What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လုပ်ငန်းခွင် ဝင်နေရတဲ့ မမတွေအတွက် ပေါ့ပါးပြီး သက်တောင့်သက်သာရှိစေမယ့် ဖက်ရှင်များ

ရုံးတက်နေရတဲ့သူတွေဟာ အဝတ်အစားရွေးချယ်တဲ့အခါမှာ သက်တောင့်သက်သာဖြစ်တာမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ ဝတ်ထားတဲ့အဝတ်အစားက သက်တောင့်သက်သာရှိနေမှလည်း အလုပ်လုပ်ရတာ စိတ်ကြည်လင်ပြီးအဆင်ပြေစေမှာပါ။ ဒါကြောင့် သက်တောင့်သက်သာလည်းဖြစ်ပြီး ကြည့်ကောင်းနေစေမယ့်ဖက်ရှင် (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ရှပ်အင်္ကျီတွေနဲ့ ဂျင်းဘောင်းဘီ (သို့) ဘောင်းဘီအနက်ရောင်လေးတွေကို တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒီဖက်ရှင်လေးက အလွယ်တကူလည်းဝတ်လို့ရတာဖြစ်သလို နေရတာလည်း သက်တောင့်သက်သာနဲ့ လွတ်လပ်မှုရှိစေပါတယ်။ ရုံးသွားတဲ့အခါမှာ အမြင်လည်းတင့်တယ်စေပါတယ်။

shirt with pant min

 

ဒူးအထက်မရောက်တဲ့ ဂါဝန်လေးတွေကိုဝတ်ဆင်တာကလည်း ရုံးသွားတဲ့အခါမှာ အမြင်တင့်တယ်စေပါတယ်။ ဒါ့အပြင် အရမ်းလည်းမတိုတဲ့အတွက် ဝတ်ရတာပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေပါတယ်။ ဖက်ရှင်ကျပြီး လှပစေသလို နေရတာလည်းလွတ်လပ်စေတော့ ဂါဝန်လေးတွေကိုလည်း ရွေးချယ်လို့ရပါတယ်။

midi dress min

 

စကပ်အကားလေးတွေကို ရိုးရိုးအင်္ကျီပြောင်လေးတွေနဲ့ပဲဖြစ်ဖြစ်၊ အင်္ကျီအဖြူလေးတွေနဲ့ပဲဖြစ်ဖြစ် အဆင်ပြေသလို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင် ဝတ်ရတာအရမ်းပေါ့ပေါးစေသလို၊ မိန်းကလေးဆန်ဆန်နဲ့ ဆွဲဆောင်မှုလည်းရှိစေပါတယ်။ ဒါကြောင့် သက်တောင့်သက်သာရှိတာလေးတွေကို ဝတ်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးကိုလည်း ရွေးချယ်နိုင်ပါတယ်။

midi skirt with blouse min

ရုံးသွားတဲ့အခါ စမတ်ကျကျနဲ့ လှနေစေမယ့် Office ဖက်ရှင်စတိုင်

 

Pant Suit လေးတွေကိုလည်း ဝတ်ဆင်လို့ရပါသေးတယ်။ ရုံးတက်နေတဲ့သူတွေနဲ့အလိုက်ဖက်ဆုံးဖြစ်ပေမယ့် ဒီမှာတော့ ဒီလိုဖက်ရှင်မျိုးကိုဝတ်တဲ့သူ ရှားပါတယ်။ ဒါပေမယ့် ဝတ်လိုက်ရင်လည်း စမတ်ကျကျနဲ့ဖက်ရှင်ကျနေစေတာမို့ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

pant suit min

 

Crop Top အင်္ကျီလေးတွေကို Pencil Skirt လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးကျတော့ ဆွဲဆောင်မှုရှိပြီးလှနေစေမှာဖြစ်တဲ့အတွက် မိန်းကလေးတစ်ယောက်အနေနဲ့ ရွေးချယ်သင့်တဲ့ဖက်ရှင်လေးပါ။ ရုံးသွားတဲ့အခါမှာလည်း ဝတ်သွားလို့အဆင်ပြေစေသလို၊ Crop Top လေးတွေဖြစ်တဲ့အတွက် ဝတ်ရတာသက်တောင့်သက်သာရှိစေပါတယ်။

pencil skirt with crop top min

 

Source:we media

Read 1258 times
Rate this item
(1 Vote)