အတွင်းခံလှလှလေး ဝတ်ထားသင့်တဲ့ အကြောင်းရင်း...
အတွင်းခံ ဆိုတာ အမျိုးသားတွေအနေနဲ့ ဘယ်လိုမှနားမလည်နိုင်တဲ့ အရာတစ်ခုပါ။ ‘အတွင်းခံ’ လို့ဆိုလိုရင် အမျိုးသားတွေရဲ့ အတွေးထဲ ချက်ချင်းတန်းပေါ်လာတာက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတစ်ခုပေါ့ “။
အသားညိုသူတွေအတွက်အလိုက်ဖက်ဆုံးအင်္ကျီအရောင်များ
အသားရောင်ညိုတဲ့သူတွေဟာ အသားဖြူတဲ့သူဆိုရင်ဘာမဆိုဝတ်လို့လှတယ်လို့ထင်ကြပါတယ်…။တကယ်တော့အသားအရောင်နဲ့မဆိုင်ပါဘူး…
ကိုယ်ဝယ်လာတဲ့ အဝတ်အစားတွေအတွက် နောင်တမရစေရန် ရှောင်ကြဉ်ရမည့် အချက်များ
အဝတ်အစားတွေ ဝယ်လာပြီး အိမ်ရောက်တော့မှ ငါတော့ ဒါကြီးဝယ်လာမိတာမှားပြီ။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ် ဆိုတာမျိုး ကိုယ့်ကိုယ်ကို အပြစ်တင်တာမျိုးတွေ မဖြစ်ရအောင် ဒီအချက်ကလေးတွေကို ကျင့်သုံးကြည့်လိုက်ပါ။
၁။ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းတွေလောက်သာ ရောင်းချတတ်တဲ့ ဆိုင်မျိုးကိုသာ တန်းသွားပါ။
တစ်ခါတစ်လေ ဈေးအရမ်းကြီးလွန်းတဲ့ ဆိုင်မျိုးကို ရောက်သွားပြီး လိုချင်တာတွေ့လို့ ဝယ်ပြီး အိမ်ရောက်မှ ငါ့ပိုက်ဆံတွေတော့ ကုန်ပါပြီလို့ စိတ်ညစ်နေမယ့်အစား ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းအတိုင်းအတာလောက်နဲ့ ရောင်းချတဲ့ဆိုင်မျိုးကို သာ တန်းသွားပါ။
အဲ့ဒီအထဲကမှ ကိုယ်အကြိုက်ဆုံးကို ရွေးချယ်တာ ကောင်းပါတယ်။
၂။ဦးတည်ချက်ကို မပြောင်းလိုက်ပါနဲ့။
ဆိုင်ရောက်တော့မှ လှတာလေးတွေ တွေ့လို့ ဝယ်လာလိုက်တယ်ဆိုတာမျိုးက ကိုယ်တကယ်လိုအပ်နေတာမျိုး မဟုတ်ရင် စိတ်ညစ်ရပါလိမ့်မယ်။ ကိုယ်ဝယ်ရမယ့် အရာကိုသာ သေချာ ရွေးချယ်ဝယ်ယူပါ။
၃။အကောင်းဆုံးလို့ထင်တဲ့ အရာနှစ်ခုကို ရွေးချယ်ပြီး အဝတ်လဲခန်းကိုသာ တန်းသွားပါ။
ဟိုဟာရော၊ ဒီဟာရော ပစ္စည်းပေါင်းများစွာကို လိုချင်နေလို့တော့ မဖြစ်ပါဘူး။ သင့်အတွက် အသင့်တော်ဆုံးလို့ ထင်တဲ့ အရာနှစ်မျိုးကိုရွေးချယ်ပြီး အဝတ်လဲခန်းမှာ ဝတ်ကြည့်ပါ။
သေချာဝတ်ကြည့်ဖို့တော့ လိုပါတယ်။ ဖြစ်သလို တန်းဝယ်မသွားလိုက်ပါနဲ့။
၄။အဝတ်လဲခန်းမှာ ဆုံးဖြတ်ချက်ကို မြန်မြန်ချပါ။
စဉ်းစားချိန်ကြာလေ ပိုတွေဝေလေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ အကြာကြီးစဉ်းစားပြီးမှ ရွေးချယ်မှု မှားသွားတာမျိုး ရှိတတ်ပါတယ်။
သေချာတာက ကိုယ်ဝတ်ကြည့်လိုက်တာနဲ့ ကိုယ်ဘယ်ဟာ ပိုကြိုက်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိပြီးသားပါ။
၅။သူတစ်ပါးကို မမေးပါနဲ့။
သူငယ်ချင်းကို ငါဘယ်ဟာနဲ့ ပိုလိုက်သလဲလို့ မေးလိုက်တဲ့အခါ သူရွေးပေးတာက ကိုယ်ကြိုက်တဲ့ဟာ မဟုတ်ရင် ဘယ်လိုလုပ်မယ်စိတ်ကူးပါသလဲ။
