ယောကျာ်းလေးတွေအတွက် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Accessories ပစ္စည်းတွေထဲမှာနာရီကောင်းကောင်းတစ်လုံး
ရှိဖို့လည်းလိုအပ်ပါတယ်။
ယောကျာ်းလေးတစ်ယောက် အပြင်ထွက်တဲ့အခါမှာ ဖက်ရှင်ကျဖို့ဆိုရင် နာရီ ၊ မျက်မှန် ၊ အင်္ကျီ ၊ ဘောင်းဘီ ၊
ဖိနပ်တွေကိုပဲ လိုအပ်တယ်ဆိုရင်တော့ သင်မှားသွားပါလိမ့်မယ်။
အခု ဆောင်းတွင်း ကာလာဟာ မကြာခင်မှာကုန်ဆုံးတော့မှာပါ။ ဆောင်းတွင်းကာလကုန်ဆုံးပြီးတာနဲ့
အလွန်ပူပြင်းသလောက် အပြင်ထွက်လည်လို့ကောင်းတဲ့ နွေဦးကာလကိုရောက်မှာဖြစ်ပါတယ်။
ယနေ့ခေတ်မှာ လူတိုင်းလိုလို ဟာ ပိတ်ရက်က လွဲလို့ ကျန်တဲ့ Active ဖြစ်တဲ့ အချိန်တွေကို လုပ်ငန်းခွင်ထဲမှာ ပဲ ကုန်ဆုံးလေ့ရှိပါတယ်။
တိုးတက်လာတဲ့ခေတ်နဲ့ အညီ အမျိူးသားတွေကြားမှာ Sweet wear နေနဲ့သော်လည်းကောင်း ၊
အနွေးထည်အနေနဲ့သော်လည်းကောင်း ဖက်ရှင်ပုံစံအသစ်တွေအများကြီးထွက်လာကြပါတယ်။
ဆောင်းတွင်းဆိုတာဟာ လူတိုင်းနှစ်သက်တဲ့ ရာသီကာလပါ။ ဆောင်းတွင်း မြူနှင်းတွေကြားထဲ ဖက်ရှင်လန်းလန်းလေးတွေနဲ့
လမ်းသလားလို့ကောင်းတဲ့ ရာသီတစ်ခုလည်းဖြစ်ပါတယ်။
ယောကျာ်းလေးဆိုတာဟာ အရပ်ရှည်မှကြည့်ကောင်းတယ်ဆိုတာကို သင့်အနေနဲ့ ငြင်းပယ်လို့ ရမယ်မထင်ပါဘူး။
ယောကျာ်းလေးတစ်ယောက်ဟာ အရပ်ရှည်တဲ့အခါမှာ ဆွဲဆောင်မှု ရှိပြီး အဝတ်အစားဝတ်တဲ့အခါမှာလည်း ပိုပြီး ကြည့်ကောင်းပါတယ်။
သို့ပေမယ့် အရပ်ပုတဲ့သူတွေအနေနဲ့ လည်း အရပ်ပုတာကိုအားနည်းချက်ကြီးတစ်ခုအနေနဲ့ စိတ်ညစ်နေစရာမလိုပါဘူူး။
အရပ်ပုတဲ့သူတွေအတွက် အရပ်ရှည်သယောင် ဖြစ်စေတဲ့ ဖက်ရှင်လေးတွေရှိပါတယ်။
ဖက်ရှင်ဆိုတာဟာ လူတစ်ယောက် ရုပ်ရည်သွင်မြင်အမြင်ကို သာ ပြောင်းလဲနိုင်တာမဟုတ်ပါဘူး
ခန္ဓာကိုယ်အချိုးအစားကိုပါပြောင်းလဲနိုင်စွမ်းရှိပါတယ်။
ကဲ အခုပဲ သင့်ကို အရပ်ရှည်သယောင် ဖြစ်စေတဲ့ ဖက်ရှင်ပုံစံတွေ ဟာ ဘယ်လိုပုံတွေဖြစ်မလည်းဆိုတာကို
တူတူကြည့်လိုက်ရအောင်။
