What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ဗီယက်နမ် အထည်အလိပ်လုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း ( Vinatex )၏ ခန့်မှန်းချက်အရ တိုင်းပြည်ရဲ့ အထည်အလိပ်နှင့်ချည်မျှင်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် ၁၄ရာခိုင်နှုန်းနှင့် ၁၈ရာခိုင်နှုန်းကြား လစဉ်ကျဆင်းသွားမည်လို့ ခန့်မှန်းထားကြသည်။

Published in Export & Import

ဟိုချီမင်းမြို့ရှိ အ၀တ်အထည်လုပ်ငန်းတွေရဲ့ အော်ဒါက မနှစ်ကလိုမျိုး ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း HCM (Ho Chi Minh City)အထည်အလိပ်နှင့် အထည်ပန်းထိုးအသင်းက ပြောကြားခဲ့ပါတယ်။

Published in Export & Import

ကမ္ဘောဒီးယား၊ မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့က အ၀တ်အထည်ထုတ်လုပ်မှုလုပ်ငန်းမှာ အပြောင်းအလဲတွေကို အများဆုံးရရှိရန် ကြိုးစားနေကြသော အာရှနိုင်ငံများတွင်ပါဝင်ကြောင်း Fitch Solutionsရဲ့ ဇူလိုင် ၁၃ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။တရုတ်က အ၀တ်အထည်ထုတ်လုပ်မှုလုပ်ငန်းတွေကို လျှော့ချပြီး value chainကို ဆက်လက်မြှင့်တင်ရန်ကြိုးပမ်းနေသဖြင့် အိမ်နီးချင်းနိုင်ငံတွေက လူဦးရေတိုးပွားလာခြင်းနှင့်အလုပ်သမားကုန်ကျစရိတ်နည်းခြင်းတို့ကြောင့် ၎င်းဒေသတွေမှာ ကြီးထွားမှု အလားအလာကောင်းတွေရှိနေတယ် လို့ အစီရင်ခံစာကဆိုထားပါတယ်။

 

ထိုနိုင်ငံတွေအပြင် ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းပေးသွင်းသူများအဖြစ် တိုးချဲ့ရန်နှင့်မြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာ စျေးကွက်ဝေစုကို တရုတ်ရဲ့ကုန်ကျစရိတ်နဲ့ မြှင့်တင်ရန်အလားအလာတွေရှိပါတယ်။ဗီယက်နမ်က လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေမှာ ပါ ၀င်မှု များလာခြင်းနှင့်အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး စစ်ပွဲအတွင်း ပိုမိုခိုင်မာလာခြင်းတို့ကြောင့် အထည်ချုပ်ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်တွေ ပြောင်းလဲခြင်းကနေပြီး အဓိက အကျိုးခံစားခွင့်တွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။

 

ကုန်သွယ်ရေးစစ်ပွဲအတွင်း ဗီယက်နမ်ရဲ့ အထည်အလိပ်တင်ပို့မှုက ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အထည်အလိပ်တင်ပို့မှုရဲ့ ၈.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၆.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း Fitch Solutions ရဲ့ခန့်မှန်းချက်များအရ သိရပါတယ်။ဒါပေမယ့် ဗီယက်နမ်အနေနဲ့ value chainကို မြှင့်တင်ပြီး ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ အခြားအိမ်နီးချင်းတွေကလည်း အကျိုးကျေးဇူးတွေ ရှိလာနိုင်ပါတယ်။

 

၂၀၁၉ ခုနှစ်မှာ ကမ္ဘောဒီးယားက ကမ္ဘာ့အ၀တ်အထည်တင်ပို့မှုဈေးကွက်ရဲ့ ၁.၄ ရာခိုင်နှုန်းသာရှိသော်လည်း ၎င်းရဲ့အ၀တ်အထည်ထုတ်လုပ်မှုကဏ္ဍက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၁၃ ရာနှုန်းဖြင့်တိုးတက်ခဲ့ပါတယ်။အထည်အလိပ်ကဏ္ဍမှာ နိုင်ငံခြားရှယ်ယာပိုင်ဆိုင်မှုကို အပြည့်အဝ ခံစားခွင့်ရထားခြင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ အထည်အလိပ်လုပ်ငန်းကို ဆက်လက်ထောက်ပံ့နေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ဗီယက်နမ်ရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းတွေကို အသုံးပြုခြင်းက ကမ္ဘောဒီးယားကို တရုတ်နိုင်ငံမှကုန်ကြမ်းများသယ်ယူပို့ဆောင်ခြင်းနှင့်တင်ပို့ခြင်းတို့အတွက် အထောက်အကူပြုနေပါတယ်။

 

မြန်မာနိုင်ငံက တန်ဖိုးနည်း၊အရည်အသွေးနိမ့်တဲ့ အခြေခံအဝတ်အထည်တွေထုတ်လုပ်မှုမှာ ခိုင်မာတဲ့ကြီးထွားမှုကို ဆက်လက်မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ဒါ့အပြင် ပင်လယ်ဆိပ်ကမ်း များစွာက ဒေသ အတွင်းမှာရှိတဲ့ ပို့ဆောင်ရေးတွေကို ဈေးအသက်သာဆုံးနှုန်းဖြင့် လွယ်ကူသက်သာစေပါတယ်။

 

Ref:The Business Times

Published in Industry News

Search Articles