What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လုံချည်ဆိုတာ

မြန်မာလူမျိုးတို့သည် ရိုးရာအဝတ်အစားကို ပွဲနေပွဲထိုင်တွေမှာ သာမက နေ့စဉ်ဘ၀တွေမှာပါ ဝတ်ဆင်ကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

အမျိုးသားရော အမျိုးသမီးများဟာ ခါးမှာပတ်ပြီး ဝတ်ရတဲ့ လုံချည်လို့ခေါ်တဲ့ အဝတ်အစားကို တီရှပ်ဒါမှမဟုတ် ဘလောက်စ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေက လုံချည်ကို ဘယ်လိုဝတ်ကြလဲ?လုံချည်ရဲ့ သမိုင်းကြောင်းနဲ့ လုံချည်ကို ဝတ်ဆင်ရတဲ့ အဓိပ္ပာယ် ?

မူလအစ

ပထမဆုံးအနေနဲ့ ယောက်ျားဝတ် မိန်းမဝတ်လုံချည်တွေရဲ့ အရောင်နဲ့ ဒီဇိုင်းဟာ သူတို့ရဲ့ဝတ်ဆင်ပုံကိုမူတည်ပြီးကွဲပြားသွားတာ ဖြစ်ပါတယ်။ယောက်ျားလေးတွေက ကော်လံပါတဲ့ အင်္ကျီ၊စတုရန်းပုံများ၊ ဒေါင်လိုက်အစင်းနဲ့ အလျားလိုက်အစင်း ဒီဇိုင်းတွေကို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ မိန်းခလေးတွေကတော့ ချိတ်လို့ခေါ်တဲ့ လှိုင်းထနေတဲ့ ရိုးရာအဝတ်အထည်တွေ ပန်းပွင့်ပုံနဲ့ အစင်းပါတဲ့အဝတ်အထည်လိုအရာတွေကို ဝတ်ဆင်ရတာ နှစ်သက်ကြတာဖြစ်ပါတယ်။ ချိတ်ဆိုတာ တော်ဝင်ဒီဇိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ချိတ်ရဲ့ဒီဇိုင်းကို ရေးဆွဲတဲ့ ပညာရှင်တွေဟာ ဧရာ၀တီမြစ်ရဲ့ ရေလှိုင်းလေးတွေကို အတုယူရေးဆွဲတာ ဖြစ်တယ်လို့ အဆိုရှိပါတယ်။

 

ယောင်္ကျားတွေရဲ့ လုံချည်တွေဟာ အပိုင်းနှစ်ပိုင်းအဖြစ်ခေါက်ရပြီး ခါးမှာတစ်ဖက်စီ ပတ်ပြီး ဝတ်ဆင်ရတာဖြစ်ပါတယ်။ လုံချည်မှာ အပေါ်နဲ့အောက်ဆိုပြီး မရှိပါဖူး။ ကြိုက်နှစ်သက်ရာကို အပေါ်အောက်ထားပြီး ဝတ်ဆင်နိုင်ပါတယ်။မိန်းမလုံချည်တွေကတော့ ထပ်ဆင်လို့ခေါ်တဲ့ အမည်းရောင်အပတ်ကို အပေါ်ပိုင်းမှာထားပြီး ခါးမှာ ရစ်ပတ်ဝတ်ဆင်ရပါတယ်။ မိန်းမတွေဟာ အဝတ်အစားတွေမှာ အပိုင်းတစ်ခုကို နောက်အပိုင်းတစ်ခုပေါ်ထပ်ပြီး ဝတ်ဆင်ရတာကို ကြိုက်ကြတာဖြစ်ပြီး ဒါဟာ ပိုပြီး သူတို့အတွက် လှစေတယ်လို့ ထင်ကြပါတယ်။လုံချည်ဆိုတာ ချည်မျှင်တွေနဲ့ ရက်လုပ်တာဖြစ်လို့ နေ့စဉ်ဝတ်ဆင်ရာမှာ အသုံးပြုနိုင်ပြီး ပိုးကိုတော့ အရေးကြီးတဲ့ ပွဲနေပွဲထိုင်တွေမှာသာဝတ်ဆင်ပါတယ်။ ပိုးသားကိုအလည်မှာထည့်ပြီး ချည်မျှင်နဲ့ ရက်လုပ်ထားတဲ့ ဒီဇိုင်းတွေကို အမရပူရ၊မန္တလေးမြို့အစွန်ပိုင်းနဲ့ အင်းလေးကန်၊ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ တွေ့ရတာ ဖြစ်ပါတယ်။လုံချည်မှာ အမျိုးမျိုးသော ဖက်ရှင်တွေရှိပါတယ်။မိန်းမများစျေးရောင်းသော အခါ ပစ္စည်းများခေါင်းပေါ်တင်ရွက်ရာတွင် လုံချည်ကို ခေါင်းမှာအခံအဖြစ်ထားပြီးရွက်ကြသလို ကလေးပုခက်နဲ့ မိုးကာရာမှာလည်း လုံချည်ကို သုံးကြပါတယ်။

