ဒီတစ်ခေါက်ဖက်ရှင်မှာတော့ သင့်ကိုဘယ်သူနဲ့မှမတူပဲ တစ်မူထူးခြားစွာ ဖက်ရှင်ကျကျ၊ စတိုင်လ်ကျကျနဲ့မိုက်နေစေမယ့် အမိုက်စားဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ဒီအမိုက်စားဖက်ရှင်လေးတွေကိုကြည့်ပြီးတာနဲ့ အကုန်လုံးကို ကြွေသွားမှာအမှန်ပါပဲ။ ဒီတော့ ဘယ်လောက်တောင် စတိုင်လ်ကျပြီးမိုက်နေတဲ့ ဖက်ရှင်တွေလဲဆိုတာကို ကြည့်လိုက်ရအောင်။
၁။ Hoodie ရောင်စုံလေးတွေကို ဒီလိုဘောင်းဘီလေးတွေနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးသာစီးလိုက်ပါ။ ဒီနေရာမှာ စတိုင်လ်ကျကျနဲ့ သူများထက်ပိုမိုက်နေတာကတော့ ဆံထုံးထုံးထားတာနဲ့ မျက်မှန်ကြောင့် ပိုပြီးစတိုင်ကျကျနဲ့ မိုက်နေတာပါ။
၂။ နောက်ထပ်ဒီဇိုင်းနှစ်မျိုးကတော့ အခုခေတ်စားနေတဲ့ အင်္ကျီလေးတွေကို ဒီလိုဂျင်းဘောင်းဘီအပြဲ အပွလေးတွေနဲ့ တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးလိုက်ပါ။ ဒါဆိုရင်တော့ ဖက်ရှင်ကျသွားပြီလို့ပြောလို့ မရသေးဘူးနော်။ ဒီလိုဖက်ရှင်မျိုးက ဆံပင်ချထားတာထက် ဆံထုံးထုံးထားတာမျိုးနဲ့မှ ပိုပြီးလိုက်ဖက်တာနော်။ မျက်မှန်လေးပါတပ်လိုက်မယ်ဆိုရင်တော့ လုံးဝကို Perfect ပေါ့။
၃။ ဆောင်းတွင်းဖက်ရှင်အနေနဲ့ ဒီလို skinny ဘောင်းဘီအကျပ်လေးကို ဆွယ်တာနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးလိုက်ရင်ပဲ မိုက်နေပါပြီ...။ ဒါပေမယ့် ဒီလိုမျက်မှန်အမဲ အဝိုင်းပုံစံအသေးလေးကတော့ ဘယ်အဝတ်အစားနဲ့မဆို အရမ်းစတိုင်ကျနေစေပါတယ်။ ဒါကြောင့် ဒီလိုမျက်မှန်လေးပါတပ်လိုက်မယ်ဆိုရင်တော့ ပိုမိုက်တာပေါ့။
၎။ သူမဝတ်ထားတဲ့ အောက်ကအင်္ကျီလေးဆို online မှာ အရမ်းခေတ်စားနေတဲ့အင်္ကျီလေးပဲလေ။ ဒါကိုမှ အပေါ်ကနေ bomber လေးထပ်ဝတ်ပြီး skinny ဘောင်းဘီအကျပ်လေးဝတ်ထားတာဆိုတော့ လူတိုင်းလိုက်ဝတ်လို့ အဆင်ပြေတယ်လေ။ ဖက်ရှင်လည်းအရမ်းကျတယ်လို့ ပြောရမှာပါ။ ဒီမှာဆိုလည်း မျက်မှန်လေးက မပါမဖြစ်ပဲနော်။
ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ပြီး ချစ်စရာကောင်းစေတဲ့ ဖက်ရှင်လေးတွေ
၅။ ဒီပုံလေးမှာတော့ crop top ဆွယ်တာလေးကို leather စကပ်လေးနဲ့တွဲဝတ်ပြီး ဘွတ်ဖိနပ်လေးစီးထားတာပါ။ ဒီလိုဖက်ရှင်မျိုးတွေကိုဝတ်မယ်ဆိုရင်တော့ သူများထက်ပိုပြီးဖက်ရှင်ကျနေစေဖို့ မျက်မှန်လေးတပ်ပြီး ဆံပင်ကိုတော့ ထုံးထားတာလေးက ပိုမိုက်ပါတယ်။
၆။ ဂျင်းကုတ်လေးဝတ်ပြီးရှိုးထုတ်မယ်ဆိုရင်တောင် ဒီလိုလေးဝတ်ပြီး ရှိုးထုတ်လို့ရတယ်နော်။ ဒီဖက်ရှင်မှာလည်း မျက်မှန်နဲ့ ဆံပင်စတိုင်လ်လေးကြောင့် ပိုပြီးစတိုင်လ်ကျ မိုက်နေစေတာပါ။
Source:we media