What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမိုက်စားဖက်ရှင်တွေနဲ့ Beauty Blogger မလေး နေခြည်ဦး

အမိုက်စားဖက်ရှင်တွေနဲ့ Beauty Blogger မလေး နေခြည်ဦး google

နေခြည်ဦးကတော့ မိန်းကလေး ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ Social Influencer တစ်ယောက်ဖြစ်ပြီး beauty blogger တစ်ယောက် အဖြစ် သာမက သရုပ်ဆောင်

တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေသူ တစ်ယောက်ဖြစ်ပါတယ်။ Vivo နဲ့ AIR KBZ ရဲ့ Brand Ambassador တစ်ယောက်အနေနဲ့လဲ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

chi1

နေခြည်ဦးကတော့ မိန်းကလေးတွေအတွက် ဖက်ရှင်နဲ့ ဆိုင်တဲ့ အကြောင်းတွေ အလှအပနဲ့ ဆိုင်တဲ့ ဗဟုသုတတွေ မိတ်ကပ် review တွေကိုလည်း ဖေ့စ်ဘုတ်ကတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိတဲ့ သူလည်း ဖြစ်ပါတယ်။ သူမ review လုပ်ပေးတဲ့ အလှအပ ပစ္စည်းတွေကိုမှ အားပေးချင်တဲ့  Chillies တွေကလဲ အများအပြားပါ။

chi2

အကယ်ဒမီပေးပွဲ မှာလဲ ထူးခြားတဲ့ ဖက်ရှင်နဲ့ တက်ရောက်ခဲ့တာပါ။ ပြင်ဆင်ထားတဲ့ အချိန်မှာလဲ ဒီဇိုင်းအလန်းတွေနဲ့ လှပနေသလို ပေါ့ပေါ့ပါးပါး ပုံရိပ်လေးတွေနဲ့လည်း ဆွဲဆောင်မှုအပြည့်ရှိနေပြီးတော့ အမြဲတမ်းလဲ ဖက်ရှင်ကျနေတတ်သူ တစ်ယောက် ဖြစ်ပါတယ်။

chi3

ဒီနေ့မှာဆိုရင်တော့ ချစ်စရာ Beauty Blogger မလေး နေခြည်ဦးရဲ့ ဖက်ရှင် ကို Textile က မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်ရှင်။

chi5

Myanmar Textile and Garment Directory

Read 1636 times
Rate this item
(1 Vote)