What's new



အာလူးပြားကြော် Pringles ဖက်ရှင်စုစည်းမှု

အာလူးပြားကြော် Pringles ဖက်ရှင်စုစည်းမှု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

လူသိများတဲ့  အစားအသောက်အမှတ်တံဆိပ်တွေကို  ဖက်ရှင်လောကထဲကို ဆွဲသွင်းပြီး လှပတဲ့ ဖက်ရှင်အသုံးအဆောင်တွေ ဖန်တီးကြတာမှာ ကမ္ဘာကျော် နှုတ်ခမ်းမွေး အမျိုးသားလိုဂိုအမှတ်တံဆိပ် အားလူးပြားကြော် Pringles ကို ဖက်ရှင်စုစည်းမှု တစ်စုံ ဖန်တီးထားပါတယ်။ 

 

ဗြိတိန်ဒီဇိုင်နာ Anya Hindmarch ရဲ့ စိတ်ကူးလက်ရာဖြစ်ပြီး ဖက်ရှင်စုစည်းမှုမှာ ဖက်ရှင်အသုံးအဆောင် ၄ မျိုး ပါဝင်ပါတယ်။ 

စလွယ် အိတ်ငယ်ကလေးကို Anya Brands Pringles Mini Bucket လို့ အမည်ပေးထားပါတယ်။ လက်လီရောင်းဈေး £745.83 သတ်မှတ်ထားပါတယ်။ ထူထောင်သူ Julius Pringle ပုံ လိုဂိုကို ပုတီးလုံးကလေးများဖြင့် သေသေသပ်သပ် အသေးစိတ် ပုံဖော်ပေးထားပါတယ်။ 

လွယ်ဖို့အတွက် ရွှေချိန်းကြိုးအလှ တပ်ပေးထားပါတယ်။ 

photo_2024-01-12_22-50-47.jpg

 

 

ငွေအကြွေစေ့ ထည့်ဖုိ့ ပိုက်ဆံအိတ်ငယ်ကိုတော့ Anya Brands Pringles Coin Purse လို့ အမည်ပေးထားပါတယ်။ လက်လီရောင်းဈေး £245.83 ဖြစ်ပါတယ်။ အဖုံးအဖွင့်အပိတ်အတွက် ဇစ်တပ်ပေးထားပြီး အခြားအိတ်အကြီးမှာ တွဲချိတ်ဖို့ ကလစ်ချိတ်တခု ထည့်ပေးထားပါတယ်။ ဆိတ်သားရေဖြင့် ချုပ်ထားပါတယ်။ Pringle လိုဂိုကို နေရာအပြည့် ပေးထားပါတယ်။

 photo_2024-01-12_22-50-51.jpg

 

 

နောက်ထပ် ဖက်ရှင်အသုံးအဆောင်ကတော့ ဖိနပ် ဖြစ်ပြီး Anya Brands Pringles Slippers လို့ ခေါ်တွင်ပါတယ်။ လက်လီရောင်းဈေး £495.83 ဖြစ်ပါတယ်။ ကတ္တီပါဖိနပ်ဖြစ်ပါတယ်။ အိမ်တွင်းစီး ဖိနပ်နှင့် တူနေပေမဲ့ သားရေထည် ဖိနပ်အောက်ခံ သုံးထားပါတယ်။

photo_2024-01-12_22-50-55.jpg

 

နောက်ထပ် ဖက်ရှင်အသုံးအဆောင်က ခြုံထည် ဖြစ်ပါတယ်။ Anya Brands Pringles Blanket လို့ အမည်ပေးထားပြီး လက်လီရောင်းဈေး £625 ဖြစ်ပါတယ်။ 

 

photo_2024-01-12_22-50-59.jpg

 

 Anya Brands ဟာ လူသိများတဲ့  အမှတ်တံဆိပ်များဖြင့် ဖက်ရှင် အသုံးအဆောင်များ ထုတ်လုပ်ပါတယ်။ Coca Cola, Kellogg's Corn Flakes, Sprite, L'Oréal အစရှိတဲ့ အမှတ်တံဆိပ်များဖြင့် ဖက်ရှင် အသုံးအဆောင်များ ထုတ်လုပ်ထားပါတယ်။

 

photo_2024-01-12_22-51-04.jpg

 

 

Source zula


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 244 times
Rate this item
(0 votes)