နွေရာသီအပူရှိန်တွေကို အံတုဖို့ ပေါ့ပေါ့ပါးပါး လွတ်လပ်မှု ရှိတဲ့ ဖက်ရှင်ဒီဇိုင်းပုံစံတွေ ပြောင်းလဲဝတ်ဆင်လာတာမျိုးတွေ ရှိပါတယ်။
လက်ရှိ လူငယ်တွေကြား ခေတ်စားနေတဲ့ ဖက်ရှင်လေးတွေကတော့ ချည်သားလက်ရှည်၊ လက်တို၊ တီရှပ်လက်ပြတ်လေးတွေ၊ လက်ရှည်လေးတွေ၊ အကွက်၊ အစင်းလေးတွေ၊ စပန့်သားလေးတွေကို ဖြစ်ပြီး နွေရာသီနဲ့ လိုက်ဖက်တဲ့ပုံစံ ဖြစ်တဲ့အတွက် ဝတ်စားဆင်ယင်မှု များနေပါတယ်။
နွေရာသီရဲ့ အပူဒဏ်ကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့က မိန်းကလေးအများစုမှာ ဖက်ရှင်ပိုင်းကအစ အသားအရေ ထိန်းသိမ်းမှု ဆံပင်ပုံစံအဆုံး ပုံစံအမျိုးမျိုး၊ ဝတ်စားဆင်ယင်မှု အမျိုးမျိုး ရှိနေပါတယ်။
Read: ဘရာစီယာကို ဘယ်လောက်နေရင် တခါလျှော်သင့်လဲ
တချို့မိန်းကလေးတွေက ချည်သားအကွက်လက်ရှည်အင်္ကျီလေးတွေ၊ ဘောင်းဘီတွေ၊ အကြိုက်တွေ့ကြပါတယ်။ ချည်သားအကွက်တွေက ပေါ့ပေါ့ပါးပါးနဲ့ အပူဒဏ်ကိုလည်း ကာကွယ်ပေးတာတွေကြောင့် အကြိုက်များကြတယ်။
တချို့ကတော့ စကတ်တိုလေးတွေ၊ စကတ်ရှည်ရှည်လေးတွေကို ခါးတိုအင်္ကျီလေးတွေ၊ အတို၊ အပြတ်၊ အပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ကြတာမျိုးတွေ ရှိပါတယ်။ ဂျင်းစကတ်လေးတွေ အင်္ကျီလက်ရှည် လက်တိုပွပွမျိုးစုံနဲ့ ဒီဇိုင်းအမျိုးမျိုး ဝတ်ဆင်ကြပါတယ်။ တချို့ကလည်း ချည်သားဘောင်းဘီပွပွလေးတွေ၊ စပန့်ထည်လေးတွေ ကြိုက်ကြပါတယ်။ ချည်သားဝမ်းဆက်လေးတွေကိုလည်း နွေရာသီဖက်ရှင်အတွက် လူကြိုက်များနေတာ တွေ့ရပါတယ်။
အပူချိန်မြင့်မားမှုတွေကို သက်သာစေမယ့် သနပ်ခါးလိမ်းကြတာတွေ၊ ဆံပင်စည်းတာတွေကိုလည်း ပုံစံအမျိုးမျိုး တွေ့ရပါတယ်။
နွေရာသီမှာ ယောက်ျားလေးတွေအများစုကတော့ ချည်သားအင်္ကျီလေးတွေ၊ တီရှပ်ပွပွလေးတွေ၊ အပွင့်ပုံစံဒီဇိုင်းလေးတွေနဲ့ ရှပ်အင်္ကျီလေးတွေ၊ ချည်သားဘောင်းဘီပန်တိုလေးတွေ၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရှိတဲ့ ပုဆိုးလေးတွေ ဝတ်ကြတာ များပါတယ်။
အပူချိန်မြင့်မားမှုတွေကြောင့် ဖက်ရှင်ဆိုင်အများစုမှာ ချည်သားလက်ရှည်၊ စပန့်၊ ဂျင်းသားလေးတွေ ရောင်အားကောင်းနေပါတယ်။
Source: Kumudra
Myanmar Textile and Garment Directory