What's new

×

Warning

JUser: :_load: Unable to load user with ID: 845

အများနဲ့မတူ တစ်မူထူးခြား Alternative Hair Show ဆိုတဲ့ ဆံပင်ပုံစံအဆန်းကြီးပွဲတော်ကို ဗြိတိန်မှာ အခြေစိုက်ပြီး နှစ်စဉ်ပြုလုပ်လျက်ရှိပါတယ်။

Published in Events & Shows

ဒီဇိုင်နာပြည်စိုးအောင်ဟာဆိုရင်တော့ မြန်မာနိုင်ငံမှာ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

သူဟာ designer ပြိုင်ပွဲတွေမှာလည်း ဒိုင်တစ်ယောက်အဖြစ် မြင်တွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံက နာမည်ကြီးမင်းသမီးတော်တော်များများရဲ့  မင်္ဂလာဆောင်တွေမှာလည်း သတိုးသမီးဝတ်စုံ ချုပ်ပေးခဲ့ရပါတယ်ရှင့်။

ဒီနေ့မှာတော့Textile ကနေ ဒီဇိုင်နာပြည်စိုးအောင်ရဲ့ လက်ရာလေးတွေကို ဖော်ပြပေးချင်ပါတယ်နော်

 

သေသပ်လှပသော အဖြူရောင် သတိုးသမီးဝတ်စုံလေးတွေ

1

 

 

 

3

Related Item>>>ဒီဇိုင်နာ မင်းသက်စံ ဖန်တီးထားတဲ့ တော်ဝင် မင်္ဂလာဝတ်စုံ

 

4

 

5

 

6

 

 

ကျက်သရေရှိလှသော အဝါရောင်သတိုးသမီးဝတ်စုံလေး

8

 

9

 

10

 

 

လှပလွန်းသော အပြာနုရောင်သတိုးသမီးဝတ်စုံ

11

 

 

14

 

ချစ်စရာကောင်းသောပန်းနုရောင်လေးသတိုးသမီးဝတ်စုံလေး

15

 

Reference: Pyae Soe Aung Exclusive Bridal Creations

Myanmar Textile and Garment Directory

Published in Wedding Dress

ခေတ်ရေစီးကြောင်းနဲ့အညီ ဖက်ရှင်ဆိုတာလည်း အမြဲတမ်းပြောင်းလဲနေပါတယ်နော်။Textileကနေ paper website မှာ ဖော်ပြပေးထားတဲ့ ကမ္ဘာပေါ်မှာ top ten စာရင်းဝင် နာမည်ကြီးfashion brand (၁၀)မျိုးကို ပြောပြပေးချင်ပါတယ်နော်

Published in Fashion

ဒီနေ့မှာ Textileကနေသားရေဘောင်းဘီကြိုးချုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်

Published in Training

မိုးရာသီမှာ အပြင်သွားရတာ စိတ်ရှုပ်စရာ ကောင်းပါတယ်။ဒါအပြင် တုတ်ကွေးရန်ကလည်းဂရုစိုက်နေရတာပါပဲ။

Published in Tips

BlackPink အဖွဲ့ဝင်lisa ဟာဆိုရင် အမိုက်စားအရပ်နဲ့fashionကျကျနေတတ်သူတစ်ယောက်ပဲဖြစ်ပြီး မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။

Published in Celebrities

Sophia Amoruso လို့လူသိများတဲ့ Sophia Christina Amoruso ကိုတော့ ၁၉၈၄ ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့

 

Published in Celebrities

တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ The Union of Marketing and Strategy (UMS Institute) မှကြီးမှူးကျင်းပသည့် International Textile & Apparel Forum Myanmar 2019

Published in Industry News

ဆွဲဆောင်မှုရှိခြင်းဟာ ရုပ်ရည်နဲ့ မဆိုင်ပါဘူး။တစ်ခါတစ်လေ ရုပ်ချောတဲ့သူတောင် ဆွဲဆောင်အားကောင်းတဲ့အထဲမှာ မပါတတ်ပါဘူး။ မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားဆိုတာ အခုပြောမယ့် အချက်တွေနဲ့ ပြည့်စုံတဲ့သူဖြစ်တတ်ပါတယ်။


(၁)အသံနေအသံထားကောင်းခြင်း
မျက်နှာအသွင်ပြင် ခန့်ညားတာလိုပဲ ဆွဲအားကောင်းတဲ့ အသံတွေဟာ တစ်ဖက်လူကို တိမ်းညွတ်လာစေနိုင်ပါတယ်။ လေယူလေသိမ်း ကောင်းမွန်ပြီး သြဇာပါတဲ့ အမျိုးသားတွေဟာ ယုံကြည်အားကိုးချင်စရာလို့ အများက ယူဆတတ်ပါတယ်။

