ဒီ တစ်ခေါက်မှာတော့ မြန်မာနိုင်ငံက K drama ပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေနဲ့မြောက်ကိုရီးယားဗိုလ်ကြီး ဇာတ်ကားကို
တော့ အားလုံးသိကြမယ်ထင်ပါတယ်။
အာ့ကားလေးရဲ့ နာမည်ကတော့ Crash landing on you ပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား
နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဦးစားပေးရိုက်ကူးထားပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကြောင့်
ပရိတ်သတ်တွေရဲ့ အားပေးမှု ကိုတစ်ခဲနက်ရရှိထားတဲ့ ဇာတ်လမ်းတွဲ တစ်ခုလည်းဖြစ်ပါတယ်။
အာ့ဒီဇာတ်ကားထဲက အဓိက ဇာတ်ဆောင် မြောက်ကိုရီးယားဗိုလ်ကြီးအဖြစ်သရုပ်ဆောင်ထားတာကတော့
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော Hyun Bin ပဲဖြစ်ပါတယ်။ Hyun bin ဟာဆိုရင် လက်ရှိမှာ
အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး ဆုတွေများစွာ ကိုရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
ဒါပြင့် Hyun bin ဟာ ဖက်ရှင်ကိုလိုက်စားသူတစ်ဦးဖြစ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ လူကြီးလူကောင်းဆန်တဲ့ ဖက်ရှင်ပုံစံတွေကို
ကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါကြောင့် မြောက်ကိုရီးယားဗိုလ်ကြီး Hyun bin ရဲ့ ဖက်ရှင်လေးတွေကို တင်ပြပေးလိုက်ပါတယ်နော်။
အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ၁၃၆ ဦးကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ၁၃၆ ဦးကိုရှာရန်နှိပ်ပါ။
Myanmar Textile and Garment Directory