What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်(၂၀)ကျော် မိန်းကလေးတွေ မရှိမဖြစ် လိုအပ်တဲ့ဝတ်စုံ(၅)စုံ

အသက်(၂၀)ကျော် မိန်းကလေးတွေ မရှိမဖြစ် လိုအပ်တဲ့ဝတ်စုံ(၅)စုံ google

   ဒါလေးတွေ ရှိထားတော့ သွားစရာ လာစရာရှိ ခေါင်းသိပ်မစားရတော့ဘူးပေါ့


 အဝတ်အစား ဝတ်တယ်ဆိုတာက ကာလံဒေသံနဲ့ လိုက်အောင် ဝတ်တတ်ရတဲ့အပြင် အသက်အရွယ်နဲ့လည်း လိုက်ဖက်အောင် ဝတ်ဖို့လိုပါသေးတယ်။ အသက် (၂၀) ကျော် မိန်းကလေးတစ်ယောက်အနေနဲ့ အဝတ်အစားဝတ်တဲ့အခါ အရမ်းလည်း ကလေးဆန်ဆန် မဝတ်သင့်တော့သလို အားဂျီးမားပုံလည်း ဖမ်းစရာ မလိုသေးပါဘူး။ နောက်တစ်ချက်က အဲဒီအရွယ်မှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ အသက်အရွယ်ဖြစ်တဲ့အတွက်ကြောင့် ပေါ့ပေါ့ပါးပါး သွားစရာတွေအပြင် လုပ်ငန်းခွင်နဲ့ သက်ဆိုင်ရာ သွားစရာလာစရာ တခြားသော ပွဲနေပွဲထိုင်လေးတွေပါ သွားဖို့ လိုအပ်လာပါတယ်။ အဲဒီအခါ ကိုယ့်အသက်အရွယ်နဲ့လည်း သင့်တော် ကိုယ်သွားရမယ့် နေရာတွေနဲ့လည်း သင့်တော်စေမယ့် အဝတ်အစားလေးတွေ ရှိဖို့သင့်ပါတယ်။ ရှိသင့်တဲ့ အဝတ်အစား (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Black Blazer (အမည်းရောင် ဘလေဇာကုတ်အင်္ကျီ)
အမည်းရောင် ဘလေဇာ ကုတ်လေးက ယောင်း ကျောင်းကို ဝတ်သွားတာပဲဖြစ်ဖြစ် ၊ အလုပ်ခွင် ဝင်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် အသင့်တော်ဆုံး အဝတ်အစားလေး တစ်ခုဆိုတာတော့ ငြင်းမရပါဘူးနော်… လူကြီး ဆန်ပြီး ရင့်ကျက်တဲ့ အသွင်အပြင်လေးကို ရရှိစေတာကြောင့် ကျောင်းမှာ Presentation လုပ်ရတာမျိုး ၊ အလုပ် အင်တာဗျူး သွားတဲ့ အခါမျိုး ၊ အရေးကြီးတဲ့ အစည်းအဝေးတွေ ရှိတဲ့ အခါမျိုးတို့ မှာ အသင့်တော်ဆုံး ဝတ်စုံလေးတစ်ခုပါ… အဲ့ဒါကြောင့် တစ်ထည်လောက်တော့ ဝယ်ထားလိုက်သင့်ပါတယ်။ ချုပ်ရိုးချုပ်သား ကောင်းပြီး ယောင်းကောက်ကြောင်းနဲ့ လိုက်ဖက်စေမယ့် ဘလေဇာကုတ်လေး ဖြစ်စေဖို့ကိုတော့ တစ်ချက် သတိထားပေးလိုက်တယ်နော်။
1
White Tee (အဖြူရောင်တီရှပ်တစ်ထည်)
ယောင်း အပြင်ထွက်တဲ့အခါ ပြင်ဆင်ဖို့ အချိန်မရရင် အဖြူရောင် အင်္ကျီလး တစ်ထည်က ယောင်းကို ပြီးပြည့်စုံပြီး ရိုးရှင်းတဲ့ အလှတရားကို ဆောင်ယူလာပေးနိုင်မှာပါ… ဘောင်းဘီလေး နဲ့ ပဲ တွဲဝတ်ဝတ် ၊ စကတ်လေး နဲ့ ပဲ ဝတ်ဝတ် လိုက်ဖက်စေပါတယ်။ အရမ်းကျပ်နေတာမျိုး အရမ်းချောင် နေတာမျိုး မဟုတ်ပဲ ယောင်းကောက်ကြောင်းနဲ့ လိုက်ဖက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမယ့် သင့်တင့်တဲ့ ဆိုဒ်မျိုးလေးကိုပဲ ရွေးချယ်ဝယ်ပေးနော်…
2
Classic Jeans
ဘယ်လောက်ပဲ ဖက်ရှင်ရေစီးကြောင်းမှာ အသစ်အဆန်းတွေ ပေါ်လာတယ်ပဲပြောပြော အခြေခံဝတ်စုံ ဖြစ်တဲ့ ဂျင်းဘောင်းဘီကတော့ ယောင်းဆီမှာ ရှိကိုရှိသင့်တဲ့ အဝတ်အစားထဲမှာ ပါဝင်ပါတယ်… လိုက် ဖက်တဲ့ ဂျင်းဘောင်းဘီ တစ်ထည်က ယောင်းအလှတရား ဆထက်တိုးအောင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိပါတယ်နော်… ခေတ်စားနေတဲ့ ဂျင်းဘောင်းဘီ အမျိုးအစား ဖြစ်စရာမလိုပါဘူး။ ဘယ်တော့မှ မရိုးသွားမယ့် ဂျင်းဘောင်းဘီ တစ်ထည်ကိုပဲ ရွေးဝယ်ပါ။ အရောင်မှိုင်းမှိုင်းလေးတွေဝယ်ယူဖို့ အက်ဒမင်ကတော့ အကြံပေးချင်ပါတယ်… အရောင်နုနုလေးတွေ ဆိုရင် အရောင်တွေ စွန်းတာ ပေတာမျိုး ဖြစ်ပြီး ကြာကြာမခံတာမျိုး နဲ့ ကြုံနိုင်လို့ ပါနော်…
3
Black Leggings

