What's new



တရုတ်နိုင်ငံမှ ဆင်ဘောင်းဘီများ တင်သွင်းခွင့် ထိုင်းပိတ်ပင်

တရုတ်နိုင်ငံမှ ဆင်ဘောင်းဘီများ တင်သွင်းခွင့် ထိုင်းပိတ်ပင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းရိုးရာ ကြောင်ပုံများနှင့် ဆင်ပုံများ ပါသည့်  ဘောင်းဘီများ ဈေးပေါပေါဖြင့် ဝင်ရောက်လာမှုကို ဟန့်တားရန် အကောက်ခွန်ဦးစီးဌာနကို ကုန်သွယ်ရေးဝန်ကြီး Phumtham Wechayachai က ညွှန်ကြားထားသည်။

 

ကြောင်ပုံစံများနှင့် ဆင်ပုံစံများသည် အစိုးရ၏ “ထိုင်း အနုပါဝါ”“Thai soft power” ကမ်ပိန်းတွင်  ပါဝင်သည်။ 

 

photo_2024-02-06_13-23-38.jpg

 

 

ဆင်ပုံ ဘောင်းဘီမှ ပုံများ၏ မူပိုင်ခွင့်ကို ယခုအခါ မှတ်ပုံတင်ထားပြီး ဖြစ်သောကြောင့် တရုတ်နိုင်ငံမှ ၎င်းဆင်ပုံ ပါသည့်ဘောင်းဘီများ တင်သွင်းမှုကို တားမြစ်ရန် အကောက်ခွန်ဦးစီးဌာနကို ညွှန်ကြားထားကြောင်း Mr Phumtham က ပြောကြားသည်။

 

photo_2024-02-06_13-23-49.jpg

 

Follower ၁.၄ သန်းရှိသည့်  "Lui Chine" သို့မဟုတ် "shoot2china" ၏ Facebook စာမျက်နှာမှာ ရေပန်းစားသည့် ဆင်ဘောင်းဘီများအကြောင်း ပို့စ်တင်ခဲ့ရာမှ ဆင်ဘောင်းဘီများအတွက်  စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်ခဲ့ပါသည်။

တရုတ် အွန်လိုင်း စျေးဝယ်ပလက်ဖောင်းများတွင် ရောင်းချသည့် ဆင်ဘောင်းဘီများသည် ထိုင်းနိုင်ငံမှာထက် အနည်းဆုံး တဆယ်ဆ စျေးသက်သာပြီးလက်ကားဈေးနှုန်းများသည် တစ်ထည်လျှင် ဘတ် ၃၀ ဝန်းကျင်ဖြင့် စတင်သည်ဟု ၎င်းပို့စ်တွင် တင်ပြထားသည်။ 

ထိုင်းစျေးသည်အချို့က တရုတ်နိုင်ငံမှ ဘောင်းဘီတို ၆၅ ဘတ် နှင့် ဘောင်းဘီရှည် ၇၅ ဘတ်ဖြင့် တင်သွင်း ရောင်းချလျက်ရှိကြောင်း ၎င်းပို့စ်တွင် ဖော်ပြထားသည်။

 

photo_2024-02-06_13-23-53.jpg

 

ထိုသို့ ဈေးသက်သာနေသည်ကို ထိုင်း ပြည်တွင်းမှ ထုတ်လုပ်သူများ မယှဉ်ပြိုင်နိုင်ချေ။ ထိုင်းမှ ဆင်ဘောင်းဘီများ အရည်အသွေး ပိုကောင်းကြောင်း မီးမောင်းထိုးပြပြီး ရောင်းချဖို့ လိုအပ်နေပြီဟု ပို့စ်တွင် အကြံပြုထားသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 330 times
Rate this item
(0 votes)