၁။ ဘောင်းဘီရှည်
အရပ်ပုတဲ့ သူတွေအနေနဲ့ ဂျင်းဘောင်းဘီ အရှည်ဖြစ်ဖြစ် ၊ စတိုင်ပင် အရှည်တို့ကို ဝတ်ဆင်ခြင်းဖြင့်
လူကို အရပ်ရှည်သယောင်ဖြစ်စေပါတယ်။ ဘောင်းဘီရှည်ဝတ်ဆင်တဲ့ အခါမှာလည်း Fitting ကျဖို့လိုအပ်ပါ
တယ်။ ဘောင်းဘီ ပွယောင်းယောင်းကြီးတွေကို ဝတ်ဆင်မယ်ဆိုရင် တော့ သင့်ကို ပိုပြီး အရပ်ပုစေမှာ
အသေအချာပါပဲ။
၂။ အပေါ်ထပ် အင်္ကျီ လက်ရှည်
တီရှပ်တွေ ဝတ်မယ်ဆိုရင် အပေါ် က အင်္ကျီလက်ရှည်တစ်ထည်လောက်ထပ်ဝတ်သင့်ပါတယ်။
ဂျက်ကတ်အင်္ကျီတစ်ထည်လောက်ဖြစ်ဖြစ် ရှပ်အင်္ကျီ အပါးသားတစ်ထည်လောက်ဖြစ်ဖြစ် အပေါ်ကထပ်ဝတ်
လိုက်မယ်ဆိုရင် သင် အရပ်ပုတာကို မသိသာတော့ပါဘူး။
၃။ Classic Style
Classic Style တွေဟာ ဘယ်တော့ ရိုးသွားမှာမဟုတ်ပါဘူး။ ရှပ် အင်္ကျီ ထောင်လိုက်အစင်းကြီးတွေက
ရိုးရိးရှင်းရှင်းနဲ့ သင့် ခန္ဓာကိုယ်ကိုပိုပြီး သွယ်လျစေပါတယ်။
၄။ Pointy Shoes
ဒေါက်ပါတဲ့ ဖိနပ်အမြင့်တွေစီးတာဟာ သင့်အရပ်ကိုရှည်စေဖို့ အတွက် အလွန်အထောက်အကူပြုပါတယ်။
အရပ်ပုတဲ့ သူတွေအတွက် Pointy Shoes တွေက မရှိမဖြစ်လိုအပ်တဲ့ ဖိနပ် တွေပဲဖြစ်ပါတယ်။
၅။ Fitting ကျကျ ဝတ်ဆင်ခြင်း
အရပ်ပုတဲ့သူတွေအနေနဲ့ Fitting ကျကျ ဝတ်ဆင်သင့်ပါတယ်။ဆိုဒ် မမှန်တာမျိုးတွေမဝတ်ဆင်သင့်ပါဘူး။
Fitting မဖြစ်တဲ့ဝတ်စားဆင်ယင်ပုံကသင့်ကို ပိုပြီးပုသယောင်ဖြစ်စေပါတယ်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
သို့ပေမယ့် အရပ်ပုတဲ့သူတွေအနေနဲ့ လည်း အရပ်ပုတာကိုအားနည်းချက်ကြီးတစ်ခုအနေနဲ့ စိတ်ညစ်နေစရာမလိုပါဘူး။
၁။ ဘောင်းဘီရှည်
အသေအချာပါပဲ။
၃။ Classic Style
၎။ Pointy Shoes
ယောကျာ်းလေးအများစု ဟာ ဘောင်းဘီဝတ်ဆင်ကြတဲ့ အခါမှာ ဂျင်းဘောင်းဘီ ကိုသာအများဆုံးဝတ်ဆင်တတ်ကြပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဂျင်းဘောင်းဘီတွေက ဝတ်ဆင်တဲ့သူကို သက်တောင့်သက်သာ ရှိစေပြီး ပေါ့ပါးစေလို့ပါ။
