ဟိုးလေးတကျော် ဖြစ်သွားရတော့သည်။

ပီဂျိုစကီးက ငန်းဖြူဝတ်စုံအကြောင်းကို ရှင်းပြခဲ့သည်။ ‘‘ငန်းက ဆန်းတယ်။ ရုပ်လုံးကြွ ဝတ်စုံအဖြစ် ဖန်တီးထားတယ်။ တခြားဝတ်စုံတွေလို ပြားချပ်ချပ်မျိုး မဟုတ်ဘူး။ ပစ္စည်းတွေလည်း အမျိုးမျိုး ရောဖက်ပြီး သုံးထားတယ်။ မျက်နှာပြင်ကြမ်းတဲ့ သားရေ ပါတယ်။ သိုးမွေးကတီ္တပါလည်း ပါတယ်။ ဘဲငန်းအမွေး၊ ငန်းအမွေးတွေလည်း ပါတယ်။ ဝတ်စုံတစ်ခုလုံးကို ခြုံငုံပြီး ကြည့်လိုက်ရင် ပန်းပုထုထားတဲ့ ရုပ်တုတစ်ခုလို ဖြစ်နေပါတယ်’’
ထိုသို့ ရောဖက်သည့်ပစ္စည်းများဖြင့် ရုပ်တုသဖွယ်လုပ်ထားသဖြင့် လျှော်ဖွပ်ဖို့ မဖြစ်နိုင်ချေ။ အခြောက်လျှော်၍လည်း မရနိုင်ချေ။ သို့ဖြစ်ရာ ပီဂျိုစကီးက တစ်ထေရာတည်းတူသော ဝတ်စုံနှစ်စုံကို ဆင်တူ ဖန်တီးပေးခဲ့သည်။

အမျိုးမျိုး မကောင်းပြောခံရသော်လည်း ပီဂျိုစကီးက အမှုမထားသည့်နည်းတူ ဘီရော့ကလည်း အရေးမလုပ်ချေ။ သူမ၏ တေးအယ်လ်ဘမ် Vespertine ကို ၂၀၀၁ ခုနှစ်တွင် ထုတ်သည့်အခါ အဖုံးပုံအတွက် ငန်းဖြူဝတ်စုံကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခံကာ သုံးစွဲခဲ့သည်။

ငန်းဖြူကို ဝတ်စုံအဖြစ် ဒီဇိုင်းထုတ်ခြင်းကို Valentino မှ ဒီဇိုင်းသမားများ ဖြစ်ကြသည့် Pierpaolo Piccioli နှင့် Maria Grazia Chiuri တို့က ပြန်လည်ဆန်းသစ်ခဲ့ကြပြီး Spring 2014 collection အဖြစ် ပါရီဖက်ရှင်သီတင်းပတ်တွင် ပြသခဲ့ရာ၌ ချီးကျူးခံရသည်။

ဘီရော့ကို ငန်းဖြူဝတ်စုံကို မည်သို့ထင်မြင်ယူဆသနည်းဟု မီဒီယာသမားတစ်ဦးက မေးမြန်းခဲ့ရာ သူမက ချက်ချင်း အဖြေပေးခဲ့သည်။
‘‘အဲဒါက ဝတ်စုံတွေထဲက ဝတ်စုံတစ်ခုပါပဲ’’

Read 1072 times
Rate this item
(0 votes)