What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၈ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း၉၅၀ကျော် ပိုမိုရရှိကာ အများဆုံး တင်ပို့ထားသည့်ပို့ကုန်အဖြစ်ရပ်တည်

ဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၈ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း၉၅၀ကျော် ပိုမိုရရှိကာ အများဆုံး တင်ပို့ထားသည့်ပို့ကုန်အဖြစ်ရပ်တည် google

ဘဏ္ဍာနှစ်ရှစ်လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၈ ဘီ လျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလ တူထက်ဒေါ်လာသန်း ၉၅၀ ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်)တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဒသမ၈၀၂ ဘီလျံရရှိခဲ့သည်။ ယခင်နှစ်ကာလ တူတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅၁ ဘီလျံသာရရှိထားသည်။

ထို့ကြောင့် လက်ရှိ ဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက်အမေရိကန် ဒေါ်လာ ၉၅၀ ဒသမ၉၃၄ သန်း ပို မိုရရှိခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်ကာလတူတွင်မူ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅၆၃ ဘီလျံကျော်သာရရှိထားသဖြင့် လက်ရှိ ဘဏ္ဍာနှစ် ခုနှစ်လကျော်တွင် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၉၃၃ ဒသမ၄၃၈သန်း အထိ ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်က အထည်ချုပ် ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄  ဒသမ ၆ ဘီလျံနီးပါးရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ၁ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း  မေ ၁၁ ရက်က ရန်ကုန် မြို့ရှိကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့်မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များ အသင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးတွင် အသင်းအတွင်းရေးမှုး  ဒေါ်ခိုင်ခိုင် နွယ်က ပြောကြားသည်။

“ကျွန်မတို့ ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုး တာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင်လုပ်ရ မယ်။ အဲဒီအတွက်တောက်လျှောက် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှုး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

  မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အ ထည်ချုပ်ကဏ္ဍ၌ အများဆုံးဝင် ရောက်လျက်ရှိကြောင်း သိရသည်။

  လက်ရှိအချိန်တွင် မြန်မာ နိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၀၀ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိသည်။


“မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါကပျမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆိုရှစ်ရာခိုင်နှုန်းလောက်ပဲရတဲ့သူတွေရှိတယ်။ တချို့ ဆို ၁၂ အထိရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်း ပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နူန်းလောက်ရတယ်။  အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်း နည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှုးဒေါ်ခိုင်ခိုင်နွယ်ကပြောကြား သည်။

လက်ရှိအချိန်တွင် CMP လက်ခစား စနစ်လုပ်ငန်းသည့်  နှစ်ပေါင်း ၃၀ ခန့်ရှိလာပြီဖြစ်သော် လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်း မရှိသေးချေ။

 Source: Weekly Eleven

Myanmar Textile and Garment Directory

Read 6128 times
Rate this item
(1 Vote)