 

သမိုင်းကြောင်းအနည်းငယ်

မြန်မာမှာ ခေတ်ပေါ်လုံချည်တွေကို ယနေ့ခေတ်မှာ ဝတ်ဆင်လာကြပါတယ်။ ၁၉ရာစု လောက်က အိန္ဒိယလူမျိုးတွေ မိတ်ဆက်ခဲ့တဲ့ ခေတ်ပေါ်လုံချည်တွေဟာ ဗြိတိသျှကိုလိုနီခေတ်မှာ ကျော်ကြားခဲ့ပါတယ်။ယောက်ျားတွေအတွက် ပုဆိုးနေရာမှာ လုံချည်ကဝင်ရောက်လာပြီး၊ မိန်းမတွေအတွက်တော့ ထမီရဲ့နေရာမှာ ကိုလိုနီခေတ်အစပိုင်းမှာ ဝင်ရောက်လာကာ ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိတယ်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ယောက်ျားတွေရဲ့ ပုဆိုး(တောင်ရှည်ပုဆိုး)၏ ပေ၃၀(၉မီတာ)ရှည်လျားတဲ့ အဝတ်အပိုင်းကိုသုံးဖက်ရှည်ကြီးမားသော အချပ်အပြားအဖြစ် ချုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။၁၉ရာစုလောက်ကGeorge Scottလို့ခေါ်တဲ့ ကိုလိုနီခေါင်းဆောင်ကြီးဟာ သူ့ရဲ့ထုတ်ဝေခဲ့တဲ့ "The Burman:His Life and His Notions" ဆိုတဲ့ စာအုပ်မှာ မြန်မာလူမျိူးတွေရဲ့ ဝတ်ဆင်ပုံနဲ့ ပတ်သတ်လို့ "အင်္ကျီက အလွန်ရိုးရှင်းပြီး ကြည့်ကောင်းပါတယ် ပုဆိုးဆိုတာ ပိုးထည်အရှည်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရစ်ပတ်ဝတ်ဆင်ရတာဖြစ်တယ်၊စကော့ဖက်ရှင်တွေလိုပဲ ဖြစ်ပြီး အရှေ့ပိုင်းမှာ ရစ်ပတ်ပြီးဝတ်ရတာဖြစ်တယ်၊ ခါးမှာလက်ဖြင့် ခေါက်ကာ ပတ်ထားပြီးဝတ်ခြင်း (ဒါမှမဟုတ်) ပုခုံးပေါ်မှာ သိုင်းပြီးဝတ်ခြင်းတွေဖြစ်တယ်။

 

