What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Asia’s Next Top Model တွင် မြန်မာမော်ဒယ်လ် Beauty က Beauty Best Performance ဖြင့် Top 6 တွင် ဆက်လက်ပါဝင်ခွင့် ရရှိ

Asia’s Next Top Model ပြိုင်ပွဲ၏ ယခုတစ်ပတ်ယှဉ်ပြိုင်မှုတွင် မြန်မာမော်ဒယ်လ် Beauty သည် Beauty Best Performance ဆုဖြင့် Top 6 စာရင်းတွင် ဆက်လက်ပါဝင် ခွင့် ရရှိခဲ့ကြောင်း သိရသည်။

မော်ဒယ်လ် Beauty သည် ယခုတစ်ပတ်ယှဉ်ပြိုင်မှု၏ ဓာတ်ပုံ Challenge တွင ဈေးဝယ်ထွက်သည့် ဟန်ပန်ဖြင့် ဓာတ်ပုံရိုက်ကူးရာတွင် အင်အားပြည့်ဝစွာ ဆွဲဆောင်မှုရှိသည့် ဟန်ပန်ဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ အကဲဖြတ်ဒိုင်များ၏ စိတ်ကျေနပ်မှုကို ရရှိစေခဲသည်။
ယခုတစ်ပတ် Challenge တွင် ပထမဦးစွာ စကိတ်စီးယှဉ်ပြိုင်မှုကို နှစ်ဖွဲ့ခွဲ၍ပြုလုပ်စေခဲ့ပြီး မော်ဒယ်လ် Beauty မှာ အစပိုင်းတွင် လဲကျ ကာ အနာတရဖြစ်ခဲသော်လည်း အားမလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ထို့နောက် မော်ဒယ်လ်ခုနစ်ဦးအား နှစ်ဖွဲ့ခွဲ၍ ယှဉ်ပြိုင် စေရာတွင် မော်ဒယ်လ် Beauty ပါ ၀င်သည့် White အဖွဲ့က အနိုင်ရရှိခဲ့ သော်လည်း ယင်းရမှတ်ကို ထည့်သွင်းတွက်ချက်ခြင်းမရှိခဲ့ ပေ။ ဆက်လက်၍ ရမှတ်ပေးမည့် ဓာတ်ပုံ Challange အား ပြုလုပ်ရာတွင် ဟင်းသီးဟင်းရွက်များ၊ အသားငါးများအား ဈေးဝယ်ထွက်သည့် ဟန်ပန်အမူအရာပြုလုပ်စေကာ အိမ်ရှင်မဟန်ပန်ပြင်ဆင်၍ ဓာတ်ပုံရိုက်ကူးစေခြင်းဖြစ်သည်။ ယခင်တစ်ပတ်က ရမှတ်နည်းပါးခဲသည့် မော်ဒယ်လ် Beauty မှာ ယင်းယှဉ် ပြိုင်မှုတွင် အင်အားပြည့်ဝစွာဖြင့် အစွမ်းကုန်အားထုတ် ကြိုးစားခဲသည်။
ယခုတစ်ပတ်၌ ပြိုင်ပွဲဝင်များ၏ Photo Shoot အတွက် ပြင်ဆင်မှုများ၊ Photo Shoot ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား ပြသခဲပြီးနောက် တစ်ဦးချင်းစီ၏ ဓာတ်ပုံများတွင် အားနည်းချက်၊ အားသာချက်များအား ဝေဖန်ထောက်ပြခြဲ့ခင်း ဖြစ်သည်။ ပထမဦးစွာ Best Performance ဆုအားကြေညာရာတွင် မြန်မာမော်ဒယ်လ် Beauty က ရရှိခြဲ့ခင်းဖြစ်သည်။ ထို့နောက် ရမှတ်စာရင်းများကို ဆက်လက်ကြေညာခဲပြီးနောက် Bottom သို့ ကျ ရောက်ခဲသည့် ပြိုင်ပွဲဝင် နှစ်ဦးအနက် တစ်ဦးမှာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကာ Top 6 ပြိုင်ပွဲဝင်များသာ ပြိုင်ပွဲတွင် ဆက်လက်ကျ န်ရှိခဲသည့်။ နောက်တစ်ပတ်တွင် ပြုလုပ်မည့် Asia’s Next Top Model ပြိုင်ပွဲ၌ Top 6 ပြိုင်ပွဲဝင်များသာ ဆက်လက်ယှဉ်ပြိုင် မည် ဖြစ်သည်။ ယင်းသို့ယှဉ် ပြိုင်ရာတွင် မတူကွဲပြားသည့် Challenge ဖြင့်ယှဉ် ပြိုင်ရမည်ဖြစ်ကာ အပတ်စဉ်တိုင်း ခက်ခဲမှုများ၊ စိန်ခေါ်မှုများစွာဖြင့် ယှဉ် ပြိုင် နေရခြင်းလည်း ဖြစ်သည်။ မြန်မာမော်ဒယ်လ် Beauty သည် Best Performance အဖြစ် နှစ်ကြိမ်တိုင် ရွေးချယ်ခံရပြီးဖြစ်သည်။ Asia’s Next Top Model ၏ အပတ်စဉ် ယှဉ် ပြိုင်မှုများအား ဗုဒ္ဓဟူးနေ့တိုင်းတွင် Foxlife မှ ထုတ်လွှင့်ပြသနေခြင်း ဖြစ်သည်။ Asia’s Next Top Model ပြိုင်ပွဲတွင် မြန်မာမော်ဒယ်လ် မေမြတ်နိုးလည်း ပါဝင်ခွင့်ရသည်။

ပထမဆုံး မြန်မာနိုင်ငံမှာ ကျင်းပသည့် Miss Grand International 2018 ပြိုင်ပွဲတွင် Winner ဆုကို ပါရာဂွေးအလှမယ် Clara Sosa ဆွတ်ခူးရရှိ

 

Source:eleven media

Read 1629 times
Rate this item
(1 Vote)