What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကုန်တိုက်မှ ဖက်ရှင်Brandလက်လီရောင်းဆိုင်တွေရဲ့ ထွက်ခွာမှု

ကမ္ဘာကျော် နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့Geoffrey Beene နဲ့ Olga intimate wearတို့ပါဝင်တဲ့ ကုမ္ပဏီက မြောက်အမေရိကရဲ့ လုပ်ငန်းလည်ပတ်မှုတွေထဲက စတိုးဆိုင် ၁၆၂ ဆိုင်ကိုပိတ်သိမ်းပြီး ရုံးဝန်ထမ်းအင်အား ၁၂% ကိုလျှော့ချဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

 

နယူးယောက်အခြေစိုက် PVH ကော်ပိုရေးရှင်း (NYSE: PVH)က ၂၀၂၁ခုနှစ်နှစ် နှစ်လယ်မှာHeritage Brands Retail လုပ်ငန်းမှ နှစ်စဉ်ကုန်ကျငွေ စုစုပေါင်းဒေါ်လာသန်း ၈၀ ခန့် ပိုထွက်လာစေဖို့အတွက် လုပ်သားအင်အားလျှော့ချခြင်းများနဲ့ အလုပ်မှနုတ်ထွက်ခြင်းတွေ ပြုလုပ်ဖို့ရှိနေပါတယ်။Heritageအမှတ်တံဆိပ် လုပ်ငန်းတွေမှ လက်လီရောင်းချသူတွေကတော့Warner,Arrow,Van Heusen,IZODနှင့်direct-to-consumerဖြစ်တဲ့ ရင်းနှီးပြီးသား အဝတ်အထည် လက်လီအရောင်းကိုယ်စားလှယ် True & Coတို့ပဲ ဖြစ်ကြပါတယ်။ဒေသအလိုက် ဆုံးဖြတ်ချက်တွေကVan Heusenနှင့်IZOD Golfဆိုင်တို့ပါ၀င်တဲ့ Folsom Premium Outletsတွေကို အကျိုးသက်ရောက်စေနိုင်ပါတယ်။ဒီလှုပ်ရှားမှုက Covid-19 ရောဂါကူးစက်မှုကာလမှာ ကုမ္ပဏီကို အရှိန်မြှင့်ပေးခဲ့ပါတယ်။

 

ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် Manny Chirico က “ မြောက်အမေရိက လက်လီအရောင်းအ၀ယ်အခြေအနေတွေမှာ ဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုက ကျွန်တော်တို့ရဲ့မြောက်အမေရိက လုပ်ငန်းလည်ပတ်မှုကို ကြည့်ပြီးကျွန်တော်တို့ ကုန်ကျစရိတ်ကို ဘယ်မှာပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာကို ခွဲခြားသိမြင်ဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ အမွေအနှစ် ကုန်အမှတ်တံဆိပ် လက်လီရောင်းဝယ်မှုလုပ်ငန်းက ကျွန်ုတော်တို့ရဲ့ ရှေးအကျဆုံး လက်လီစီးပွားရေးလုပ်ငန်းဖြစ်သော်လည်း သင့်တော်တဲ့ ပြန်လည်ပတ်မှုစံ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ကျွန်တော်တို့က ဒီဆုံးဖြတ်ချက်တွေကို ပေါ့ပေါ့တန်တန်သဘောမထားခဲ့ပါဘူး။ ”

 

ကုမ္ပဏီအနေနဲ့က လာမယ့် ၁၂လအတွင်း အခွန်မ၀င်မီ ဒေါ်လာသန်း၈၀ ခန့်ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ဒေါ်လာ ၁၀သန်းခန့်မှာ ငွေသားမဟုတ်တာကြောင့်ဖြစ်ပါတယ်။ကျန်ရှိတဲ့ငွေကြေးက နောက် ၁၂ လအတွင်းဖြစ်ပွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ငှားရမ်းခ ရပ်စဲခြင်းကုန်ကျစရိတ်များ၊ စာရင်းအင်းများနှင့်ငွေသားမဟုတ်တဲ့ ပစ္စည်းပိုင်ဆိုင်ရာ ချို့ယွင်းမှုများပါဝင်ပါတယ်။PVHကနိုင်ငံ၄၀မှ ၀န်ထမ်း ၄၀,၀၀၀ကျော်ရှိပြီး ၂၀၁၉ခုနှစ်မှာ နှစ်စဉ်ဝင်ငွေဒေါ်လာ ၉.၉ ဘီလီယံရှိပါတယ်။PVHကCalvin Klein နှင့် Tommy Hilfiger စတဲ့ ကုန်အမှတ်တံဆိပ်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Ref:Sacramento Business Journal

 

Read 5028 times
Rate this item
(0 votes)
Tagged under