စစ်သားတွေဟာ ပုဆိုးကို ခါးထောက်ကျိုက်ဝတ်ဆင်ခြင်းလို့ခေါ်တဲ့ ယနေ့ခေတ်ခြင်းလုံးသမားတွေလို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ အမျိူးသမီးတွေမှာတော့ လုံချည်ကတိုလာတယ်လို့ ဆိုနိုင်ပါတယ်။သင့်အနေနဲ့ ရှေးဟောင်းယဉ်ကျေးမှုအဝတ်အစားတွေနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတွေ၊ သမိုင်းကြောင်းအသေးစိတ် ကိုတော့ Yangon မှာ ရှိတဲ့ သမိုင်းအမွေအနှစ်ပြတိုက်မှာ နေ့စဉ်မနက် ၉နာရီမှ ညနေ ၅နာရီအတွင်း လာရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။နေရာလိပ်စာအပြည့်အစုံကတော့ အမှတ်၂၂/၂၄ ပထမထပ်၊ ပန်းဆိုးတန်းလမ်း ၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။လုံချည်ကို မတူညီတဲ့ အချိန်ကာလတွေမှာ မတူညီသော အဓိပ္ပာယ်တွေနဲ့ ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၂၀မှာတော့ လုံချည်ကို ပင်နီတိုက်ပုံ(အဝါနဲ့အညိုရောထားသော ကုတ်အင်္ကျီ) နဲ့ ယောလူမျိုးတို့က ဝတ်ဆင်ကြပြီး ဒါဟာ ဗြိတိသျှတွေကို ဆန့်ကျင်တဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။ ယခုအခါမှာတော့ မိန်းမပျိုတွေဟာ လုံချည်ကို သူတို့ရဲ့ လှပမှုနဲ့ နုပျိုမှုတို့ကို ပေးသောအရာများလို့ ယုံကြည်ပြီး ဖန်တီးချုပ်လုပ်ဝတ်ဆင်လာကြတာဖြစ်ပါတယ်။ သူတို့အတွက် ရိုးရာကိုလည်း ထိန်းသိမ်းရာရောက်နေခြင်းလည်းဖြစ်ပါတယ်။

 

ဒီဇိုင်း

 

လုံချည်ဟာ ကြွယ်ဝသော ဒီဇိုင်းများနဲ့ လူတိုင်းရဲ့ကြိုက်နှစ်သက်မှုတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။ အသက်ငယ်သူနဲ့ကြီးသူ၊ အရပ်ရှည်သူနဲ့ပုသူ၊ ဝသူနဲ့ပိန်သူ အစရှိတဲ့ မတူညီသောသူများအတွက် လုံချည်မှာ မတူညီသောအရာတွေကိုပေးစွမ်းနိုင်စွမ်းရှိပါတယ်။ စျေးအကြီးဆုံးလုံချည်ဒီဇိုင်းကတော့ လွန်းရာကျော်ချိတ်(လွန်းတစ်ရာနဲ့ရက်လုပ်ထားသောချိတ်)ဖြစ်ပါတယ်။ နာမည်အတိုင်း လွန်းပေါင်းတစ်ရာကို အပိုင်းအစလေးတွေအဖြစ် ရက်လုပ်ပြီး၊ အဆိုပါအပိုင်းအစလေးတွေနဲ့ ချုပ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းပုံစံကို ဂျက်ခေါက် လို့ခေါ်တဲ့ လူမျိုးစုတွေရဲ့ လက်လုပ်လွန်းတွေနဲ့ ပုံဖော်ထားတာပါ။အထည်ဒီဇိုင်းမှာ အရောင်ဆိုးခြင်း၊ ပုံဖော်ခြင်းနဲ့ ရက်လုပ်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။

 

ပြီးပြည့်စုံသော လက်ဆောင်ပစ္စည်း

 

လုံချည်ဟာ နိုင်ငံခြားသားတွေကြားမှာ ကျော်ကြားပြီး လုံချည်ဝါသနာရှင် နိုင်ငံခြားသားတစ်ဦးဖြစ်တဲ့ Sebestianကတော့ "ကျနော် စက်ဘီးစီးချိန်ကလွဲပြီး လုံချည်ကို ဝတ်ပါတယ် သူက ရန်ကုန်ရာသီဥတုနဲ့လည်း လိုက်ဖက်ပါတယ် မကြိုက်တာတစ်ခုကတော့ ပစ္စည်းတစ်ခုခုထည့်ဖို့ လုံချည်မှာအိပ်ကပ်မပါတာပဲ" ဆိုပြီး ပြောသွားပါတယ်။လုံချည်ဟာ မြန်မာတို့ရဲ့ ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခုပါ။ လုံချည်ကို မချုပ်လုပ်ထားပဲလည်းဝယ်လို့ရပေမဲ့ အဆင်သင့်ဝတ်ဆင်နိုင်ရန် ချုပ်လုပ်ဖို့ သင်ပထမဆုံး ပြင်ဆင်ရပါမယ်။စက်ချုပ်သမားတွေဟာ အခုမှစ လုံချည်ဝတ်တယ့်သူတွေအတွက် ဇစ်(သို့မဟုတ်) ကြယ်သီးတစ်ခုခုအား လုံချည်မှာ တပ်ဆင်ပေးပြီး လုံချည်ဝတ်ရ လွယ်ကူစေအောင် ချုပ်လုပ်ပေးပါတယ်။