သူကြိုက်တာကို သင့်တော်တယ်ဆိုပြီး ယူသွားတဲ့အခါ အိမ်ရောက်ရင် ငါရွေးထားတာလေးက ပိုလှရဲ့သားနဲ့ဆိုပြီး နောင်တရနေတတ်ပါတယ်။
အဲ့ဒါဆိုရင် ပိုခံစားရပါလိမ့်မယ်။ ဒီတော့ အပေါ်ကအချက်အတိုင်း သင့်စိတ်တိုင်းကျသာ ရွေးချယ်ပါ။ သူတစ်ပါးအကြံဉာဏ်ကို တတ်နိုင်သလောက် မယူပဲနေပါ။
<<< Zawgyi ျဖင့္ဖတ္ရန္ >>>
အဝတ္အစားေတြ ဝယ္လာၿပီး အိမ္ေရာက္ေတာ့မွ ငါေတာ့ ဒါႀကီးဝယ္လာမိတာမွားၿပီ။ ပိုက္ဆံကုန္တာပဲ အဖတ္တင္တယ္ ဆုိတာမ်ိဳး ကိုယ့္ကိုယ္ကို အျပစ္တင္တာမ်ိဳးေတြ မျဖစ္ရေအာင္ ဒီအခ်က္ကေလးေတြကုိ က်င့္သံုးၾကည့္လိုက္ပါ။
၁။ကိုယ္တတ္ႏိုင္တဲ့ ေစ်းႏႈန္းေတြေလာက္သာ ေရာင္းခ်တတ္တဲ့ ဆုိင္မ်ိဳးကိုသာ တန္းသြားပါ။
တစ္ခါတစ္ေလ ေစ်းအရမ္းႀကီးလြန္းတဲ့ ဆုိင္မ်ိဳးကို ေရာက္သြားၿပီး လိုခ်င္တာေတြ႕လို႔ ဝယ္ၿပီး အိမ္ေရာက္မွ ငါ့ပိုက္ဆံေတြေတာ့ ကုန္ပါၿပီလို႔ စိတ္ညစ္ေနမယ့္အစား ကိုယ္တတ္ႏိုင္တဲ့ ေစ်းႏႈန္းအတိုင္းအတာေလာက္နဲ႔ ေရာင္းခ်တဲ့ဆုိင္မ်ိဳးကို သာ တန္းသြားပါ။
အဲ့ဒီအထဲကမွ ကိုယ္အႀကိဳက္ဆံုးကို ေရြးခ်ယ္တာ ေကာင္းပါတယ္။
၂။ဦးတည္ခ်က္ကို မေျပာင္းလိုက္ပါနဲ႔။
ဆိုင္ေရာက္ေတာ့မွ လွတာေလးေတြ ေတြ႕လို႔ ဝယ္လာလိုက္တယ္ဆုိတာမ်ိဳးက ကိုယ္တကယ္လိုအပ္ေနတာမ်ိဳး မဟုတ္ရင္ စိတ္ညစ္ရပါလိမ့္မယ္။
ကိုယ္ဝယ္ရမယ့္ အရာကိုသာ ေသခ်ာ ေရြးခ်ယ္ဝယ္ယူပါ။
၃။အေကာင္းဆံုးလို႔ထင္တဲ့ အရာႏွစ္ခုကို ေရြးခ်ယ္ၿပီး အဝတ္လဲခန္းကိုသာ တန္းသြားပါ။
ဟိုဟာေရာ၊ ဒီဟာေရာ ပစၥည္းေပါင္းမ်ားစြာကို လုိခ်င္ေနလို႔ေတာ့ မျဖစ္ပါဘူး။
သင့္အတြက္ အသင့္ေတာ္ဆံုးလို႔ ထင္တဲ့ အရာနွစ္မ်ိဳးကိုေရြးခ်ယ္ၿပီး အဝတ္လဲခန္းမွာ ဝတ္ၾကည့္ပါ။
ေသခ်ာဝတ္ၾကည့္ဖုိ႔ေတာ့ လိုပါတယ္။ ျဖစ္သလို တန္းဝယ္မသြားလိုက္ပါနဲ႔။
၄။အဝတ္လဲခန္းမွာ ဆံုးျဖတ္ခ်က္ကို ျမန္ျမန္ခ်ပါ။
စဥ္းစားခ်ိန္ၾကာေလ ပိုေတြေဝေလျဖစ္တတ္ပါတယ္။ တစ္ခါတစ္ေလ အၾကာႀကီးစဥ္းစားၿပီးမွ ေရြးခ်ယ္မႈ မွားသြားတာမ်ိဳး ရွိတတ္ပါတယ္။
ေသခ်ာတာက ကိုယ္ဝတ္ၾကည့္လိုက္တာနဲ႔ ကိုယ္ဘယ္ဟာ ပိုႀကိဳက္သလဲဆိုတာ ကိုယ့္ဘာသာကိုယ္ သိၿပီးသားပါ။
၅။သူတစ္ပါးကို မေမးပါနဲ႔။
သူငယ္ခ်င္းကို ငါဘယ္ဟာနဲ႔ ပိုလိုက္သလဲလုိ႔ ေမးလိုက္တဲ့အခါ သူေရြးေပးတာက ကုိယ္ႀကိဳက္တဲ့ဟာ မဟုတ္ရင္ ဘယ္လိုလုပ္မယ္စိတ္ကူးပါသလဲ။
သူႀကိဳက္တာကို သင့္ေတာ္တယ္ဆုိၿပီး ယူသြားတဲ့အခါ အိမ္ေရာက္ရင္ ငါေရြးထားတာေလးက ပိုလွရဲ႕သားနဲ႔ဆုိၿပီး ေနာင္တရေနတတ္ပါတယ္။
အဲ့ဒါဆိုရင္ ပိုခံစားရပါလိမ့္မယ္။ ဒီေတာ့ အေပၚကအခ်က္အတုိင္း သင့္စိတ္တိုင္းက်သာ ေရြးခ်ယ္ပါ။ သူတစ္ပါးအႀကံဥာဏ္ကို တတ္ႏိုင္သေလာက္ မယူပဲေနပါ။
Credit : Trend Myanmar
Myanmar Textile and Garment Directory
သူတို႔လို လွပစြာ ခ်ဳပ္ဖို႔ ဖက္ရွင္ဒီဇိုင္နာေတြကို သိခ်င္တယ္ဆိုရင္ေတာ့ဒါေလးကို ႏွိပ္လိုက္ပါေနာ္