What's new



ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများ၏ ၉၀ ရာခိုင်နှုန်း တရုတ်လုပ်ငန်းများ ပိုင်ဆိုင်

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံများ၏ ၉၀ ရာခိုင်နှုန်း တရုတ်လုပ်ငန်းများ ပိုင်ဆိုင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းတွင် အထည်ချုပ်စက်ရုံ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်ကုမ္ပဏီများ သို့မဟုတ် တရုတ်ရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်ကြောင်း ဇန်နဝါရီလကုန်တွင် ထုတ်ပြန်သည့် Research and Markets ၏ နောက်ဆုံးအစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။

.

အစီရင်ခံစာ အမည် အပြည့်အစုံမှာ  ‘Cambodia Garment Manufacturing Market Report 2023-2032: Youthful Demographic Dividend Fuels Consumer Market Growth’  ဖြစ်ပါသည်။

.

ကမ္ဘောဒီးယားရှိ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ၎င်း၏ ပို့ကုန်ဈေးကွက်တွင် သိသိသာသာ တိုးတက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့သို့ တိုးတက်လာရသည်မှာ ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍသည် နှိုင်းယှဉ်ပါက ခိုင်မာသော အားသာချက် ရှိနေသောကြောင့်ဟု  ယူဆသည်။

.

နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) များကို အထည်ချုပ်ကဏ္ဍက ဆွဲဆောင်မှု ရှိနေသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ကုမ္ပဏီများကို ဆွဲဆောင်နိုင်သည်။ 

ထိုသို့ FDI များကို ဆွဲဆောင်ထားသဖြင့် ကမ္ဘောဒီးယားမှ အထည်ချုပ်လုပ်ငန်း အားလုံးနီးပါးသည်  နိုင်ငံခြားပိုင် ဖြစ်သည်။ တရုတ်ပိုင် ၉၀% ခန့်ရှိပြီး နယ်သာလန်အပါဝင် ဥရောပမှ ကုမ္ပဏီများ၏ အထည်ချုပ်စက်ရုံများလည်း ရှိသည်။

.

ကမ္ဘောဒီးယား၏ အထည်ချုပ်တင်ပို့မှုသည် အနောက်နိုင်ငံများသို့ အဓိက ဦးတည်နေပြီး ဥရောပသမဂ္ဂ (EU) သည် အကြီးဆုံးဈေးကွက်ဖြစ်သည်။ ဒုတိယအကြီးဆုံးမှာ အမေရိကန် ဖြစ်သည်။

.

ကမ္ဘောဒီးယားနိုင်ငံ၏ စရိတ်စက သက်သာသည့်  အားသာချက်နှင့်  လုပ်သားများ၏ ကျွမ်းကျင်မှုတို့ကြောင့် တရုတ်နှင့် အခြားဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုကို ဆက်လက် အရှိန်မြှင့်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် အလေးပေး ဖော်ပြထားသည်။

.

စီးဝင်သည့် FDI များတွင် ၆၅% နီးပါးသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍကုိ ကြီးစိုးထားကြောင်း Peking University မှ လေ့လာချက်အရ သိရသည်။

.

၂၀၁၈ မှ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားအ၀တ်အထည်နှင့် အဝတ်အထည်ကဏ္ဍ စုစုပေါင်းပို့ကုန်တန်ဖိုးသည် အတက်အကျများ ရှိခဲ့ပြီး အသားတင်ရလဒ်အနေဖြင့် ၃% ကြီးထွားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကူးစက်ရောဂါသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ထုတ်လုပ်ရေး လုပ်ငန်းကို ထိခိုက်ခဲ့သည်။ စုစုပေါင်း ပို့ကုန်တန်ဖိုး ၁၀.၆၃% လျော့ကျသည်။ ကန်ဒေါ်လာ ၇.၃၈၇ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရသည် ကိုဗစ် ထိန်းချုပ်မှု အစီအမံများကို ဖြေလျှော့ပေးခဲ့သည်။ စုစုပေါင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၈.၀၁၈ ဘီလီယံသို့ မြင့်တက်ခဲ့ပါသည်။ 

၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၉.၀၃၅ ဘီလီယံသို့ ထပ်မံ မြင့်တက်ခဲ့သည်။ 

၂၀၂၃ ခုနှစ်တွင် ပြန်လျော့ကျသည်။ ကန်ဒေါ်လာ ၈.၁၂ ဘီလီယံဖိုး တင်ပို့ခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် ၂၀၂၂ ခုနှစ်ထက် ၁၁% လျော့ကျသည်။

ကမ္ဘာ့ဝယ်လိုအား ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် အီးယူတွင် စီးပွားရေး နှေးကွေးနေခဲ့သဖြင့် အဝတ်အထည်များ တင်ပို့မှု လျော့ကျခဲ့ခြင်း ဖြစ်ပါသည်။

 

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 338 times
Rate this item
(0 votes)