What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Boyfriend ရဲ့ ဂျင်းဘောင်းဘီနဲ့ခပ်မိုက်မိုက်စတိုင်

Boyfriend ရဲ့ ဂျင်းဘောင်းဘီနဲ့ခပ်မိုက်မိုက်စတိုင် facebook

သင့်အနေနဲ့ ကိုယ့်ချစ်သူကောင်လေးရဲ့ဂျင်းဘောင်းဘီကို ယူဝတ်မယ်လို့စိတ်ကူးမိဖူးပါသလား။

သင့်စိတ်ထဲမှာ တော့ ယောကျာ်းဘောင်းဘီကြီးကို ဘယ်လိုလုပ်ဝတ်လို့ရမှာလည်းလို့တွေးမိကောင်းတွေးမိပါလိမ့်မယ်နော်။

ဟုတ်တော့လည်းဟုတ်ပါတယ်။

ယောကျာ်းလေးဘောင်းဘီကိုယူဝတ်ရင် ဘယ်လိုသွားပြီး စတိုင်ကျ နေမှာလည်းပေါ့။

မိန်းကလေးနဲ့ဘယ်လိုလုပ်လိုက်မှာလဲပေါ့။

ကိုယ်လည်းအရင်ကဒီလို တွေးမိဖူးပါတယ်။

ဒါပေမယ့် သေချာပြုပြင်ပြီးလိုက်ဖက်တဲ့ အင်္ကျီလေးနဲ့ ၀တ်မယ်ဆိုရင်တော့ တကယ်ကိုလိုက်ဖက်သွားမှာပါ။

ကဲဘယ်လိုဝတ်မလဲဆိုတာကြည့်ရအောင်………။

N7EKsycvrmflko3u8Qrh

-Shoulder off အင်္ကျီ

သင့်boyfriendရဲ့ဘောင်းဘီကိုသင့် ခန္ဓာကိုယ်နဲ့ တော်အောင်ပြုပြင်ဆင်ပြီး သင့်ဆီမှာဝယ်ထားတဲ့ shoulder off အင်္ကျီလေးနဲ့ ဆိုရင်တော့ အရမ်းကိုလိုက်ဖက်သွားမှာဖြစ်ပါတယ်။

သင့်boy friend ဆီက ဂျင်းဘောင်းဘီကို သင်နဲ့တော်သွားအောင်ပြင်ဆင်ပြီး shoulder off အင်္ကျီလေးရယ်၊ဂျင်းဘောင်းဘီအရောင်နဲ့လိုက်ဖက်မယ့်ခါးပတ်လေးရယ် ပေါ့ပေါ့ပါးပါးပုံစံလေးပေါ်လွင်နေမယ့် လွယ်အိတ်လေးရယ်၊ရိုးရိုးရှင်းရှင်းလေးဖြစ်မယ့် ဒေါက်ဖိနပ်လေးရယ်နဲ့ဆိုရင် အရမ်းကိုလိုက်ဖက်ပြီးစတိုင်ကျလှပမှာပါနော်။

NnD8AulgoaKNXipQDKG9

 -အရောင်စုံပါတဲ့ အကွက်ဒီဇိုင်းရှပ်အင်္ကျီ

Tom boy ပုံစံခပ်မိုက်မိုက်ပုံစံလေးဝတ်ချင်တယ်ဆိုရင်တော့ဂှင်းဘောင်းဘီနဲ့ အပေါ် ကနေ ရှပ်အင်္ကျီကိုရောင်စုံအကွက်ပါတာလေးဝတ်ပေးလိုက်ရင်တော့သင်ကလူအများကြားမှာအထာကျကျနဲ့ ရှိနေမှာဖြစ်ပါတယ်။

ဒီလိုပုံစံဝတ်စားထားတယ်ဆိုရင်တော့ဆံပင်ပွဟောင်းဟောင်းလေးစည်းပြီးရူးဖိနပ်လေးနဲ့ဆိုရင်တော့ တကယ်ကိုကြည့်ကောင်းနေမှာသေချာပါဘဲ…….။

bqJzpSQMKuoxY7pYLHub

-အပေါ်ထပ်အင်္ကျီရှည်

ယောကျာ်းလေးဘောင်းဘီရှည်ကို မိန်းကလေးတယောက်ကဒီဇိုင်းမိုက်မိုက်လေးနဲ့ ၀တ်မယ်ဆိုရင်ဝတ်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။

ဂျင်းဘောင်းဘီအရှည်ကိုအထဲမှာတီရှပ်ပြောင်တစ်ထည်နဲ့ အပေါ်ကနေ အင်္ကျီခါးရှည်လေးတစ်ထည်နဲ့ ဆိုရင်လှပနေမှာပါနော်။ 

Rcbtr1jEo1Xd1vgP1EeA

-အစင်းကြားပါတဲ့အင်္ကျီ

ယောကျာ်းလေးပုံစံဂျင်းဘောင်းဘီတွေနဲ့ဆိုရင် အစင်းကြားအင်္ကျီတွေကရိုးရိုးရှင်းရှင်းလေးနဲ့စတိုင် ကျနေမှာအသေချာပါဘဲ။

6r8MQiC0U7SsiU4uEoGp

-တီရှပ်အင်္ကျီ

ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံးကတော့ တီရှပ်အင်္ကျီပါဘဲနော်။အင်္ကျီမှာစတေကာပါတာပါဘဲဖြစ်ဖြစ်မပါတာ ဘဲဖြစ်ဖြစ်လိုက်ဖက်ပါတယ်။

ရူးဖိနပ်တစ်ရံရယ်မျက်မှန်တစ်လက်ရယ်လွယ်အိတ်တလုံးရယ်နဲ့ ဆ်ုရင်တော့ free style လေးနဲ့မိုက်ပြီပေါ့။

source :we.com.mm

 

Read 1378 times
Rate this item
(0 votes)