What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နယူးယောက်ဖက်ရှင်ပွဲတော်မှာ ပါဝင်ပြသတဲ့ အင်ကြင်းစံ

မြန်မာ အမျိုးသမီး ဖက်ရှင် ဒီဇိုင်နာ အင်ကြင်းစံက နယူးယောက်မြို့တော်မှာ ကျင်းပနေတဲ့ New York Fashion Week (NYFW)မှာ လူသစ်တန်းအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး သူ့ရဲ့ ဖက်ရှင်တွေကို ပြသခဲ့ပါတယ်။
၂၀၁၈ စက်တင်ဘာလ ၈ ရက် စနေနေ့ ည ၈ နာရီခွဲမှာ Roosevelt Hotel မှာ အင်ကြင်စံရဲ့ ရှိုးပွဲကျင်ပးပမယ်လို့ တရားဝင်ထုတ်ပြန်တဲ့ ရှိုးပွဲများ အစီအစဉ် အချိန်ဇယားမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အင်ကြင်းစံရဲ့ Brand အမည်က The Fashion DJ ဖြစ်ပါတယ်။

ingjin san min

အင်ကြင်းစံဟာ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သူ့ရဲ့ ဖန်တီးမှု စိတ်ကူးတွေကို ဖက်ရှင်လုပ်ငန်းလောကထဲမှာ အကောင်အထည်ဖော်ခဲ့တယ်။ သူက ဒီဇိုင်းတွေ ဖန်တီးနေရရင် ပျော်နေတတ်တဲ့သူ။
“ ကျမအဖို့ ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်လာဖို့အတွက် သက်သက်မျှ မဟုတ်ဘူး။ တစ်ခုခုကို ဖန်တီးနေတာက ပိုတယ်။ ပြီးတော့ ကျမ မြတ်နိုးတဲ့ဟာကို လုပ်ကိုင်တာလည်း ဖြစ်ပါတယ်”
လို့ သူက ပြောပြတယ်။
“ကျမ ဖန်တီးထားတဲ့ ဒီဇိုင်းတွေ အသက်ဝင်လာတာကို မြင်ရတော့ ကျမ အရမ်းပျော်ရွှင်ကြည်နူးတယ်။ ကျမကို ကျမ တကယ်အမှန်အတိုင်း ဖြစ်နေစေတယ်။ ကျမရဲ့ အကောင်းဆုံးဘ၀နဲ့ နေထိုင်နေတယ်”
လို့ သူက ဖြည့်စွက်ပြောပြတယ်။
NYFW ဖက်ရှင်ပွဲတော်အတွက် သူမ ဒီဇိုင်းထုတ်ထားတဲ့ Spring/Summer ’19 ဖက်ရှင် စုစည်းမှုကို သူက အခုလို ပြောပြတယ်။
“ကျမ အရင်က မသုံးဘူးတဲ့ အထည်သားတွေကို သုံးထားတယ်။ နည်းလမ်းတွေကလည်း မတူကြဘူး။ ကျမရဲ့ ဒီဇိုင်းတွေမှာ ဗိသုကာ စိတ်ကူးစိတ်သန်းတွေကို သုံးစွဲဖို့ တကယ်ကို စူးစိုက်ခဲ့ပါတယ်”

သူရဲ့ Instargram က

https://www.instagram.com/ingjinsan/

 


post ၁၀၀ ကျော် တင်ထားပြီး follower 15.2 k ရှိပါတယ်။

 

injinsann fahion dj 1 min

တိုက်တာတွေ ပြည့်နှက်ပြီး တောထနေတဲ့မြို့ကြီးတွေကို ကွန်ကရိတော Concrete Jungle လို့ တင်စားပြောဆိုတဲ့အသုံးအနှုန်းဖြင့် ရှိုးပွဲကို “The Concrete Jungle” လို့ အမည်ပေးထားပါတယ်။
အင်ကြင်းစံက အခုလို ကြိမ်းဝါးထားတယ်။

“ကျမ စကားကျယ်ကျယ်ပြောတာကို ရှင်တို့ ကြားချင်မှ ကြားမယ်
ဒါပေမဲ့ ကျမရဲ့ ဒီဇိုင်းတွေရဲ့ မြည်ဟိန်းသံကိုတော့ ရှင်တို့ ကြားကြရလိမ့်မယ်”

“You may not hear me speak loudly,
but you will hear the ROAR of my designs.”
– INGJIN SAN

 GG Garment Guide

ကံတရားက အသိပေးပြောပြတယ်ဆိုတဲ့ ဒီဇိုင်နာအင်ကြင်းစံ

Read 2965 times
Rate this item
(1 Vote)