 

လုံချည်ရဲ့ အနာဂတ်???

 

ယခုအခါမှာ မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် ပိုမိုနီးကပ်လာပြီဖြစ်ပါတယ်။ ဒါဟာ အောင်မြင်လာတဲ့ ကိုရီးယားတွေရဲ့ အနောက်တိုင်းဆန်ဆန်ပြဇာတ်တွေမှာ သူတို့ရဲ့ ရိုးရာဝတ်စုံတွေကြား မြန်မာတို့ရဲ့ လုံချည်တွေက အစားထိုးဝင်ရောက်လာမလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်ပါတယ်။ပွင့်ဖြူစိုး ဆိုသည့် မိန်းမပျိုလေးသည် မြန်မာဝတ်စုံရော အနောက်တိုင်းဝတ်စုံတွေပါ ဝတ်ဆင်တတ်သော သူတစ်ဦးဖြစ်သည်။သူမက လုံချည်တွေဟာ မြန်မာတွေဆီကနေ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဖူးလို့ ပြောခဲ့ပါတယ်"ကျွန်မတို့ဟာ ကိုယ့်ရိုးရာယဉ်ကျေးမှုကို ချစ်ကြပါတယ်၊ လုံချည်ဟာ ဝတ်ရတာသက်သောင့်သက်သာရှိပြီး ကျွန်မကိုကြည့်ကောင်းစေပါတယ်၊ အခုအခါပိုပြီး ဖန်တီးမှုပိုင်းတွေ မြင့်လာပြီး ဇစ်တွေကို လုံချည်မှာ ထည့်လာတာက စကတ်နဲ့ပိုပြီး တူလာပါတယ်၊ ကျွန်မထင်တယ်၊ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ရိုးရာဝတ်စုံတွေကို ခေတ်မှီပြီး စတိုင်ကျကျ ဝတ်ဆင်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူကြပါတယ်၊ မြန်မာအမျိုးသမီးတွေဟာ အရမ်းတိုပြတ်တဲ့ အဝတ်အစားတွေကို ဝတ်ရတာ သက်သောင့်သက်သာ မရှိကြပါဖူး၊ ခြေထောက်အောက်ပိုင်းတစ်ခုလုံးအထိပါအုပ်တဲ့ လုံချည်ရှည်တွေဟာ ၉၀ခုနှစ်လောက်က ခေတ်စားခဲ့ပြီး၊ အခုအခါ ခြေကျင်းဝတ်လောက်အထိရှည်တဲ့ လုံချည်တွေက ပြန်ပြီး ကျော်ကြားလာပါတယ်၊ ကျွန်မကတော့ ဝတ်စုံတွေကို အနောက်တိုင်းနဲ့ မြန်မာတစ်လှည့်စီဝတ်ရတာကို ပိုသဘောကျပါတယ်၊ ဒါဟာ ကျွန်မရဲ့ စိတ်အခြေအနေနဲ့ တစ်ပတ်စီတိုင်းရဲ့ နေ့ရက်တွေပေါ်မှာ မူတည်ပြီးဝတ်ပါတယ်၊ ဥပမာ သောကြာနေ့မျိုးဆို ပေါ့ပေါ့ပါးပါး Jeans ကဲ့သို့ အဝတ်အစားမျိုးကို ဝတ်ပါတယ်” ဆိုပြီးပြောသွားခဲ့ပါတယ်။

Read 2838 times
Rate this item
(1 Vote)