Intexpo Myanmar ပြပွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ လ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ ဒုတိယအကြိမ်
အထူးအိန္ဒိယအထည်ပြပွဲကို Park Royal Hotel တွင် ကျင်းပပြုလုပ် ပြသမှာဖြစ်ကြောင်း သိရပါတယ်။
ပြပွဲတွင် အိန္ဒိယနိုင်ငံ ချည်ထည်နှင့် ပိုးတုတင်ပို့ရောင်းချမှု မြှင့်တင်ရေးကောင်စီ (SRTEPC) သည် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးနှင့် လက်တွဲ၍ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း၏ ကူညီပံ့ပိုးမှုဖြင့် ပြပွဲကို ဖြစ်မြောက်အောင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ပြပွဲတွင် ပါဝင်ပြသမည့် အိန္ဒိယကုမ္ပဏီကြီးများသည် ပိုလီယက်စတား (Polyester)၊ Vicose ချည်ထည်၊ ၀ါချည်၊ ပိုလီဝါချည်ထည် (Poly Cotton)၊ Poly Vicose ချည်ထည်၊ ၀တ်စုံအထည်များ၊ ရှပ်အင်္ကျီအထည်များ၊ အ၀တ်အထည်ပစ္စည်းများ၊ ပန်းထိုးအထည်များ၊ ဖက်ရှင်ချည်ထည်၊ အိမ်အလှဆင်အထည်အလိပ်များ၊ ခေါင်းစည်းပုဝါများ၊ အမျိုးသမီးပုဝါများ၊ ရှောစောင် (Shaw) စသည်တို့ ပါဝင်ပြီး နောက်ဆုံးပေါ် ချည်ထည်၊ ချည်ဝင်များကို ပြပွဲတွင် စုံလင်စွာ ပြသထားမှာဖြစ်ပါတယ်။
INTEXPO ပြပွဲကို မကြာမီကာလတွင် အိန္ဒိယ ကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများအကြား ထိရောက်သော လွန်ထိုးစီးပွားရေးချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်ဦးနှစ်ဖက်စလုံး အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စပ်တူလုပ်ငန်းပေါ်ပေါက်နိုင်ရေးအတါက် တွန်းအားပေးရန် ရည်ရွယ်ပါတယ်။
အိန္ဒိယနိုင်ငံ၏ အထည်အလိပ်လုပ်ငန်း ထုတ်လုပ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁၀ ဘီလျံရှိပြီး ဘီလျံ ၄၀ တန်ဖိုးရှိ အထည်အလိပ်များကို ပြည်ပသို့ တင်ပို့ရောင်းချကြောင်းလည်း သိရပါတယ်။
အိန္ဒိယနိုင်ငံသည် ချည်ထည်-ချည်ခင်တု၊ ၀ါချည်၊ ဆယ်ယူလို့(စ်)ချည်ထည် (Cellilose) အထည်များနှင့် ပိုးထည် ထုတ်လုပ်ရာ၌ ကမ္ဘာတွင် ဒုတိယအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။
လူဖန်တီးသောအထည်များ (Man Made Fibre-MMF) နှင့် ဆက်စပ်အထည်များကို နိုင်ငံ ၁၄၀ ကျော်သို့ လက်ရှိတင်ပို့လျှက်ရှိပြီး ၎င်းအထည်များကို အထူးအဆန်းကြိုက်၍ ပစ္စည်းအရည်အသွေးတွင် အဆင့်မြင့် ကောင်းမွန်မှ လက်ခံသော ဥရောပသမဂ္ဂသို့ အများဆုံးတင်ပို့ရကြောင်း သိရပါတယ်။
ယင်းအထည်များ ပြည်ပတင်ပို့ရာ၌ ဥရောပသမဂ္ဂသို့ ၂၀% တင်ပို့နေရပြီး ၎င်းနောက်တွင် မြောက်နှင့် တောင်အမေရိက၊ အာရှဈေးကွက်သို့ ၂၁% စီနှင့် အရှေ့အလယ်ပိုင်းဒေသို့ ၂၀% အာဖရိကဈေးကွက်သို့ ၁၀% တင်ပို့ရောင်းချကြောင်း သိရပါတယ်။
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏ အထည်အလိပ်နှင့် အ၀တ်အထည်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ပြီး ယင်းတို့အနက် တီထွင်ဖန်တီးသော ချည်ထည်နှင့် ဆက်စပ် အထည်အလိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ သန်းဖိုး ပါဝင်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသို့ တင်ပို့သည့် အိန္ဒိယ MMF အထည်အလိပ်များအနက် အဓိကပစ္စည်းများမှ ပိုလီယက်စတာ ချည်ထည် Polyester Cotton Febrid များ ၁၀၀% ပိုလီယက်စတာအထည်များ အတုချည်ဝင်များနှင့် ပန်းထိုးအထည်စသည်တို့ ပါဝင်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အထည်အလိပ်နှင့် အ၀တ်အထည်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၀၇၀ တန်ဖိုး ကမ္ဘာမှ ၀ယ်ယူတင်သွင်းခဲ့ပြီး ယင်းပစ္စည်းများအနက် လူတီထွင်ဖန်တီးသည့် MMF အထည်အလိပ် အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ပါဝင်၍ မြန်မာနိုင်ငံသို့ အများဆုံး တင်သွင်းခဲ့သည့် နိုင်ငံများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်ကြောင်း သိရပါတယ်။