What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်အပြည့်လန်းနိုင်မယ့် အိတ်အလှများ

အမျိုးသမီးကြီးငယ်မရွေး အိမ်ထဲမှ အပြင်ထွက်သည့်အခါတိုင်း လက်ကိုင်အိတ်သည်

မရှိမရှိ လိုအပ်နေသော အရာတစ်ခုဖြစ်ပါတယ်။

ခေတ်ဆန်ပြီး၊ ခေတ်မီသော အမျိုးသမီးတိုင်း အိတ်အလှကလေးများကိုင်ဆောင်ကြပါတယ်။ ကိုင်ဆောင်သည့်အမျိုးသမီးအများစုအတွက် အလှအပနှင့်အတူ လက်ကိုင်အိတ်သည် တစ်ထောင့်တစ်နေရာက ပါဝင်စမြဲဖြစ်ပါတယ်။

လက်ကိုင်အိတ်ကိုင်ဆောင်သော အမျိုးသမီးများက ဒီဇိုင်းအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ Brand အမျိုးမျိုးနှင့်အတူ လှပစေနိုင်သကဲ့သို့ အိတ်တစ်ခုချင်းစီအတွက် Brand တွေကလည်း ကိုင်ဆောင်သူ အမျိုးသမီးကြီးငယ်မရွေး အဆင့်အတန်းကို ကွာသွားစေတတ်ပါတယ်။

ယနေ့ခေတ် တံဆိပ် ကောင်းကောင်းသုံးချင်သော အမျိုးသမီးများအတွက် ခေတ်မီပြီး နောက်ဆုံးပေါ် ဒီဇိုင်းဆန်းများနှင့် သီးသန့်အိတ်အလှများကို ဈေးဝယ်စင်တာကြီးများတွင် ရရှိနိုင်ပါတယ်။

ယခင်က နာမည်ကြီး တံဆိပ်များကို လူကြုံနှင့်သာမှာယူကြလေ့ရှိကြပြီး ယခုအခါတွင်မူ စိတ်ကြိုက်အိတ်ဒီဇိုင်းဆန်းများကို အွန်လိုင်းတွင်လည်းကောင်း၊ ဈေးဝယ်စင်တာကြီးများတွင် လည်းကောင်း ၀ယ်ယူနိုင်ပါတယ်။ အိတ်ဈေးနှုန်းတွေကတော့ ကျပ်သောင်းဂဏန်းမှစ၍ အစားစားရှိကြောင်း သိရပါတယ်။

Read 1777 times
Rate this item
(0 votes)