What's new



Miss Universe အဖွဲ့အစည်း ပိုင်ရှင် ဒေဝါလီခံ

Miss Universe အဖွဲ့အစည်း ပိုင်ရှင် ဒေဝါလီခံ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ယမန်နှစ်က Miss Universe Organization (MUO) ကို ဝယ်ယူခဲ့သည့် ထိုင်းနိုင်ငံမှ JKN Global Group Plc (JKN) သည် ငွေမလည်တော့သည့် အခက်အဲကြောင့်  ဗုဒ္ဓဟူးနေ့  (အောက်တိုဘာ ၈) တွင် ဒေဝါလီခံရန် လျှောက်ထားသည်။

 

JKN သည် မြီရှင်များရန်မှ အကာအကွယ်ရယူရန်အတွက်  လူမွဲခံယူခြင်းဆိုင်ရာ ဗဟိုတရားရုံးတွင် ဒေဝါလီခံရန်  ဒါရိုက်တာဘုတ်အဖွဲ့မှ အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြောင်း ထိုင်းစတော့အိတ်ချိန်း Stock Exchange of Thailand (SET) ထံ အသိပေးပါသည်။

SET က လူမွဲခံယူခြင်းဆိုင်ရာ ဗဟိုတရားရုံးသို့ အသိပေးခဲ့ပြီး JKN သည် မြီရှင်များဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်း၏လုပ်ငန်းပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ခွင့်ပြုရန် တရားရုံးကို တောင်းဆိုခဲ့ပါသည်။

 

JKN ကလည်း တရားရုံးထံ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ JKN က ဦးစီးပြီး ဆောင်ရွက်ရန် ခွင့်ပြုချက်ကုိ 

တောင်းခဲ့ပါသည်။

 

MUO ပိုင်ရှင်က ပြန်လည်ထူထောင်ရေးအစီအမံများကို ဆောင်ရွက်မည်ဖြစ်ကြောင်း SET သို့ ပြောကြားခဲ့သည်။

 

JKN ၏ ကြွေးမြီ ဘတ် ၇.၃၉၈ သန်း ရှိပြီး ပိုင်ဆိုင်မှုအဝဝ ဘတ် ၁၂.၁၆၁ သန်း ရှိသဖြင့် ပိုင်ဆိုင်မှုက ကြွေးမြီထက် ပိုများပါသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလက Miss Universe အမှတ်တံဆိပ်ကို ဘတ် သန်း ၈၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။ အမှတ်တံဆိပ်တန်ဖိုး အနည်းဆုံး ၄၀% တိုးအောင်လုပ်မည်ဟု ကတိပေးခဲ့ပါသည်။

ယခုနှစ် ဇန်နဝါရီလတွင် JKN သည် Miss Universe 2023 ကို လက်ခံကျင်းပရန်  အယ်ဆာဗေဒိုနိုင်ငံကို ရွေးချယ်ခဲ့ကြောင်း ကြေညာခဲ့သည်။

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 279 times
Rate this item
(0 votes)