What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ချစ်ရတဲ့သူနဲ့ ခရီးထွက်မယ်ဆိုရင် အလှဆုံးဖြစ်အောင် ဒီလိုဝတ်ဆင်ကြမယ်

ကိုယ်ချစ်ရတဲ့သူနဲ့ ခရီးထွက်မယ်ဆိုရင် အလှဆုံးဖြစ်အောင် ဒီလိုဝတ်ဆင်ကြမယ် google

အပျော်ခရီးသွားရတဲ့ အခါမျိုးမှာ အပန်းဖြေတာဆိုတော့ အပေါ့ပါးဆုံးနဲ့ သက်တောင့်သက်သာရှိဖို့ လိုတယ်ဆိုပေမယ့် ရှုခင်းလှလှလေးတွေနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ဖို့ အဝတ်အစားလှဖို့လည်း လိုသေးတာပေါ့နော်။

ဒါဆို ခရီးသွားရင် ဘယ်လိုဒီဇိုင်းလေးတွေကို အလှဆုံးဖြစ်အောင်ဝတ်ရမလဲဆိုတာ ပြောပြပေးပါမယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းကိုရွေးချယ်ဝတ်ဆင်ကြည့်ကြတာပေါ့။ ဒါနဲ့ တစ်ခုအကြံပေးချင်တာက ခရီးသွားခါနီးမှ အဝတ်အစား လိုက်ဝယ်တာမျိုးမလုပ်ဘဲ ကိုယ့်မှာရှိတာနဲ့ အလှဆုံးဖြစ်အောင်ဝတ်ဆင်ကြပါလို့။ ပြီးမှ ကိုယ်သွားတဲ့နေရာမှာ ရောင်းချတဲ့ ဒေသထွက် အဝတ်အစားတွေကို ဝယ်ယူဝတ်ဆင်သင့်ပါတယ်။

(၁) မရိုးတဲ့ဒီဇိုင်းလေး

top with jean min

ဒါကတော့ ဘယ်တော့မှ မရိုးတဲ့ဒီဇိုင်းလေးပေါ့။ ဘယ်နေရာသွားသွားအဆင်ပြေမှာဖြစ်ပြီး နေရောင်မခံရအောင် ဦးထုပ်ကြီးကြီးဆောင်းလည်း လိုက်ဖက်ပါတယ်။ အဖြူနဲ့ ဂျင်းက တကယ်ကို လှတယ်နော်။

(၂) ပေါ့ပေါ့ပါးပါး ဂါဝန်လေး

maxi dress min

မိန်းကလေးဆန်ပြီး လှလှလေးနဲ့ ပေါ့ပေါ့ပါးပါး ဂါဝန်လေးတွေကို အိတ်အသေးလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းကလည်း တမျိုးလေးလှတယ်နော်။

(၃) ခပ်မိုက်မိုက်ဒီဇိုင်းလေး

jean min

ဒီလိုခပ်မိုက်မိုက်ဒီဇိုင်းလေးကိုလည်း ခရီးသွားတဲ့အခါဝတ်လို့လှပါတယ်..။ သူငယ်ချင်းတွေ ကြားထဲမှာပေါ်ပြီး သူငယ်ချင်းအကုန်လုံး ဂျင်းနဲ့အဖြူဝတ်ကြမယ်ဆိုလည်း လိုက်ဖက်ပြီး ကြည့်ကောင်းမယ့်ဒီဇိုင်းလေးပါ။ ဓာတ်ပုံရိုက်လည်းပေါ်တာပေါ့။

(၄) အားလုံးကြိုက်မယ့်ဒီဇိုင်း

overall min

ဒါမျိုးဒီဇိုင်းလေးကိုလည်း မိန်းကလေးတော်တော်များများနှစ်သက်ကြမယ်ထင်ပါတယ်။ စကပ်လိုပုံစံဆို ပိုပြီး အဆင်ပြေမှာဖြစ်ပြီး အောက်ပိုင်းကဘောင်းဘီလိုဆိုရင်တော့ ခရီးသွားတဲ့အခါ အပေါ့အပါးသွားတဲ့အခါ မြန်မြန်လုပ်ရတဲ့အတွက် အဆင်ပြေမပါဘူး။

(၅) လုံခြည်ဝတ်ရတာ ရိုးနေတဲ့သူတွေအတွက်

maxi dress min

ဒီပုံစံက အောက်ကဒေါက်စီးထားတဲ့အတွက် အဆင်တော့မပြေပေမယ့် အဝတ်အစားဒီဇိုင်းလေးက တောင်ပေါ်ဒေသသွားတဲ့အခါ ဝတ်ဆင်နိုင်ပြီး ဒေါက်မစီးနိုင်တဲ့အခါ ဖိနပ်အပါးလေးနဲ့စီးရုံပေါ့။ အရှည်ဆိုတော့ ဘုရားတွေဘာတွေသွားလို့အဆင်ပြေပါတယ်… လုံခြည်ဝတ်ရတာ ရိုးနေတဲ့သူတွေအတွက်ပေါ့။

ဆံပင်တိုတိုကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး အထာကျစေမယ့် ဖက်ရှင်တွေ

(၆) အရိုးဆုံးနဲ့ လှလှလေး

midi dress min

ကဲ… ဒါကတော့ အရိုးဆုံးနဲ့ လှလှလေးဖြစ်နေမှာပေါ့။ ပေါ့ပါးပြီး ပူတဲ့ဒေသတွေသွားရင်ဝတ်ဖို့အဆင်ပြေပါတယ်။ ချည်သားကတော့ ဘယ်အချိန်ဝတ်ဝတ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိစေမှာပါ။ အရောင်နုနုလေးတွေ ဝတ်ပြီး ကမ်းခြေတွေသွားပစ်ချင်တယ် ဟုတ်တယ်မလား။

 

Source:we media

Read 1280 times
Rate this item
(1 Vote)