ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် UMFCCI တို့ပူးပေါင်းပြီး လက်ရှိပြည်တွင်း
အထည်ချုပ်လုပ်ငန်းများကြုံတွေ့နေရသော ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရန် အတွက်
ဆွေးနွေးပွဲတစ်ခုကို ကုန်သည် စက်မှုအသင်းချုပ် ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေ အနေနဲ့ ကုန်ကြမ်းတွေကို မတ်လလောက်အထိသာ
အဆင်ပြေပြေဆောင်ရွက်နိုင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ပါတယ်။
Coronavirus ဖြစ်ပွားမှုဟာ အရှေ့တောင်အာရှမှ အထည်ချုပ် ကုန်ပစ္စည်းကွင်းဆက်အပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီး
ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကနေဦးစီးပြီး အထည်ချုပ်လုပ်ငန်းများ၏
လက်ရှိအခြေအနေများကို အသိပေးရှင်းလင်းခြင်း သတင်းစာရှင်းလင်းပွဲကို UMFCCI
(မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ)မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အာရှတွင် အကြီးဆုံးအထည်အလိပ်ဖြန့်ဖြူးရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် China Textile City သည်
Zhejiang ပြည်နယ် တွင် ကုန်စည်စင်တာတစ်ခုကိုဖွင့်လှစ်ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တော်၏ အထည်အလိပ် အသင်းဥက္ကဌ Phm Xuan Hong က coronavirus ကြောင့်
ဗီယက်နမ်အထည်အလိပ်လုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ ကုန်ကြမ်းများရရှိမှုရပ်တန့်သွားသဖြင့် ကုန်ကြမ်းသစ်များကို
မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ရယူရန် တိုက်တွန်းခဲ့သည်။
FIEDMC ဥက္ကဌ Mian Kashif ၏ ပြောကြားချက်အရ Faisalabad စက်မှုဇုံဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုကုမ္ပဏီ
(FIEDMC) ၏ အထူးစီးပွားရေးဇုန် Allama Iqbal Industrial City သည်ဂျာမနီ နှင့် အီတလီ မှ ရင်းနှီးမြှုပ်နှံသူများနှင့်
ထုတ်လုပ်သူများ အလွန်စိတ်ဝင်စားလျက်ရှိကြောင်းတွေ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စာရင်းဝင် အထည်အလိပ် ကုမ္ပဏီများသည် ထုတ်ကုန်ဈေးနှုန်းကျဆင်းခြင်း ၊ ဘဏ္ဍာရေး ကုန်ကျစရိတ်တိုးမြှင့်ခြင်း ၊
ဒေသကုန်သုံးငွေကြေးတန်ဖိုးမြှင့်တက်ခြင်း နှင့် ထုတ်လုပ်မှုမြှင့်တက်ခြင်းတို့ကြောင့် ပြီးခဲ့သည် နှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ
ဘဏ္ဍာရေး ရလဒ်မကောင်းခဲ့ပဲ အရှုံးပေါ်ခဲ့ကြောင်း မကြာသေးမီကကြေငြာခဲ့ပါတယ်။