What's new

×

Warning

JUser: :_load: Unable to load user with ID: 845


B4B Insights Forum 2018

စီးပွားရေးလုပ်ငန်းရှင်များတွေ့ကြုံနေရသော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း အဖြေရှာကာ၊ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ပေါင်းကူးဆက်သွယ် ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်ဖြင့် B4B Insights Forum ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ (၂) ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် - ၂၆.၅.၂၀၁၈(စနေနေ့) မှ ၂၇.၅.၂၀၁၈ (တနင်္ဂနွေနေ့) အထိ

ကျင်းပမည့်အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

ကျင်းပမည့်နေရာ - မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်

နှစ်ရက်တာကျင်းပမည့် ဖိုရမ်တွင် မြန်မာ့စီးပွားရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေကို သုံးသပ်ဆွေးနွေးမည်ဖြစ်ပါသည်။

B4B Insights Forum: Day One Agenda ၂၆.၅.၂၀၁၈(စနေနေ့)
***********************************
B4B Insights Forum ရဲ့ ပထမနေ့မှာ
ကုန်သည်စက်မှုအသင်းချုပ် ကောက်ယူထားတဲ့ Business Survey ရလာဒ်များကို ဦးစွာ တင်ပြမှာဖြစ်ပါတယ်။

ထို့နောက် နံနက် ၉း၃၀ မှ ၁၀း၃၀ အထိ မြန်မာ့စီးပွားရေးကဏ္ဍတစ်ခုလုံးရဲ့ လက်ရှိအခြေအနေကို လုပ်ငန်းကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များက တင်ပြမှာပါ။

U Myint Zaw (MD, AYA Bank)
Daw Win Win Tint (CEO, City Mart Holding Co.,Ltd)
U Shane Win (Vice President, Myanmar Enterprise Construction Association)
U Moe Kyaw (MD, MMRD Company)
Dr. Aung Thein (Chairman, Myanmar Industry Association)
U Ye Min Aung(Vice President, UMFCCI)
U Myint Zaw (MD, Lim Family Co,Ltd)
U Tun Tun Naing (Chairman, Myanmar Young Entrepreneurs Association)
Daw Khine Khine Nwe (Joint Secretary General, UMFCCI)
တို့က တင်ပြဆွေးနွေးကြမှာပါ။

ထို့နောက်မှာတော့

Banking & Finance
Retail
Construction
Services
Industry

ကဏ္ဍအသီးသီးအလိုက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များက Panel Discussion ဆွေးနွေးကြမှာဖြစ်ပါတယ်။

အသေးစိတ်ကို Agenda မှာ ကြည့်နိုင်ပါတယ်။

ညနေ ၅း၀၀ နာရီအချိန်မှာ Forum ပထမနေ့ကို ရုတ်သိမ်းမှာဖြစ်ပြီး၊
Law & Regulations Update, Agribusiness, Trading, SME (Entrepreneurs), Cross Sector Discussion, Wrap- up စတဲ့ကဏ္ဍတွေကိုတော့ မေလ ၂၇ ရက်နေ့မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

B4B Insights Forum: Day Two Agenda ၂၇.၅.၂၀၁၈ (တနင်္ဂနွေနေ့)
***********************************
B4B Insights Forum ရဲ့ ဒုတိယနေ့မှာတော့
အဦးဆုံးအစီအစဉ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းမူဘောင်ကို
သုံးသပ်သွားမှာပါ။

ကုမ္ပဏီများဥပဒေ၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ လက်လီကဏ္ဍ ဖြေလျှော့မှုများ စသည်တို့နဲ့ သက်ဆိုင်တဲ့ လက်ရှိဥပဒေမူဘောင်ကို သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများက အသီးသီး ရှင်းလင်းတင်ပြကြမှာပါ။

ထို့နောက်မှာတော့
Agribusiness
Trading
SME (Entrepreneurship)

Forum တစ်ခုလုံးရဲ့ အနှစ်ချုပ်အစီအစဉ်အနေနဲ့ လုပ်ငန်းကဏ္ဍတွေအားလုံးကို ခြုံငုံ၊ ချိတ်ဆက်ပြီး ဆွေးနွေးကြမယ့် Cross Sector Discussion ပါ။ Panel discussion နဲ့ ဆွေးနွေးကြမှာပါ။

နောက်ဆုံးအစီအစဉ်အနေနဲ့ ဆွေးနွေးချက်များကို ကဏ္ဍအလိုက် သုံးသပ်တင်ပြမယ့် Wrap-Up Session ဖြစ်ပါတယ်။

အစီအစဉ်တစ်ခုစီအလိုက် အသေးစိတ်ကို အခမ်းအနားအစီအစဉ် (Agenda) မှာ ကြည့်ရှုနိုင်ပါတယ်။

Forum ကိုတော့ ညနေ ၅း၀၀ နာရီအချိန်မှာ နိဂုံးချုပ်မှာပါ

day one

day two

 

 

Read 1108 times
Rate this item
(0 votes)