What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်အသားပေးတဲ့ ရုပ်ရှင်အတွက် မင်းသမီး ၂ ဦးကိုStylistလုပ်ပေးသူ ဖြိုးသီဟနှင့် အင်တာဗျူး

ဒီဇတ်ကားထဲကဖက်ရှင်အလန်းဆန်းစားတွေဆင်ပေးထားတဲ့ ဖြိုးသီဟကို ဇာတ်ကားထဲ ၀တ်မယ့် ဖက်ရှင်အ၀တ်အစားတွေ ဘယ်လိုပြင်ဆင်ဖြစ်လဲနဲ့ ပတ်သတ်ပြီးမေးမြန်းဖြစ်တာက .......................

ဒီ ဒီဇိုင်တွေနဲ့ပက်သက်တဲ့အဝတ်စာတွေကိုကျတော့ရန်ကုန်ဒါမဟုတ် အခြားပြည်ပက ဝယ်တာတွေရှိလား

ဖက်ရှင်နဲ့ပက်သက်တဲ့အဝတ်စာတွေကိုဆိုင်ရှင်တွေကျတော့ဘန်ဘောက်ကနေသွင်းတဲ့အဝတ်စာတွေကိုလည်းဝယ်ဖြစ်ပါတယ်။ပြီတော့ဘန်ကောက်ကအဝတ်စာတွေကိုဘဲမသုံးဘဲတစ်ခြားဆိုင်တွေက အဝတ်စာတွေနဲ့ရောပြီလည်းအသုံးပြုခဲ့ပါတယ်။ပစ္စည်းတစ်ခုထဲကိုသီသန့်ကြီးသုံးထားတာလည်းမရှိပါဘူး။ပြီတော့ဘန်ကောက်သီးသန့်ထွက်ပြီးလည်းမဝယ်ဖြစ်ပါဘူး။ဘာလို့လည်းဆိုတော့ဇာတ်ကားရိုက်ဖို့အချိန်တအားနီးကပ်သွားလို့ပါ။

ဒီဇာတ်ကားရဲ့ဖက်ရှင်ကိုဟောင်ကောင်ဂျက်မရဲ့ဖက်ရှင်တွေကိုကူးယူထားတယ်လို့လဲကြားနေရပါတယ်။အဲ့လိုဖက်ရှင်တွေကို ကူယူထားတာကော်ရှိလား။

ကျနော်ကတော့မြန်မာဇာတ်ကားတွေကိုတော့သိပ်မကြည့်ဖြစ်ပါဘူးနိုင်ငံခြားဇာတ်ကားတွေကိုတော့ကြည့်ဖြစ်ပါတယ်။ အဲ့ အတွက်ထွေထွေထူးထူးကြီး refrence လုပ်စရာ မလိုဘူး။ကျွန်တော်ကဘာကို သွားပြီး refrence သွားဖြစ်လဲဆို ဇာတ်လမ်းသည်ဇာတ်လမ်းပုံစံမျိုးကိုဘဲဖြစ်နေရမယ်ဆိုတာကလည်း ဖက်ရှင်ရှိုး ၊ mtv တို့နဲ့လည်းသွားတူလို့လည်းမရပါဘူး။မအူဝဲကို အရင်ထက်ပိုပြီးမိုက်တဲ့ ပုံစံမျိုးနဲ့ မြင်ရပေမယ့် အရမ်းကြီးလွန်လွန်ကျူးကျူးတွေလုပ်မထားဘူး။တွေ့ရမှာဘဲဖြစ်တယ်။မအူဝဲ ကိုဖက်ရှင်ပိုင်းမှာ အရမ်းမိုက်အောင် ပြင်ပေးလို့ရတယ်ဆိုလို့သာကြည့်လိုကောင်းအောင် ကျနော်လုပ်ပေးခဲ့တာပါ။ အဲ့လိုဖြစ်မှလည်းကျနော်ကကြိုက်တာပါ။ဒီဇာတ်ကားမှာဖက်ရှင် ကိုအသာပေး ပိုလုပ်တယ်ဆိုလို့သာ ဖက်ရှင်ကိုနဲနဲပိုလုပ်ဖြစ်သွားတာပါ။ဖြစ်နိုင်ရင် ဖက်ရှင်ကို အဲ့ထက်ပိုလျော့ချင်သေးတယ်။ဘာလို့လည်းဆိုတော့ ဇာတ်လမ်းက ဇာတ်လမ်းပုံစံအတိုင်းဘဲကောင်းပါတယ်။ ထွေထွေ ထူးထူးဘာမှလုပ်စရာမလိုခဲ့ပါဘူး။ဘာလို့လည်းဆိုတော့ကိုယ့်တသက်ဘဲလေ ကိုယ်ကနိုင်ငံခြားဇာတ်ကားတွေ ကြည့်နေတော့ မအူဝဲ နဲ့ လိုက်ဖက်ရှင်ပိုင်းကိုလည်းလုပ်ဖို့လည်းအဆင်ပြေသွားပါ တယ်။ပြီးတော့Style list ဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်ညီအောင် ရှုပ်ရှုပ်လုပ်စရာမလိုပါဘူး။အရပ်ပုတယ်ဆိုအရပ်ရှည်တယ်ထင်ရအောင် ဝတဲ့လူဆို ပိန်တယ်ထင်ရအောင် မလှတဲ့လူကို လှတယ်ထင်အောင်လုပ်တာကသာ style Listခေါင်းစဉ်နဲ့ညီမှာပါ။ကျနော်ကတော့ဇာတ်ကားထဲမှာမအူဝဲ ကို အရပ်ရှည်တဲ့မိန်းမတယောက်လိုထင်အောင်ပြုလုပ်ပေးထားပါတယ်။ပြီးတော့ ဆိုဒ်ကလည်းတစ်ခန်းနဲ့တစ်ခန်း ထပ်မသွားအောင်ဆင်ပေးထားတာလည်းဖြစ်ပါတယ်။ဖိုက်တင်းခန်းဆိုရင်လည်းတည်ငြိမ်းပြီတော့အမျိုးသမီးတစ်ယောက်ပုံစံမျိုးနဲ့တွေ့ရမှလည်းဖြစ်ပါတယ်။ပြီးတော့တစ်ခန်းနဲ့တစ်ခန်းကို ကုန်မကူးသွားဘူး ၊ Theme တွေလဲ အရမ်းမပြောင်းထားဘူး။Theme တစ်ခုထဲမှာဘဲ အငြိမ်းသွားထားတာလည်းဖြစ်ပါတယ်။အမျိုးသမီး လည်းဖြစ်ရမယ် အမာ ဘက်လဲဖြစ်ရမယ် ၊ တည်ငြိမ်တာလည်းဖြစ်ရမယ်။အရပ်ကတော့လည်းရှိနေတဲ့အရပ်ထက်ရှည်နေတယ်အောင်လည်းလုပ်ထားပါတယ်။မအူဝဲဘက်မှာရှိတဲ့ အငယ်နှစ်က သေးသေးသွယ်သွယ်လေးတွေဆိုတော့ မအူဝဲကိုအရပ်ရှည်တယ်ထင်အောင် ဆင်ပေးရပါတယ်။မအူဝဲကို ပိန်နေတယ်လို ထင်အောင်အခန်းတိုင်မှာ ကြည့်စရာအရမ်းမလိုဘဲ Themeတစ်ခု အပေါ်မှာသွားထားပါတယ်။

http://www.textiledirectory.com.mm/articles/item/962-stylist-phyo-thi-ha.html အပိုင်း(၁)ဖတ်ရှုရန်

Read 2054 times
Rate this item
(0 votes)