What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Coronavirus ကြောင့် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်အလုပ်သမား သုံးပုံတစ်ပုံရဲ့ ဝင်ငွေဆုံးရှုံးခဲ့ရ

Coronavirus ကူးစက်ရောဂါကြောင့် ယခုနှစ် မတ်လနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်သား သုံးပုံတစ်ပုံနီးပါးသည် ဝင်ငွေဆုံးရှုံးမှုများ ခံစားခဲ့ရကြောင်း Plan International Bangladesh မှပံ့ပိုးသော Girl's Advocacy Alliance (GAA) ရှိ Awaj ဖောင်ဒေးရှင်းမှ

စွမ်းဆောင်ရည်မြှင့်တင်ရေး ဝန်ဆောင်မှုအဖွဲ့ (CBSG) ၏လေ့လာမှုအရ သိရပါတယ်။ ဝင်ငွေဆုံးရှုံးမှုကြောင့် အလုပ်သမား ၂၇ ရာခိုင်နှုန်းရဲ့ စားနပ်ရိက္ခာနှင့် ပညာရေးအသုံးစရိတ်များကို လျှော့ချရန်လည်း တွန်းအားပေးခဲ့ပါတယ်။

 

သူတို့ထဲက ထက်ဝက်ကျော်ဟာ မိသားစုလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ကြွေးမြီထောင်ချောက်ထဲသို့ ကျခဲ့ရတယ်။

 

လေ့လာမှု၏တွေ့ရှိချက်များဖြစ်သော 'Covid-19 နှင့် အမျိုးသမီးစွမ်းအားမြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အသင့်ချုပ်ပြီး အထည်ချုပ်လုပ်ငန်းကို လျင်မြန်စွာ ဆန်းစစ်လေ့လာရမယ် "လို့ Awaj ဖောင်ဒေးရှင်းမှပြုလုပ်သော webinar တစ်ခုတွင် မကြာသေးမီက ကြေညာခဲ့ပါတယ်။

 

ဖြေဆိုသူ ၃၂ ရာခိုင်နှုန်းအရ မတ်လမှဇွန်လအတွင်း ဝင်ငွေဆုံးရှုံးမှုမှာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့တယ်။ ထိုသို့ဖြစ်ရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဝယ်သူများထံမှ အမှာစာများ နည်းပါးခြင်းကြောင့်ဖြစ်ပြီး လုပ်သားများအတွက် အခြေခံလစာ ပေးပြီးနောက် ဝင်ငွေ၏အဓိကအရင်းအမြစ်ဖြစ်တဲ့ အချိန်ပိုကို အကြီးအကျယ်ဖြတ်တောက်ခဲ့ခြင်းကြောင့်လို့ ဆိုပါတယ်။

 

အလုပ်သမားများ ဝင်ငွေဆုံးရှုံးမှုအတွက် အစိုးရ(သို့) အလုပ်သမားသမဂ္ဂများမှတစ်ဆင့် ထိုအလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်းသာ ထောက်ပံ့မှုရရှိခဲ့ပါတယ်။

 

ထို့အပြင် အလုပ်သမား ၉၈ ရာခိုင်နှုန်းသည် coronavirus ကူးစက်ခြင်းမှ ကာကွယ်ရန်၊ စက်ရုံဝင်းအတွင်းသို့ ဝင်ရောက်ခြင်းကို ရှောင်ရှားရန်နှင့် ကျန်းမာရေးလုံခြုံမှုဆိုင်ရာကိစ္စရပ်များအတွက် ဝင်ငွေပိုမိုသုံးစွဲခဲ့ကြရတယ်။

 

CBSG ၏အဆိုအရ စက်ရုံအတော်များများမှာ စီးပွားရေးကျဆင်းမှုကြောင့်စားနပ်ရိက္ခာနှင့်သယ်ယူပို့ဆောင်ရေးကိုလည်း ရုပ်သိမ်းခဲ့ရပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 1004 times
Rate this item
(0 votes)