What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထာကျတဲ့ ပျိုမေလေးတွေ ရွေးချယ်လေ့ရှိတဲ့ ဖက်ရှင်များ

အထာကျတဲ့ ပျိုမေလေးတွေ ရွေးချယ်လေ့ရှိတဲ့ ဖက်ရှင်များ google

လက်ရှိခေတ်စားနေတဲ့ ဖက်ရှင်တွေကနေ သွေဖယ်ပြီး သူများနဲ့မတူ တမူထူးခြားအောင် ဝတ်ဆင်တတ်တဲ့ ကောင်မလေးမျိုး မြင်ဖူးလား။

သူက ရှေ့ကြယ်သီးတပ်ရှပ်အကျီကို အောက်ကနေ Mom Jeans နဲ့ တွဲဝတ်ပြီး All Star လေး စီးရင် စီးထားမယ်။ မြင်နေတွေ့နေကျ မဟုတ်တဲ့ ပွင့်ရိုက်ဒီိဇိုင်း အစားကြီးတွေနဲ့ လူတွေအာရုံကို ဖမ်းစားရင် ဖမ်းစားပစ် လိမ့်မယ်။ ကျိန်းသေတာက သူဝတ်တဲ့အထာကျ တခြား ကောင်မလေးတွေနဲ့ အမြဲကွဲပြားနေတယ် ဆိုတာပါပဲ။

(၁) ရှေ့ကြယ်သီးတပ်ရှပ်လေးတွေရှာဝတ်ပါ

vintage ဖက်ရှင်ပုံစံရဖို့အတွက် ရှေ့ကြယ်သီးတပ်ရှပ်လေး တွေက အဆင်အပြေဆုံးပါ။ သူ့အောက်နားကိုဘောင်းဘီ ဒါမှမဟုတ် စကတ်ထဲ ထည့်ဝတ်တာ၊ ရှေ့နားလေးကိုပဲ ကပိုကရိုထည့်ဝတ်တာမျိုးလုပ်နိုင်ပါတယ်။ hipster စတိုင်လေးရအောင်ဆိုရင်တော့ ရှပ်အရောင်က လိမ္မော်တို့၊ အစိမ်း၊ အဝါရောင်စတာတွေက အဆင်ပြေပါတယ်။ ပန်းရောင်ဆိုလည်း shadeလေးတွေပါတာမျိုးပေါ့။    

1

 

(၂) အကွက်တွေက မဖြစ်မနေရှိသင့်တာတွေပါ

Hipster girl တွေအတွက်တော့ အကွက်တွေမျိုးစုံရှိလေ မိုက်လေပါပဲ။ အကွက်တွေကို ရှပ်အကျီတွေ၊ overall တွေ၊ dress၊ ဘောင်းဘီ၊ စကတ် တွေ့သမျှသာစုဆောင်းထားပါ။ ပြီးရင် အဆင်ပြေသလို တွဲစပ်ဝတ်ဆင်လိုက်ရုံပါပဲ။

3

Read More>> ငယ်မူငယ်သွေးနဲ့ အလှသွေးကြွယ်စေဖို့

(၃) အကျီပွင့်ရိုက်ဒီဇိုင်းတွေက မြင်နေကျမဟုတ်တဲ့ ဒီဇိုင်းဆို ပိုကောင်းပါတယ်

ကိုယ်ဝတ်မယ့် ရှပ်အကျီ ဒါမှမဟုတ် ဘလောက်စ်၊ pullover ဘာပဲရွေးရွေး အကျီမှာပါတဲ့ ပွင့်ရိုက်ဒီဇိုင်း pattern တွေ၊ အစင်းဆိုလည်း အစင်းဒီဇိုင်း အားလုံးက မြင်နေကျမဟုတ်တဲ့ ဒီဇိုင်းလေးတွေ ဖြစ်ဖို့လိုပါတယ်။ အစားကြီးတွေ ဖြစ်လေ အထာကျလေပါ။ vintage ဆန်တဲ့ဘက်ရောက်တဲ့ အပွင့် floral ဒီဇိုင်းတွေဆိုလည်း မိုက်တယ်နော်။ hipster girl တွေအမြဲရွေးတဲ့ ရှပ်print ဒီဇိုင်းကတော့ ကြောင်ရုပ်လေးတွေ ပါတဲ့ print ဒီဇိုင်းတွေပါ။

4

 

(၄) အပွကြီးတွေဝတ်ဖို့မကြောက်ပါနဲ့

ရှပ်အကျီအပွတွေ၊ pullover အပွတွေ၊ ဆွယ်တာအပွတွေ ကို ကပိုကရိုနဲ့ အထာကျအောင် တွဲစပ်တတ်တာ hipster girl လေးတွေပေါ့။ ရှပ်အကျီကို အောက်ဆုံးကြယ်သီးဖြုတ်ပြီး ဘောင်းဘီထဲ ထည့်ဝတ်ရင် ဝတ်မယ်။ ကိုယ့်ချစ်သူရဲ့ ရှပ်ကိုယူပြီး အလွယ်တကူ ကောက်စွပ်လာတဲ့ ပုံဖမ်းချင်ဖမ်း မယ်။ အဖေ့ရှပ်အကျီတွေကလည်း အလုပ်ဖြစ်တယ်နော်။

5

 

(၅) Boyfriend jeans နဲ့ Mom jeans တွေ ရွေးပါ
skinny jeans တွေထက်စာရင် သူတို့သဘောကျတာက Mom jeans တွေ ဒါမှမဟုတ် ပွပွလေးနဲ့ နေလို့ကောင်းတဲ့ Boyfriend jeans တွေပဲပေါ့။ သူတို့စတိုင်ကိုက ပေါ့ပါးပြီး အထာကျနေရမယ် ဆိုတဲ့ စတိုင်မျိုးကိုနော်။

6

 

(၆) အတိုဆိုရင်လည်း ပွပွလေးတွေသာ ရွေးပါ

Hipster girl တွေက ဘော်ဒီဖစ်တွေ၊ အကျပ်လေးတွေနဲ့ ခန္ဓာကိုယ်ကို အသားပေးဖော်ပြတဲ့ အဝတ်အစားမျိုးတွေ ရှောင်တတ်ကြပါတယ်။ ဘောင်းဘီအတိုဆိုရင်လည်း ကိုယ့်ကို သက်တောင့်သက်သာရှိတဲ့ အပွလေးတွေသာ ပိုရွေး ချယ်တတ်ကြပါတယ်။

7

 

Source: I am Fashion

Myanmar Textile and Garment Directory

Read 3039 times
Rate this item
(0 votes)