What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးများသာ ကြည့်ခွင့်ပေးတဲ့ ဆော်ဒီအာရေဗျရဲ့ ပထမဆုံး ဖက်ရှင်ပွဲ

တားမြစ်ချက်တွေ၊ အကန့်အသတ်တွေနဲ့ ထိန်းထိန်းသိမ်း ကျင်းပခဲ့တဲ့ပွဲ ဖြစ်ပြီး


အမျိုးသမီးများသာ ကြည့်ခွင့်ပေးတဲ့ ဆော်ဒီအာရေဗျရဲ့ ပထမဆုံး ဖက်ရှင်ပွဲကို ပြီးခဲ့တဲ့အပတ် ဧပြီလ ၁၁ မှ ၁၄ ရက်အထိ ၄ရက်တိုင်တိုင် ကျင်းပခဲ့တယ်။ ရေနံသူဌေးနိုင်ငံ တစ်ဦးချင်းပျမ်းမျှဝင်ငွေ မြင့်မားတဲ့အဆင့်အတန်းအရကြည့်ရင် လက်မှတ်ဈေးကတော့ သက်သာပါတယ်။ ရှိုးပွဲတစ်ပွဲကို အမေရိကန်ဒေါ်လာ ၁၃၃ သာ ကျသင့်ပါတယ်။ ဒါပေမဲ့ VIP တွေသာ ၀ယ်ခွင့် ရရှိပါတယ်။ အမျိုးသမီးများသာကြည့်ရှုခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။ ပရိသတ် ၁၅၀၀ ၀န်းကျင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားမှာ မော်ဒယ်များအပါအ၀င် ပြည်ပမှ မော်ဒယ်များဖြင့် ရှိုးလျှောက်ပြခဲ့ပါတယ်။
အမျိုးသမီးများကို ခြေဆုံးခေါင်းဆုံး လုံလုံခြုံခြုံဝတ်ခိုင်းတဲ့ ဘာသာရေး တားမြစ်ချက်ရှိခဲ့ဖူးတဲ့ နိုင်ငံဖြစ်တာမို့ ပထမဆုံး ကျင်းပတဲ့ ဖက်ရှင်ပွဲကို အကန့်အသတ် အချုပ်အချယ်တွေနဲ့ ကျင်းပပေးပြီး ဖြေလျော့ပေးခဲ့တာ ဖြစ်ပါတယ်။ ပခုံးသားပေါ်တဲ့ ဖက်ရှင်တွေကို ပြသခဲ့ပေမဲ့ ဓာတ်ပုံရိုက်ခွင့် မရှိဘူး။ လုံလုံခြုံခြုံဆင်မြန်းထားတဲ့ ဖက်ရှင်တွေကိုသာ စိစစ်ပြီး Arab Fashion Council က ထုတ်ပြန်ပေးခဲ့ပါတယ်။ ဖက်ရှင်ရှိုးပွဲကို ခွင့်ပြုမိန့် ရရှိထားတဲ့ ဓာတ်ပုံဆရာတွေသာ ၀င်ရောက်ခွင့် ပေးခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆော်ဒီအာရေဗျရဲ့ အရွေ့အပြောင်းတစ်ခု ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ယခင်က အမျိုးသမီးများကို ကားမောင်းခွင့် ပိတ်ပင်ထားခဲ့သော်လည်း ယခုအခါ မောင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ခေါင်းမြီးခြုံ လုံပါပေ့ မဟုတ်သော်လည်း သရုပ်မပျက်တဲ့ ၀တ်စားဆင်ယင်မှုဖြင့် အိမ်ပြင်ပမှာ သွားလာခွင့်ကိုလည်း ခွင့်ပြုထားပြီ ဖြစ်ပါတယ်။

 

09 ss saudi arabia fashion week

B3 AB208 SAUDIF JV 20180413164707

B3 AB209 SAUDIF JV 20180413164842

c28cda7c 411a 11e8 ab09 36e8e67fb996 1280x720 150010

 

Read 1164 times
Rate this item
(0 votes)