မိန်းမလှလေး Gigi Hadid ကတော့ Missoni ရဲ့ 2017 ဆောင်းဦး ရာသီစာ ကြော်ငြာ Campaign မှာ အရောင်စုံတွေကြား လူးလွန့်ကခုန် နေလေရဲ့။
Balenciaga, Calvin Klein နဲ့ အခြားသော အမှတ်တံဆိပ်တွေ အတွက် အမိုက်စား ဓါတ်ပုံတွေ အမိအရ ရိုက်ကူးပေးလေ့ရှိတဲ့ photographer တစ်ဦးဖြစ်တဲ့ Harley Weir က ရိုက်ကူးပေးထားတာ ဖြစ်ပြီး Gigi ကို Missoni အမှတ်တံဆိပ်ရဲ့ hallmark ဖြစ်ပြီး ဆွဲဆောင်နိုင်လွန်းတဲ့ အေ
ရာင်အသွေးစုံစုံ prints တွေ patterns knitwears တွေနဲ့အတူ သဘာဝဆန်ဆန် မိတ်ကပ် အပြင်အဆင်တွေနဲ့ အလှဆုံး တွေ့ရတာပါ။
သိပ်တော်တဲ့ ဒီဇိုင်နာ Angela Missoni တစ်ယောက် လာမယ့် ဆောင်းဦးရာသီကို အရောင်စုံတွေနဲ့ ပွေ့ဖက်ကြိုဆိုလို့ ထားတယ်လို့ ဆိုရမှာပေါ့။
source :posh magazine