1
(၂)တည်ငြိမ်အေးချမ်းခြင်း

ပြဿနာ အခက်အခဲတွေနဲ့ တွေ့ချိန်မှာ ပျာယာခပ်မနေဘဲ တည်ငြိမ်သူဟာလည်း ထူးခြားတဲ့သူအဖြစ်  အများရဲ့အသိအမှတ်ပြုမှုခံရတတ်ပါတယ်။စိတ်အေးချမ်းအောင်နေတတ်သူဟာ ကိုယ်အမှုယာ၊နှုတ်အမှုအယာလည်း တည်ကြည်နေတာကြောင့် သူနဲ့ဆုံသူတိုင်းကိုပါ ငြိမ်သက်အေးဆေးစေနိုင်တဲ့အစွမ်းရှိပါတယ်။

2


(၃)ကိုယ်နံ့ကောင်းအောင် ဂရုစိုက်ခြင်း
အနံ့အသက်ကလည်း လူတစ်ယောက်ရဲ့Attractionပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ လူတွေအများကြီးနဲ့ ဆက်ဆံတွေ့ကြုံနေရသူတွေမှာ ကိုယ်နံ့ကောင်းအောင် အများကြီး ဂရုစိုက်ဖို့လိုပါတယ်။

3

(၄)အဝတ်အစား ဝတ်တတ်ခြင်း
 ဆွဲဆောင်မှုရှိဖို့ တန်ဖိုးကြီး အဝတ်အစားမျိုး ဝတ်စရာမလိုပါဘူး။ယောင်္ကျားတစ်ယောက်ဟာ သပ်သပ်ရပ်ရပ် ဝတ်စားတတ်ရင်ကို လူကြားထဲမှာ ထင်ရှားနေတတ်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာတဲ့ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး သင့်တင့်တဲ့ အဝတ်အစားဝတ်တာဟာ ကိုယ့်စတိုင်အတွက်လည်း ကိုယ့်ကိုယ်ကို ယုံကြည်စိတ် မြင့်မားစေပါတယ်။

4

(၅)ကြင်နာမှု ပြပါ

နှုးညံ့ကြင်နာတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ခြင်းဟာ ယောင်္ကျားတစ်ယောက်အတွက် အကောင်းဆုံးပုံရိပ်ကို ဖော်ပြရာ ရောက်သလို အမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာလည်း လေးစားစရာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်လို ပုံပေါ်စေနိုင်ပါတယ်။

5

 

(၆)ကိုယ်နေဟန်ထား

ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး လက်တွေခြေတွေကို သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်တာ သွားလာ လှုပ်ရှားတာလုပ်သင့်ပါတယ်။ Body Language ပုံစံအရ လွတ်လပ်ပွင့်လင်းတဲ့ Open Typeဖြစ်နေတဲ့သူဟာ ရုပ်မချောတောင် ကြည့်ကောင်းနေမှာပါ။

6

 

(၇)ယောင်္ကျားဆန်ဆန်နေပါ
ယောင်္ကျားတစ်ယောက်ဖြစ်လို့ မုတ်ဆိတ်၊နှုတ်ခမ်းမွှေးလိုမျိုး ယောင်္ကျားလက္ခဏာတွေ ကိုယ့်မှာ ရှိလာပါလိမ့်မယ်။ ဒါတွေကို သပ်သပ်ရပ်ရပ် ကြည့်ပျော် ရှုပျော်ဖြစ်အောင်တော့ ပြုပြင်ပေးရမှာ ဖြစ်ပေမယ့် အလွန်အကျွံ အလှပြင်တာမျိုး မလုပ်သင့်ပါဘူး။
Gym လေး ဘာလေးသွား၊ ကိုယ်ကာယပိုင်းမှာ တောင့်တင်းသန်မာအောင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတစ်ယောက်အဖြစ် လူကြားသူကြားထဲမှာ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိရှိနေနိုင်မှာ ဖြစ်ပါတယ်။

7

 

ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအမျိုးသားတွေက ဆွဲဆောင်မှုရှိနေလဲဆိုတာ ဒီအချက်တွေနဲ့ ကြည့်ကြည်လိုက်ပါနော်

Source: Kwee

Myanmar Textile and Garment Directory

Published in Tips

စက်ချုပ်မမတို့အတွက် ကော်လံပါရင်ဖုံးအင်္ကျီချုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်နော်

Published in Training
Page 9 of 60

Search Articles