ယောကျာ်းလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပစ္စည်းတွေကို သင်သိပါသလား။
အဲ့ဒီ ပစ္စည်းတွေကတော့ နာရီကောင်းကောင်းတစ်လုံး၊ ပိုက်ဆံအိတ်ကောင်းကောင်းတစ်လုံးရယ်ပဲဖြစ်ပါတယ်။
ယောကျာ်းလေးအများစုကလည်း နာရီဝတ်ဆင်ရတာနဲ့ သွားလေရာပိုက်ဆံအိတ်လေးတွေကိုင် ဆောင်သွားရတာ
( ဒါမှမဟုတ်) ပိုက်ဆံအိတ်ကောင်းကောင်းလေးတွေ စုဆောင်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။
အခုလည်း Textile ကနေ ပိုက်ဆံအိတ်ကောင်းကောင်းလေးတွေ စုဆောင်းရတာ ဝါသနာပါတဲ့ ဘော်ဒါတွေ အတွက်
ကမ္ဘာဈေးအကြီးဆုံး အမျိုးသားပိုက်ဆံအိတ်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
1. Biometric Wallet (Dunhill)- ဒေါ်လာ ၈၂၅
2. Bottega Veneta Wallet (Wiberlux)- ဒေါ်လာ ၅၅၆
3. Zip Wallet (Saint Laurent)- ဒေါ်လာ ၄၃၂
4. Paros Spiked Wallet (Christian Louboutin)- ဒေါ်လာ ၄၀၂
5. Printed Logo Two-Tone Leather Wallet (Givenchy)- ဒေါလာ၃၂၀
အားလုံးအတွက် ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်
<<< Zawgyi ဖြင့်ဖတ်ရန် >>>
5. Printed Logo Two-Tone Leather Wallet (Givenchy)- ဒေါ်လာ၃၂၀
ref : financesonline.com
Myanmar Textile and Garment Directory
ဒီတစ်ခေါက်မှာတော့ ကျောပိုးအိတ် လွယ်ရတာကြိုက်နှစ်သက်တဲ့ဘော်ဒါတွေနဲ့ ကျောပိုးအိတ်လှလှလေးတွေ
စုဆောင်းရတာ ဝါသနာပါတဲ့ ပရိတ်တွေ အတွက် Textile ကနေ ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ကျောပိုးအိတ်
လေးတွေကို ဗဟုသုတအနေဖြင့် တင်ပြပေးချင်ပါတယ်။
ဖက်ရှင်နဲ့ ပတ်သက်တဲ့ Accessories ပစ္စည်းတွေထဲမှာ ခါးပတ်ဟာဆိုရင် အခြေခံ Accessories ကျတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။
Textile ကနေမှ မျက်မှန်ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၀ ခုနှစ်မှာ ဈေးအကြီးဆုံးမျက်မှန်တွေကို
ဗဟုသုတအနေနဲ့ တင်ပြပေးချင်ပါတယ်။
ဖက်ရှင်ရဲ့ ခေတ်ရေစီးကြောင်းဟာအမြဲပြောင်းလဲနေတတ်ပါတယ်။ ယခင်နှစ်ဆောင်းတွင်းတွေမှာ သင် ဘယ်လို အနွေးထည်ကိုရွေးချယ်ခဲ့ပါသလဲ။
နှစ်စဉ် ဒီဇင်ဘာလ (25) ရက်နေ့တွင် ကမ္ဘာအနှံ့အပြား၌ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထား ကျင်းပသော ပွဲတော်မှာ နာတာလူးပွဲတော် (သို့မဟုတ်) ခရစ္စမတ်ပွဲတော် ဖြစ်ပါသည်။
လူတစ်ယောက်ဖက်ရှင်ကျမှု မကျမှု ကိုတော့ သင်ဝတ်ဆင်ထားတဲ့ ခေါင်းအစခြေအဆုံး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဆုံးဖြတ်ကြတာပါ။ လူတစ်ယောက်နေ့စဉ်ကောင်းစွာ လှုပ်ရှားသွားလာရန် ဖက်ရှင်ကျပြီး သက်တောင့် သက်သာရှိတဲ့ ဖိနပ်တစ်ရံ ရှိဖို့ လိုအပ်ပါတယ်။
ခပ်ခပ်လန်းလန်း Sneaker ကောင်းတစ်ရံရှိဖို့ကတော့ ယောကျာ်းလေးတိုင်းရဲ့ အိမ်မက်ပါ ။
Sneaker တွေဟာ ဖက်ရှင်ကျရုံသာမက သက်တောင့်သက်သာရှိလွန်းတာကြောင့် လူငယ်တိုင်းကြိုက်နှစ်သက်တဲ့ ဖိနပ်အမျိုးစားတွေပါ ။
ဒီဇင်ဘာလဆိုတာဟာနှစ်တစ်နှစ် နောက်ဆုံးနှစ်ဖြစ်သလို ပျော်ပွဲရွှင်ပွဲတွေ အလွန်ပေါတဲ့ လတစ်လလည်းဖြစ်ပါတယ် ။
ကုမ္ပဏီတွေ ဟာလည်း ကုမ္ပဏီ ပါတီပွဲတွေကျင်းပတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။
ရုံးပိုင်းဆိုင်ရာ အလုပ်လုပ်တဲ့ ပျိုမေတွေဟာ ဆိုရင်လည်း ရုံးပါတီ အတွက် ဘာဝတ်ရမလည်း ခေါင်းစားတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရုံးတက်တဲ့ပျိုမေတွေအတွက် ကုမ္ပဏီပါတီ၊ ရုံးပါတီ တွေမှာ ဘယ်လိုဖက်ရှင်မျိုးလေးတွေ တွဲဖက်ဝတ်ဆင်သင့်လည်းဆိုတာကို
အကြံပြုပေးချင်ပါတယ်။
Bling Bling ဖြစ်တဲ့ Dress
ပြောင်ပြောင်လက်လက်ဖြစ်တဲ့ ဝတ်စုံလေးတွေဟာ ဆိုရင် သင့်ရဲ့အလှကိုပိုတောက်ပစေပြီး လူအများကြားမှာပိုပေါ်လွင်စေပါတယ်။
ပုံမှန်ရုံးဝတ်စုံ နဲ့ ဒေါက်ဖိနပ် အနီရဲရဲ
နေ့စဉ်ဝတ်နေကျ ရုံးဝတ်စုံလေးကိုပဲ ဒေါက်ဖိနပ်အနီရဲရဲ လေးနဲ့ တွဲဖက်ဝတ်ဆင်ရင်လည်း ရုံးပါတီအတွက် သင့်တော်ပါတယ်။ ရုံးဝတ်စုံတွေအမြဲ စမတ်ကျပြီး ဒေါက်ဖိနပ်အနီရဲရဲကတော့ သင့်ကို ပိုပြီး ယုံကြည်မှု ရှိစေပါတယ်။
ဂျင်းဘောင်းဘီအကျပ်နဲ့ အတွန့်အဖတ်အင်္ကျီ
ဒီပုံစံလေးကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြစ်စေပြီး ရုံးပါတီတွေနဲ့ သင့်တော်တဲ့ပုံစံလေးပါ။