What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID-19ကြောင့် ဘဏ္ဍာရေး၀င်ငွေ ၄၀ ရာခိုင်နှုန်းကျဆင်းနိုင်ဟု Madameမှ ခန့်မှန်းထားသည်

Covid-19ကာလအတွင်း အဓိက မြို့ကြီးတွေမှာ နေ့တိုင်း မသေချာမရေရာမှုများနှင့်အထူးတားမြစ်ချက်များ ချမှတ်ထားခြင်းကြောင့် စားသုံးသူတွေအပေါ် အကျိုးသက်ရောက်မှုကို အတော်အတန် မြင်သာစွာ တွေ့မြင်နိုင်ပါတယ်။

 

Covid-19ကူးစက်ရောဂါ ပြဿနာတွေကြောင့် လက်ရှိဘဏ္ဍာရေးနှစ်မှာ ၀င်ငွေ ၄၀ ရာခိုင်နှုန်းကျဆင်းလိမ့်မယ်လို့ အ၀တ်အထည် လက်လီအရောင်းကုမ္ပဏီ Madameက ခန့်မှန်းထားပါတယ်။လက်ရှိ စက်တင်ဘာ သုံးလပတ်မှာ အခြေအနေတွေ မတိုးတက်ပါက ကုမ္ပဏီအနေနဲ့ လက်လီအရောင်းနေရာ ၂၀ ရာခိုင်နှုန်း(ပိတ်ထားသောစတိုးဆိုင်များ)ကို စွန့်လွှတ်လိုက်နိုင်ပါတယ်။

 

"ကျွန်တော်တို့အတွက် ၄၀ ရာခိုင်နှုန်းလျှော့ချမှုကို ခန့်မှန်းထားပြီး ပထမသုံးလပတ်မှာ စျေးကွက်ဘယ်လိုလည်ပတ်နေတာကိုကြည့်ခြင်းအားဖြင့် စီးပွားရေးအခြေအနေတွေကို တွေ့ရပါတယ်"လို့ Madame အမှုဆောင်ဒါရိုက်တာ Akhil Jainက ပြောကြားခဲ့ပါတယ်။

 

လက်ရှိမှာMadameတွင် သီးသန့်စတိုးဆိုင် ၁၅၀ကျော်နှင့် အမှတ်တံဆိပ်မျိုးစုံ စတိုးဆိုင် ၆၀၀ ကျော်ရှိပြီး ၎င်းရဲ့ သီးခြား လက်လီအရောင်းဆိုင်တွေရဲ့ ၈၅ ရာခိုင်နှုန်းက ယခုအချိန်မှာ လည်ပတ်နေကြပါတယ်။

 

ဆိုင်ငှားခများနှင့်လက်လီအရောင်းအ၀ယ်ကိုထိန်းသိမ်းရန် ကျွန်ုပ်တို့ကြိုးစားနေကြပါတယ်။အများစုက ငှားရမ်းခတွေလျှော့ချခြင်း သို့မဟုတ် ဝင်ငွေခွဲဝေမှုပုံစံတွေ ပြောင်းလဲဖို့အတွက် ကုန်အမှတ်တံဆိပ်ကို ယခုအချိန်အထိထောက်ခံခဲ့ကြပါတယ်။

 

အကယ်၍ ဒုတိယသုံးလပတ်မှာ စီးပွားရေးအခြေအနေ မူမမှန်ပါက ၂၀ ရာခိုင်နှုန်းအထိ လက်လီရောင်းဝယ်မှုကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။COVID-19 ကြောင့်ဖြစ်ခဲ့တဲ့ ပြတ်တောက်မှုတွေ မတိုင်ခင်က ကုမ္ပဏီအနေနဲ့ လက်ရှိဘဏ္ဍာရေးနှစ်မှာ စတိုးဆိုင်အသစ် ၂၀ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း သိရပါတယ်။

 

စားသုံးသူရဲ့ အကြိုက်က သိသိသာသာ ပြောင်းလဲသွားတာကြောင့် hi-fashionရဲ့ ဝယ်လိုအားက ကျဆင်းနေပါတယ်။

 

မည်သည့် ဖက်ရှင်အမှတ်တံဆိပ် အတွက်မဆို အမျိုးအစားငယ်တွေဖြစ်တဲ့ သက်တောင့်သက်သာရှိတဲ့အဝတ်အစား၊ အိမ်တွင်းအဝတ်အထည်နှင့်အပန်းဖြေမှုတို့က သိသိသာသာ အရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။ကျွန်ုပ်တို့က အလုပ်မှအိမ်၊ အိမ်မှအလုပ် ဖက်ရှင်အချို့ကို မြှင့်တင်ရန်အတွက် အစီအစဉ်တစ်ခုကို မိတ်ဆက်မှာဖြစ်ပါတယ်။

 

"ကျွန်တော်တို့ မကြာခင် သြဂုတ်လမှာ တီရှပ်တွေနဲ့maskတွေ စုဆောင်းမှုအသစ်နှင့်အတူလာမယ့် အစီအစဉ် ရှိပါတယ်။ Loungewear နှင့် nightwearရဲ့စတိုင်တွေဟာ လာမည့် သုံးလပတ်အတွင်း တိုးလာလိမ့်မယ်" လို့ Jainကပြောကြားခဲ့ပါတယ်။

 

REF:Retail.Economic Times

Read 4592 times
Rate this item
(0 votes)
Tagged under