       Legging ဘောင်းဘီလေးတွေက ယောင်းကိုပိန်သွယ်စေအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်နော်. ပိန်သွယ်တဲ့ ပုံစံလေး ရရှိစေဖို့ အသားကပ်ဘောင်းဘီလေး တစ်ထည်လောက် ဆောင်ထားလိုက်နော်… လူငယ်ဆန်ပြီး သွက်လက်တဲ့ ပုံစံလေးလည်း    ရစေတဲ့အပြင် ဝတ်ရတာ သက်တောင့်သက်သာရှိတာကြောင့် အကောင်းတကာ့ အကောင်းဆုံး ဘောင်းဘီ ဆိုလည်း မမှားပါဘူးနော်…

4
Black Dress
ပွဲနေပွဲထိုင်ဆို အရိုးရှင်းဆုံးနဲ့ အလှပဆုံးက အမည်းရောင် ဝတ်စုံလေးပါ… ညစာစားပွဲသွားတာပဲ ဖြစ်ဖြစ် ၊ ပွဲတစ်ခုခု အရေးပေါ်သွားစရာရှိတာပဲ ဖြစ်ဖြစ် ရှိလာရင် ခေါင်းစားမခံဘဲ အမည်းရောင် ဝတ်စုံလေးသာ ကောက်စွပ်ပြီး သွားလိုက်ပါ။  ယောင်းကောက်ကြောင်း နဲ့ လိုက်ဖက်တဲ့ အမည်းရောင်ဝတ်စုံ ကောင်းကောင်းတစ်စုံလောက်တော့ ရှိထားဖို့ လိုတာပေါ့နော်။
5
ဒီအဝတ်အစားလေးတွေကတော့ (၂၀)ကျော်ယောင်းယောင်းတို့အတွက် ဝယ်ထားသင့်တာလေးပေါ့နော်။ ကျိန်းသေပေါက် ရှိထားသင့်တယ်ဆိုတာထက် ယောင်းတို့ အခြေအနေအချိန်အခါအလိုက် ဝတ်ဖို့ခေါင်းစားလာတဲ့အခါ ဒါလေးတွေက အသင့်တော်ဆုံးလေးတွေလို့ ဆိုလိုချင်တာပါ။ နောက်ဆုံးမှာချင်တာကတော့ ဘယ်လိုအချိန်၊ ဘယလို အခြေအနေဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အမြဲရှိနေဖို့ပါပဲလို့… ယောင်းတို့ အချိန်တိုင်း လှပနေနိုင်ပါစေ။
Source: For her myanmar ပျိုမေတို့ရဲ့ကမ္ဘာ
Myanmar Textile and Garment Directory
Read 4149 times
Rate this item
(0 votes)
Tagged under