သို့ပေမယ့် ဂျင်းဘောင်းဘီကိုသာ အမြဲဝတ်ဆင်မယ်ဆိုရင်တော့ သင်ရဲ့ ဖက်ရှင်ပိုင်းဟာ ရိုးအီနေမှာ အမှန်ပါပဲ။
ဂျင်းဘောင်းဘီတွေလို့ သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ဖက်ရှင်ကျစေတဲ့ အခြားဘောင်းဘီ အမျိုးအစား တစ်ခုရှိသေးပါတယ်။
အဲ့ဒီဘောင်းဘီအမျိုးအစားကတော့ Chino ဘောင်းဘီ အမျိုးအစားတွေ ဖြစ်ပါတယ်။ Chino ဘောင်းဘီတွေဟာဆိုရင်
ဝတ်ဆင်လိုက်တဲ့အခါမှာ အသားအေးအေးလေးနဲ့ ပေါ့ပေါ့ပါးပါး ရှိစေတဲ့ ဘောင်းဘီအမျိုးအစားတစ်ခု ဖြစ်ပါတယ်။
ယောကျာ်းလေးတိုင်းမှာတော့ Chino ဘောင်းဘီလေးတွေရှိသင့်ပါတယ်။
အခုဘော်ဒါတွေအတွက် ယောကျာ်းတိုင်းမှာရှိသင့်တဲ့ Chino ဘောင်းဘီ အရောင်လေးတွေ နဲ့ပတ်သက်ပြီးတင်ပြပေးချင်ပါတယ်။
အသားရောင်
အသားရောင် Chino ဘောင်းဘီလေးတွေကတော့ လူငယ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အင်္ကျီ အရောင်မရွေးတဲ့ အရောင်လေးပါ။
အနက်ရောင်
အနက်ရောင် ကတော့ အမျိူးသားတွေအကြိုက်အတွေ့ဆုံးအရောင်တစ်ခုဆိုတာကတော့ ပြောစရာမလိုပါဘူး။
အနက်ရောင် Chino ဘောင်းဘီလေးကတော့ သင့်ကို အပြင်သွားတဲ့အခါမှာ ဘာဝတ်ရမလည်းဆိုတာကို
ခေါင်းစားစရာမလိုပဲ ပေါ့ပေါ့ပါးပါးဝတ်ဆင်သွားလို့ အဆင်ပြေစေပါတယ်။
ခဲရောင်
ခဲရောင် Chino ဘောင်းဘီလေးတွေကတော့ ဘယ်လိုအင်္ကျီ အရောင်မျိုးနဲ့ပဲ ဖြစ်ဖြစ်ဝတ်ဆင်လို့
အဆင်ပြေစေမယ့် ဘောင်းဘီအရောင်လေးဖြစ်ပါတယ်။
နက်ပြာရောင်
နက်ပြာရောင် Chino ဘောင်းဘီလေးတွေကတော့ လူကြီးလူကောင်းဆန်တဲ့ အရောင်းလေးတစ်ခုဖြစ်ပါတယ်။
နက်ပြာရောင် Chino ဘောင်းဘီလေးတွေကတော့ ရင့်ကျက်တဲ့ အသွင်ကိုဆောင်စေပြီး ရုံးသွားတဲ့အခါတို့ ပွဲတက်တဲ့ အခါတို့မှာ ဝတ်ဆင်ဖို့ သင့်တော်ပါတယ်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
တင်ပြပေးချင်ပါတယ်။
အသားရောင်
အနက်ရောင်
အနက်ရောင် ကတော့ အမျိုးသားတွေအကြိုက်အတွေ့ဆုံးအရောင်တစ်ခုဆိုတာကတော့ ပြောစရာမလိုပါဘူး။
ခဲရောင်
နက်ပြာရောင်