ပညာရေးဝန်ကြီးဌာန ၊ သုတေသန နှင့် တီထွင် ဆန်းစစ်မှုဦးစီးဌာန မူပိုင်ခွင့်ဌာန ၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဆောင်းဒါးရက်ကန်း) နှင့်
အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်း၍ ရိုးရာ လွန်းရာချိတ်နှင့် အထည်ရက်လုပ်မှု ဒီဇိုင်းဆိုင်ရာ မူပိုင်ခွင့် များသိရှိနားလည်စေရန်
ဟောပြောဆွေးနွေးပွဲ တစ်ခုကိုကျင်းပခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲကိုတော့ မတ်လ ၃ ရက်နေ့ ၊ နံနက် ၉ နာရီခန့်က မန္တလေးခရိုင် အမပူရမြို့နယ် ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးသိပ္ပံ
သင်တန်းခန်းမ ၌ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲကို ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့် ၊ အထည်အလိပ်လုပ်ငန်းရှင်များအသင်း (မန္တလေး)
ဥက္ကဌ ဦးစိုးလွင်ထွန်း ၊ မြန်မာနိုင်ငံကြိုးကြီးချိတ် လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးကျော် စသည့် ကဏ္ဍအသီးသီးမှ
တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။
ထို့နောက် ဆွေးနွေးပွဲတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ၊ မူပိုင်ခွင့် ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က
မူပိုင်ခွင့်သိကောင်းစရာများကိုလည်းကောင်း ၊ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်အေး က ရိုးရာအသိပညာနှင့် ရိုးရာယဉ်ကျေးမှုဖော်ပြချက်များ
အကြောင်း သိကောင်းစရာများကိုလည်းကောင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ခိုင်လင်းက စက်မှုဒီဇိုင်းမှု မူပိုင်ခွင့် အကြောင်း
သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးဟောပြောကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။
Source : စံတော်ချိန်
ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ျဖင့္ဖတ္ရန္ >>>
ပညာေရးဝန္ႀကီးဌာန ၊ သုေတသန ႏွင့္ တီထြင္ ဆန္းစစ္မႈဦးစီးဌာန မူပိုင္ခြင့္ဌာန ႏွင့္ စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန (ေဆာင္းဒါးရက္ကန္း) ႏွင့္
အသက္ေမြးပညာသိပၸံတို႔ ပူးေပါင္း၍ ႐ိုးရာ လြန္းရာခ်ိတ္ႏွင့္ အထည္ရက္လုပ္မႈ ဒီဇိုင္းဆိုင္ရာ မူူပိုင္ခြင့္မ်ားသိရွိနားလည္ေစရန
ေဟာေျပာေဆြးေႏြးပြဲ တစ္ခုကိုက်င္းပခဲ့ပါတယ္။
အဆိုပါေဆြးေႏြးပြဲကိုေတာ့ မတ္လ ၃ ရက္ေန႔ ၊ နံနက္ ၉ နာရီခန္႕က မႏၲေလးခ႐ိုင္ အမပူရၿမိဳ႕နယ္ ၊ ေဆာင္းဒါးရက္ကန္းႏွင့္အသက္ေမြးသိပၸံ
သင္တန္းခန္းမ ၌ က်င္းပခဲ့ပါတယ္။
ေဆြးေႏြးပြဲကို ေဆာင္းဒါရက္ကန္းႏွင့္ အသက္ေမြးပညာ သိပၸံ ေက်ာင္းအုပ္ႀကီး ေဒၚတင့္တင့္ ၊ အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး)
ဥကၠဌ ဦးစိုးလြင္ထြန္း ၊ ျမန္မာႏိုင္ငံႀကိဳးႀကီးခ်ိတ္ လုပ္ငန္းရွင္မ်ားအသင္း ျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠဌ ဦးေက်ာ္ စသည့္ က႑အသီးသီးမွ
တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ပါတယ္။
ထို႔ေနာက္ ေဆြးေႏြးပြဲတြင္ သုေတသနႏွင့္ တီထြင္ဆန္းသစ္မႈ ဦးစီးဌာန ၊ မူပိုင္ခြင့္ ဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ မိုးမိုးသြယ္ က
မူပိုင္ခြင့္သိေကာင္းစရာမ်ားကိုလည္းေကာင္း ၊ ၫႊန္ၾကားေရးမွဴး ေဒါက္တာႏွင္းႏြယ္ေအး က ႐ိုးရာအသိပညာႏွင့္ ႐ိုးရာယဥ္ေက်းမႈေဖာ္ျပခ်က္မ်ား
အေၾကာင္း သိေကာင္းစရာမ်ားကိုလည္းေကာင္း ၊ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္ခိုင္လင္းက စက္မႈဒီဇိုင္းမႈ မူပိုင္ခြင့္ အေၾကာင္း
သိေကာင္းစရာမ်ားကိုလည္းေကာင္း ေဆြးေႏြးေဟာေျပာၾကၿပီး တက္ေရာက္လာသူမ်ား၏ ေမးျမန္းခ်က္မ်ားကိုလည္း ျပန္လည္ေျဖၾကားခဲ့ၾကပါတယ္။
Source : စံတော်ချိန်
ရုိးရာဝတ္စုံဆုိင္ ၁၇၄ ဆုိင္ကိုရွာရန္ႏွိပ္ပါ။
Myanmar Textile and Garment Directory